ဒီလောက်အရွယ်ဖြစ်သွားပါပြီ။
(ဈေးကွက်ဂျာနယ် - www.zaygwet.com မှာ ခေါက်သိမ်းနိုင်သည့် ဖိုင်ဘာဂလပ်စ် ကွန်တိန်နာများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ်)
၁၉၅၆ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်း နားပြည်နယ်က ကုန်တင်ကားတွေ ထုတ်လုပ်သူ Malcolm Mclean ဆိုသူဟာ ပထမဆုံး ကွန်တိန်နာလို့ ခေါ်တဲ့ သင်္ဘောတင်ကုန်သေတ္တာ -Shipping Container ကို တီထွင် ထုတ်လုပ်ခဲ့ပါတယ်။
အဲဒီကွန်တိန်နာတွေဟာ ကုန်တင်ကားတွေ၊ ရထားတွေနဲ့ သင်္ဘောတွေပေါ်ကို အလွယ်တကူ တင်နိုင်၊ ချနိုင်၊ သယ်ယူပို့ဆောင်နိုင်တဲ့ ကြားခံသေတ္တာကြီးတွေ ဖြစ်ပါတယ်။
အဘိဓာန်မှာ ကွန်တိန်နာ - Container ရဲ့ အဓိပ္ပာယ်ဟာ ကုန်ပစ္စည်းတွေကို ကုန်တင်ယာဉ်ကြီး တစ်စီး၊ ဒါမှမဟုတ် သင်္ဘောတစ်စီးပေါ်မှာ အမှတ် တံဆိပ်ရိုက်နှိပ်ပြီး Sealed အသေပိတ်ထားတဲ့ အလွန်ကြီးမားတဲ့ သတ္တုသေတ္တာတွေလို့ ဖွင့်ဆိုထားပါတယ်။
အဲဒီကွန်တိန်နာတွေကြောင့် ကုန်ပစ္စည်းတွေကို ပို့ဆောင်ရာမှာ သမာရိုးကျ ဝန်ကျပ်အထုပ်တွေပို့တဲ့ စနစ်ကို တော်လှန်ပြောင်းလဲစေခဲ့ပြီး ကမ္ဘာ ကြီးရဲ့ ဒေသတစ်ခုကနေ အခြား တစ်ခုကို (အထူးသဖြင့် ကုန်တင် သင်္ဘောကြီးတွေနဲ့) ကုန်ပစ္စည်းတွေကို လုံခြုံစိတ်ချစွာနဲ့ လျင်လျင်မြန်မြန် ပေးပို့လာနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ကုန်ပစ္စည်း ပို့ဆောင်ရေး ယန္တရားကြီး တစ်ခုလုံးကို ချောမွေ့လွယ်ကူအောင် ဆောင်ရွက် ပေးလာနိုင်ခဲ့ပါတယ်။ ယခုအခါ အဲဒီသံမဏိပြား၊ သံမဏိ ချောင်းတွေနဲ့ အခိုင်အမာ ဖွဲ့စည်း တည်ဆောက်ထားတဲ့ ကွန်တိန်နာ တွေကို ပေါ့ပါးပြီး အသုံးမပြုတဲ့အခါ ခေါက်သိမ်းထားနိုင်အောင် ဖိုင်ဘာ ပလတ်စတစ်ပစ္စည်းတွေနဲ့ ထုတ်လုပ် အသုံးပြုဖို့ ကြိုးစားလာပါတယ်။
ခေါက်ကွန်တိန်နာ ထွင်လိုက်တဲ့ Rene Giesbers
နယ်သာလန်နိုင်ငံက အပူစနစ် အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Rene Giesbers ဆိုသူဟာ ခေါက်သိမ်းနိုင် တဲ့ ဖိုင်ဘာပလတ်စတစ်ကွန်တိန်နာ တစ်လုံးကိုတီထွင်ခဲ့ပါတယ်။ သူ့ အနေနဲ့ Malcolm ရဲ့ သံမဏိကွန် တိန်နာတွေကို အစားထိုး အသုံးပြု လာဖို့ရည်ရွယ်ပြီး တီထွင်ခဲ့ခြင်းဖြစ် ပါတယ်။
သူ့ရဲ့ ဖိုင်ဘာပလတ်စတစ် ကွန်တိန်နာကို ဖိုင်ဘာဖန်မျှင် - Fibreglass ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုထား တဲ့အတွက် သံမဏိကွန်တိန်နာထက် လေးပုံတစ်ပုံသာ အလေးချိန်ရှိပြီး ခေါက်သိမ်းလိုက်ရင်လဲ လေးပုံတစ်ပုံ လောက်သေးငယ်သွားပါတယ်။
ဒါ့ အပြင် သံမဏိကွန်တိန်နာလို သံချေး မတက်ဘဲ အလွယ်တကူ ဆေးကြော နိုင်ပြီး ရေပေါ်မှာလဲ ပေါလောပေါ်နိုင် ပါတယ်။
ထုတ်လုပ်ရာမှာလဲ သံမဏိ ကွန်တိန်နာတွေထုတ်လုပ်တဲ့အခါ ထုတ်လွှတ်တဲ့ ကာဘွန်ဒိုင်အောက် ဆိုဒ်ဓာတ်ငွေ့ရဲ့ ၂၅ ရာခိုင်နှုန်းကိုသာ ထုတ်လွှတ်တဲ့အတွက် ပိုပြီးပတ်ဝန်း ကျင်နဲ့ သဟဇာတဖြစ်ပါတယ်။
သင်္ဘောတင် ကွန်တိန်နာတွေကို ခေါက်သိမ်းထားနိုင်ရင် ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာ တခြား အကျိုးကျေးဇူးတွေလဲ အများအပြား ရရှိနိုင်ပါသေးတယ်။ ဥပမာ- တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကို သင်္ဘောနဲ့ အမေရိကန်နိုင်ငံကို တင်ပို့ ရင် အမေရိကန်ဆိပ်ကမ်းမှာ ကုန် ပစ္စည်းချပြီးနောက် အပြန်မှာ ကုန်ပစ္စည်းသိပ်မရရင် ကွန်တိန်နာတွေ ပစ္စည်းမပါဘဲ ပြန်ရလေ့ရှိပါတယ်။ ဒီအခါ အဲဒီဗလာကွန်တိန်နာတွေကို သာ ခေါက်သိမ်းထားနိုင်မယ်ဆိုရင် တခြားသင်္ဘော၊ တခြားဆိပ်ကမ်းတွေ က ကုန်ပါတဲ့ ကွန်တိန်နာတွေကို အစားထိုးတင်နိုင်စရာရှိပါတယ်။ ဒါ့ အပြင် ပစ္စည်းချပြီးတဲ့ ကွန်တိန်နာ တွေကို လေးခုတစ်စည်းခေါက်သိမ်း ထားလိုက်ရင် တခြားကုန်ပစ္စည်းပါရှိ တဲ့ ကွန်တိန်နာတွေအတွက် နေရာပို ရပြီး လျင်လျင်မြန်မြန်နဲ့ ချဲနိုင်တဲ့ အတွက် ဆိပ်ကမ်းတွေမှာ ဆိုက်ကပ် ရတဲ့အချိန်ဟာ လျော့နည်းသွားနိုင်ပါ တယ်။
ဆိပ်ကမ်းကုန်ရုံတွေမှာလဲ ပစ္စည်းမရှိတဲ့အတွက် ကွန်တိန်နာ တွေကို အလွယ်တကူခေါက်သိမ်း ထားလိုက်ရင် ပစ္စည်းထားဖို့နေရာတွေ ပိုထွက်လာနိုင်ပါတယ်။
Rene ဟာ ဒီလို ခေါက်သိမ်းနိုင်တဲ့ ကွန်တိန်နာတွေကို ပထမဦးဆုံး တီထွင်ခဲ့သူတော့ မဟုတ်ပါဘူး။ ၁၉၉ဝ ပြည့်နှစ်လောက်ကတည်းက အဲဒီကွန်တိန်နာပုံစံ အမျိုးမျိုးကို စမ်းသပ်ထုတ်လုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီကွန်တိန်နာ တွေကိုခေါက်သိမ်းဖို့နဲ့ ပြန်ပြီးဖြန့်ဖို့ လုပ်ငန်းကို ဆောင်ရွက်ရာမှာ အခက် အခဲရှိခဲ့တဲ့အတွက် အောင်မြင်မှုမရရှိ ခဲ့ဘူးလို့ သိရပါတယ်။ အထူးသဖြင့် ခေါက်သိမ်းလိုက်၊ ပြန်ဖြန့်လိုက်လုပ် ရာမှာ ခိုင်ခံ့ဖို့အဓိကလိုအပ်ချက်ကြီး ဖြစ်ခဲ့ပါတယ်။ ဖိုင်ဘာ Rene က သူ့ရဲ့ခေါက်သိမ်းနိုင်တဲ့ ဖိုင်ဘာပလတ်စတစ် ကွန်တိန်နာကို ကားဂိုးရှဲလ်- Cargo-shell လို့ နာမည်ပေးထားပြီး၊ အဲဒီကွန်တိန်နာကို လူတစ်ယောက်တည်းက ဝန်ချီစက်တစ်လုံးကို အသုံးပြုပြီး စက္ကန့် ၃ဝ အတွင်း ခေါက် သိမ်းနိုင်တယ်။ ဒါမှမဟုတ် ဖြန့်နိုင်တယ်လို့ ဆိုပါတယ်။
ယခုအခါ သူ့ရဲ့ ဖိုင်ဘာပလတ်စတစ် ကွန်တိန်နာတွေကို နိုင်ငံတကာ အဆင့်အတန်းနဲ့ အညီ ခိုင်ခံ့မှု ရှိ၊ မရှိ၊ စမ်းသပ်မှု အမျိုးမျိုးလုပ်ပြီး လေ့လာနေတယ် လို့သိရပါတယ်။
လောလောဆယ် ကမ္ဘာတစ်ဝန်းမှာ အသုံးပြုနေတဲ့ သံမဏိကွန်တိန် နာပေါင်းဟာ ၂၆ သန်းခန့်ရှိပြီး၊ အဲဒီ ကွန်တိန်နာတွေနဲ့ တင်ပို့နေတဲ့ ကုန် ပစ္စည်းတွေရဲ့ တန်ချိန်ဟာ ၁၉၈ဝ ပြည့်နှစ်က ၁၃.၅ သန်းရှိခဲ့ရာမှ ယခု အခါ ၁၄ဝ အထိရှိလာပါတယ်။ ၂ဝ၁၅ ခုနှစ်ရောက်ရင် သန်း ၁၈ဝ အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းရပါ တယ်။
ရီနီးဂျီစတားစ်ကတော့ သူ့ရဲ့ ပလတ်စတစ်ကွန်တိန်နာတွေဖြစ်တဲ့ ကားဂိုးရှဲလ် တစ်သန်းလောက်ဟာ ၂ဝ၂ဝ ပြည့်နှစ်ရောက်ရင် ဈေးကွက် ရဲ့ ၄.ဝ ရာခိုင်နှုန်းလောက်မှာ အသုံး ပြုလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီခန့်မှန်းချက်ကို ဆိပ်ကမ်း ဘောဂဗေဒပညာရှင် တစ်ဦးဖြစ်တဲ့ Bart Kuipers က သိပ်များတယ် လို့ဆိုပြီး ၂.ဝ ရာခိုင်နှုန်းကနေ ၃.ဝ ရာခိုင်နှုန်းလောက်တော့ အောင်မြင်စွာ အစားထိုး အသုံးပြုလာနိုင်လိမ့်မယ် လို့ ထောက်ခံထားပါတယ်။ သူက ကားဂိုးရှဲလ်တွေဟာ ခေါက်သိမ်းနိုင်တာ ထက် အလေးချိန် လေးပုံတစ်ပုံအထိ လျော့နည်းသွားတဲ့အတွက် ဈေးကွက်မှာ ပိုပြီးဆွဲဆောင်မှု ရှိနိုင်တယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် သူတို့ပစ္စည်းတွေရဲ့ ကာဘွန်ခြေရာ Carbon Footprint အတွက် စိတ် သောကရောက်နေကြသူတွေအတွက် လဲ ဆွဲဆောင်မှုရှိလာနိုင်ပြီး အကယ် ၍ရေနံဈေးတွေ ပိုမြင့်မားလာရင် ပိုပြီး ဈေးကွက်ဟာ ကျယ်ပြန့်လာနိုင်တယ် လို့ ခန့်မှန်းပါတယ်။
နောက်စိန်ခေါ်မှုကြီး တစ်ရပ်က တော့ ကားဂိုးရှဲလ်တွေကို ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးမှာ ပြောင်းလဲအသုံးပြုမယ်ဆိုရင် ထုတ်လုပ်မှု နည်းပညာအရ အခက်အခဲ မရှိနိုင်ပေမယ့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းရဲ့ အခြေခံ အဆောက်အအုံကြီးကို ပြုပြင်လုပ်ဆောင်ရာမှာ အနှောင့်အယှက် အဟန့်အတားတွေ ဖြစ်လာနိုင်ပါတယ်။
မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ သင်္ဘောတင်လုပ်ငန်း ကျွမ်းကျင်သူ ပညာရှင် ဖိုင်ဘာ -Edgar Blanco က လက်ရှိ သံမဏိ ကွန်တိန်နာ အသုံးပြုပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေတဲ့ လုပ်ငန်းကြီး နဲ့ သက်ဆိုင်သူတွေဟာ ငွေကြေး အရင်းအနှီး အမြောက်အမြား မြှုပ်နှံ ပြီးလုပ်ကိုင်နေကြပါတယ်။
အကယ်၍ ခေါက်သိမ်းနိုင်တဲ့ ဖိုင်ဘာပလတ်စတစ် ကွန်တိန်နာတွေကို ပြောင်းလဲ အသုံးပြု လာကြမယ်ဆိုရင် ဆုံးရှုံးနစ်နာမှုတွေ၊ ကုန်ကျစရိတ်တွေကို ဘယ်သူတွေက ကျခံမလဲ ဆိုတာ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေပါတယ်''လို့ ထောက်ပြထားကြောင်းပါ ခင်ဗျား။
Ref: "Flat Pack" The Economist.
မောင်ပုဆိုးကြမ်း
0 comments :
Post a Comment