စင်ကာပူရောက် မြန်မာတို့ရဲ့ဒုက္ခ

Monday, April 23, 2012



အိမ့်သံစဉ် ရေးသားသည်)

ဒီမနက် သံရုံးရှေ့ ကြိတ်တိုးနေရတဲ့ ရွှေမြန်မာများ (ဓာတ်ပုံ - Khin Kalayah Soe/facebook)


စင်ကာပူနိုင်ငံ မြန်သံရုံးရှေ့တွင် ဒီကနေ့ မနက်က ရွေမြန်မာများ နေကပူပူနှင့် ရုန်းရင်ဆန်ခတ်ဖြစ်နေကြရပါတယ်။

အကြောင်းကတော့ online Q စနစ်ကို ကောင်းမွန်စွာ update မလုပ်နိုင်ပဲ online တွင် Q ယူသမျှလူတိုင်းကို Q နံပတ်မပါ နေ့စွဲ သာပါရှိ တဲ့ FORM ကိုသာ ထုတ်ပေးလိုက်ရာ သံရုံးရှေ့တွင် လူမြောက်များစွာ Q နံပတ်ရရှိရေး အတွက်ပြန်လည် တန်းစီခဲ့ကြရပါတယ်။

နှစ်နာရီကျော် ကြာအောင်တန်းစီ ပြီးမှသာ အသံချဲ့စက်နှင့်online မှ Form ထုတ်ယူခဲ့သူတွေ ဟာ တန်းစီရန်မလိုဘဲ counter များတွင်တိုက်ရိုက် Q ရယူနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။

သံရုံးပြင်ပမှာ တန်းစီစောင့်နေကြတဲ့ လူအုပ်ကြီးမှာတော့ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ကျဉ်းမြောင်းလှတဲ့ counter အပေါက် ကို စုပြုံတိုးနေကြရပါတယ်။

မြန်မာနိုင်ငံကို သွားရောက်ရန် Visa လာရောက် လျှောက်ထားနေကြတဲ့ နိုင်ငံခြားသားများ လဲ အပါအ၀င်ပါတဲ့။

ပြည်ပမှာ ရှိနေကြတဲ့ မြန်မာ သံရုံးတိုင်းမှ ၀န်းထမ်းများကလဲ ဆက်ဆံရေးတွင် အလွန် ခက်ထန်ပါကြောင်း ဆိုကြပါတယ်။


9 comments :

  1. Anonymous said... :

    embassy's staffs from s'pore is not bad i just renewed my passport. on line system problem is IT staff job.

  1. Anonymous said... :

    ဖြစ်နေတဲ့ပုံစံကဒီလို ဟိုး အရင်မဆလခေတ်ကတည်းက
    ဖိနှိပ်တာ မတရားတာခံကြရတဲ့ အမြော်အမြင်ရှိသူတွေ
    အဆက်အသွယ်ရှိသူတွေ အနေအထားရှိသူတွေက
    အနည်းနဲ့အများဆိုသလို တိုင်းပြည်ကနေ နည်းမျိုးစုံနဲ့
    ထွက်ခွါကြတယ် အာဏာရှင်လက်အောက်မနေနိုင်ဘူး
    တနည်းပြောရင် လူမိုက်တွေနဲ့ရှောင်ကွင်းတဲ့အနေပေါ့
    အာဏာရှင်တွေကလည်း ဒီကောင်တွေ
    တိုင်းပြည်ထဲမရှိမှ ငါတို့သက်စိုးရှည်မယ်ဆိုပြီးထားတာ
    အပြင်ရောက်ပြီး ကိစ္စရှိလို့ သံရုံးကိုဆက်သွယ်လာ
    အခွန်ကောက်တာကလွဲလို့ ဘာတစ်ခုမှကို လှည့်မကြည့်တာ အဲဒီလိုအောက်တန်းကျတဲ့စိတ်ဓါတ်
    အစဉ်အလာတွေနဲ့ဖြစ်နေခဲ့တာ ယနေ့အထိ ထုံးစံလိုကိုဖြစ်နေတော့ မဆန်းတော့ဘူး မျိုးချစ်နိုင်ငံရေးလုပ်သူအချို့ကလည်း တိုင်းပြည်အပြင်ကို အကြောင်းအမျိုးမျိုးနဲ့လာတဲ့ အစိုးရအဖွဲ့ဝင်တွေကို တွေ့တဲ့နေရာဆန့်ကျင်ပြီး အော်ဟစ်ဆဲကြတာ ကိုယ့်လူမျိုးအချင်းချင်းတွေ မညီညွတ်သမျှ ရန်တွေစောင်နေသမျှ
    တိုင်းပြည်ဟာ ဘယ်တော့မှမငြိမ်းချမ်း မတိုးတက်နိင်ပါဘူး အားလုံးပြင်ကြဖို့လိုပြီ

  1. Anonymous said... :

    အင်း.. ဆော့ဝဲက လုပ်ထားတာလဲ မကြာသေးဘူး Beta Version လို့ရေးထားတယ်.. ဆိုတော့ စမ်းသပ်ဆဲကာလပေါ့.. ရုံးစဖွင့်ရက်မှာ ဖြစ်တာဆိုတော့ သင်္ကြန်တွင်း ရုံး ရက်ရှည်ပိတ်ထားတုန်း Error ဝင်တာကို မသိလိုက်တာ ပြင်ဆင်ချိန်မရဖြစ်သွားတာနေမှာပေါ့..

  1. Ethics of ' Ah Kyee Ah Kae said... :

    " WHO IS responsible ' ?

    Ambassador ?

    I believe,

    There must be someone who is responsible . Take responsibility and come forward, and stand tall. and Said " Yes, I was responsible.

    Hta Kywa, Noe Kyar, Ta Narr , Thee Khan, Wai Phan - Htauk Shoot .....E Chauk Khu - KYEE THU KYINT WOOT Tar.

    that is Ethic of ' Ah Kyee Ah Kae '.

    . right?. you all BSPP and bloody Military government did a lot of slogans ' Lu Kyar Kaung Aung ' ...........then lote lite Yin ...' Ta Lwell Kyee Bae ' .

  1. Online Appointment ကနေပဲ လက်ခံတော့မယ်။ လူကိုယ်တိုင် လာရောက်ပြီး တန်းစီတာမျိုး၊ ပွဲစားနဲ့ လုပ်တာမျိုးတွေ မရတော့ဘူးဆိုလို့ Online Appointment လုပ်ဖို့ ကြိုးစားလိုက်ပါတယ်။ Website Breakdown ဖြစ်နေတာနဲ့ တိုးနေလို့။ သံရုံးကို ဖုန်းလှမ်းခေါ်တော့လည်း နိုင်ငံခြားသူတစ်ယောက်ကပဲ ဒိုင်ခံဖြေနေတယ်။ မေးလိုက်တိုင်း အလုပ်ရှုပ်နေကြတယ်ပဲ ပြောနေတယ်။
    Passport အသစ်လျှောက်တာတွေ၊ အပျောက်လျှောက်တာတွေမှာ လိုအပ်တဲ့ အချက်တွေကို Webpage မှာရေးထားပေမယ့် မရှင်းလင်းလို့ မေးချင်တာ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး။ အရင်လို ပွဲစားကိုလည်း မေးလို့မရ။ သူတို့ သံရုံးကိုသွားရင်လည်း မေးခွင့်တောင်ရပါ့မလားမသိ။ မျက်နှာထားတင်းတင်းနဲ့ပဲ အော်ဟစ်လိုက်မလားလို့ စိတ်ပူရနဲ့ ...ဗမာသံရုံးရဲ့ လုပ်ပုံကိုင်ပုံကတော့ တကယ့်ကို အောချလောက်ရပါပေရဲ့..။

  1. Anonymous said... :

    သူတို့လည်း အတတ်နိုင်ဆုံးတော့ ကြိုးစားပြီးလုပ်ပေးတယ်လို့ မြင်ပါတယ်..မျက်နှာထားတင်းတင်းနဲ့တော့ အော်မထုတ်ခံခဲ့ရပါဘူး..အားလုံးကို ကောင်းကောင်းမွန်မွန် ပြန်ဖြေခဲ့တာတော့ တွေ့ခဲ့ရပါတယ်..အွန်လိုင်း error ကြောင့် လာတဲ့ လူအုပ်နဲ့ ရှိတဲ့ သံရုံးဝန်ထမ်းနဲ့ မမျှတော့ လုပ်ရကိုင်ရတာတော့ အားလုံး ဘယ်အဆင်ပြေနိုင်ပါ့မလဲ..ဘယ်လိုပဲ ဖြစ်ဖြစ် ၀န်ထမ်းတွေလည်း အပင်ပန်းခံပြီး လုပ်ပေးတာတော့ ကျေးဇူးတင်ပါတယ်..

  1. သီတာ said... :

    စောင့်ရတဲ့ ဒုက္ခက တစ်ရက်ထဲ မဟုတ်ပါဘူး။ ပထမနေ့မှာ သက်တမ်းတိုး၊အခွန်ဆောင်ကို တစ်နေကုန် တစ်ညလုံး မတ်တတ်ရပ်ပြီး မနက် ၃နာရီခွဲ မှ ပြီးပါတယ်၊ ဒါပြီးတော့ ညနေ ၅နာရီ စာအုပ်ထုတ်ပေးမယ်ဆိုလို့ ကနေ့ သွားတော့လဲ ည ၁၀နာရီခွဲထိ မရသေးပါဘူး။ လူလဲ ခံနိုင်ရည်မရှိတော့လို့ ပြန်လာခဲ့ပြီး နောက်နေ့မှ စာအုပ်ရဖို့ ကြိုးစားပါတော့မယ်။ ကိုယ့်ရဲ့ ချွေးနည်းစာကို မဖြစ်မနေပေးရမှာမို့ ရက်ရက်ရောရော ပေးဖို့သွားတာတောင်မှ Q ရပါလားနော်၊ သံရုံးက ၀န်ထမ်းတွေလဲ လူအုပ်ကြီးကိုကြောက်လို့လား ဘာလားတော့ မသိဘူး ဆက်ဆံရေးလေးတော့ ကောင်းလို့၊ မကောင်းတာကတော့ လုပ်ပုံကိုင်ပုံ စနစ်မကျတာပဲ၊

  1. Demo Mike said... :

    Ma Thida, i believed that your name was announced on 12:30 am.
    i was there till 6:00am and my PP released on 5:45am
    i just want to agree with your comment about that the stuffs from Sg embassy are changed,
    anyhow,ill never forget that moment for my life.
    very tired, funny and angry also.
    :)

  1. Tun M Naing said... :

    Yes Ma Thida name was announced at around 12:30. I received my passbook at 4:30 am. Embassy staff are now very tiring. They are very hard working for the people by agreed with their fault (online appointment system). Both of the people (over one thousand) and embassy staff have been troubled. Today i can start take bath. i m happy. my violet color T shirt and adidas shoe are very smelly. May be they also happy. :)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved