ရန်ကုန်သွားသင့်တဲ့ အချက် ၅ ချက်

Monday, April 9, 2012

အစားအသောက်စုံတဲ့၊ ချိန်းတွေ့ဝိုင်းဖွဲ့လို့ကောင်းတဲ့ တရုတ်တန်း (ဓာတ်ပုံများ - ဧရာဝတီ)

မြန်မာပြည် ပွင့်လင်းလာတဲ့အတွက် ရန်ကုန်မြို့ဟာ သွားလည်ရမယ့်နေရာတခု ဖြစ်လာပြီထင်တယ် တဲ့၊ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ဝေတဲ့ Time မဂ္ဂဇင်းမှာ ရေးထားပါတယ်။ Five Reasons to Visit Rangoon ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

ရန်ကုန်ရောက်ရင် သွားသင့်တဲ့ နေရာ ၅ ခုကို ဖော်ပြထားပါတယ်။ အဲဒါတွေကတော့
ရွှေတိဂုံ၊ ဦးဝိစာရလမ်းမှာရှိတဲ့ House of Memories စားေ
သာက်ဆိုင်၊ တာမွေက မော်ဒန် လက်ဘက်ရည်ဆိုင်၊ တရုတ်တန်း နဲ့ ကမ်းနားဟိုတယ်တို့ ဖြစ်ပါတယ်။

၁) သက်တမ်း ၂၆၀၀ ရှိတဲ့ ရွှေတိဂုံ နဲ့ မိတ်ဆက်ပေးရာမှာတော့ ရွှေတိဂုံမရောက်ဖူးရင် ရန်ကုန်ရောက်တယ်လို့ မဆိုနိုင်ဘူး ဆိုတဲ့ လူပြောများတဲ့စကားနဲ့ အစချီထားလေ
ရဲ့။၂) House of Memories မှာတော့ တရုတ်၊ မြန်မာ၊ အနောက်တိုင်း ဟင်းလျာတွေ ရမယ်၊ ယမကာ စုံတယ်၊ ပြတိုက်လည်း ရှိတယ် တဲ့။ ပြတိုက်ကဏ္ဍမှာ BIA ရဲ့ စစ်ဆင်ရေးကာလ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လျှို့ဝှက်ရုံးခန်း၊ သုံးခဲ့တဲ့ လက်နှိပ်စက်၊ စားပွဲ၊ ကုလားထိုင်တွေ ပြသထားတယ်လို့ ဆိုတယ်။၃) ရန်ကုန်သူ ရန်ကုန်သားများကြားမှာ ထင်ရှားတဲ့ လက်ဘက်ရည်ဆိုင်တွေ အများအပြား ရှိတဲ့ထဲက မော်ဒန် ကို ရွေးထားပါတယ်။ ဆိုင်သက်တမ်း ၁၈ နှစ် ရှိပါပြီ ဆိုပဲ။၎) တရုတ်တန်းကို ဆူးလေကနေသွားပါ၊ မဟာဗန္ဓုလလမ်းအတိုင်းသာ လျှောက်သွား လို့ ဆိုတယ်။ တရုတ်တန်းဒေသ၀န်းကျင်နဲ့လည်း မိတ်ဆက်ထားပါတယ်။၅) နောက်ဆုံးမှာ မိတ်ဆက်ပေးထားတာက ဈေးကြီးတဲ့ ကမ်းနားဟိုတယ် ဖြစ်ပါတယ်။ ဟိုတယ် ဧည့်မှတ်တမ်းစာအုပ်မှာ ဂျော့ခ်ျအိုဝဲလ်၊ ဗြိတိသျှ ကဗျာဆရာ ရုဒ်ယာ့ဒ် ကစ်ပလင်းတို့ရဲ့ လက်မှတ်တွေ ရှိတယ်လို့ ဆိုတယ်။

၂ နဲ့ ၅ ကတော့ ဘတ်ဂျက်ခရီးသည်များ ရောက်ဖြစ်မယ် မထင်ပါဘူး။

2 comments :

  1. Anonymous said... :

    I don't agree with No3,the best tea house in Yangon is Shwe Oh Gyi,which is near Aung San Stadium.

  1. Unknown said... :

    အမေရိက က ကျွန်နော့်ဆရာမတယောက်ပြောဖူးတယ်။ သူမြန်မာပြည်ကို လာလည်ရတာ လွန်ခဲ့တဲ့ နှစ်တစ်ရာကို ပြန်သွားရသလိုပဲတဲ့။ ဆိုလိုချင်တာကတော့ မြန်မာပြည်ကြီးက ဘာတိုးတက်မှုမှမရှိ။ လူတွေကလည်းအငတ်ငတ်အပြတ်ပြတ်။ တောခေါင်ခေါင်
    ကြီးပေါ့။ ဒါ tourist တယောက်ရဲ့အမြင်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved