ဦးခင်ညွန့်ပြောဆိုချက် အစိုးရ ငြင်းဆို
Wednesday, April 11, 2012
ဒီပဲယင်း အကြမ်းဖက်မှုကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် ကြိုးစား စီစဉ်ခဲ့တယ် ဆိုတဲ့ ဦးခင်ညွန့်ရဲ့ စကားကို ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ဒီပြောဆိုချက် နဲ့ နောက်ဆက်တွဲ တုံ့ပြန်ချက်တွေကို အွန်လိုင်းမီဒီယာမှာ အများက စိတ်ဝင်စားနေကြပါတယ်။
ဒီနေ့တော့ မြန်မာအစိုးရက ဒီအကြောင်းအရာတခုတည်းကိုရှင်းလင်းဖို့ သတင်းထောက်တွေကို ဖိတ်ကြားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ရဲသတင်းတပ်ဖွဲ့ ဒုရဲမှူးကြီး ၀င်းနိုင်ထွန်း၊ ဗိုလ်မှူးဟောင်းဝင်းမောင်မောင်တို့က -
ဦးခင်ညွန့်က ဒီလို မပြောခဲ့ဘူး၊
ဘန်ကောက်ပို့စ် သတင်းစာနဲ့လည်း မတွေ့ခဲ့ဘူး
ဆိုပြီး သတင်းထောက်တွေကို ပြောလိုက်ကြောင်း 7Day သတင်းဂျာနယ် Facebook မှာ အခုလေးတင် ဖော်ပြထားပါတယ်။
ဘန်ကောက်ပို့စ်ကို ဧရာဝတီက ဒီအကြောင်း ဆက်သွယ် မေးမြန်းရာမှာ - ဦးခင်ညွန့်နဲ့ဓာတ်ပုံတောင် တွဲရိုက်ခဲ့ပါသေးတယ်လို့ အကြောင်းပြန်ပါတယ်။
ဦးခင်ညွန့်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရဟန်းဝတ်သွားပါတယ်။ တပတ်ကြာပါမယ် တဲ့။
သင်္ကြန်အပြီး လူဝတ်လဲပြီးမှ ဒီဆူဆူညံညံကိစ္စကို ရှင်းလည်း ရတာပဲ မဟုတ်လား၊ ဘာကြောင့် အစိုးရက ရုတ်တရက်ကြီး သတင်းစာရှင်းလင်းပွဲ လုပ်ရတာလဲလို့ တချို့က မေးခွန်းထုတ်နေကြပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ ဒီပဲယင်းမှာ လူဘယ်လောက် သေဆုံး ဒဏ်ရာရ ထောင်ကျခဲ့တယ် ဆိုတာကို ရှင်းမှာ မဟုတ်သလို ဒီပဲယင်းအကြမ်းဖက်မှုကို ဘယ်သူတွေက စနစ်တကျ အကောင်အထည် ဖော်ခဲ့တယ် ဆိုတာကိုလည်း ရှင်းမယ် မထင်ပါဘူး။
ရဲသတင်းတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲအရ ဆိုရင် ဒီကိစ္စမှာ ဘန်ကောက်ပို့စ်က လုပ်ကြံရေးတယ်၊ လိမ်တယ်ပေါ့။
ဘန်ကောက်ပို့စ် အထောက်အထားတွေအရ ဆိုရင် ဒီကိစ္စမှာ မြန်မာအစိုးရ လိမ်တယ်ပေါ့။
အစိုးရက ဘာကြောင့် ရေးကြီးသုတ်ပျာ လိမ်ရတာလဲ၊ ဗိုလ်ချုပ်ကြီးတွေကြားထဲမှာ ဒီကိစ္စက ဘာကြောင့် အရေးကြီးနေသလဲ။ အင်မတန် စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။
10 comments :
  1. Anonymous said... :
    If B K K post publish audio tape and some photos in public. everyone will see and hear clearly.
    Please write to B K K post .. Nyi Ah Ko Medial Journalist Ah Paung doth .
    ask B K K Post papers.
    It is published in newspaper. I read it.
    everyone read it.
    Ask B K K to produce more photos and audio clips then.
  1. Ba said... :
    အရပ်သားအစိုးရသစ်ဆို?
    ဘယ်လိုနားလည်ရမလဲ။
    ဗိုလ်ချုပ်မှူးကြီးနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ရဲ့ပြသနာမဟုတ်လား?
    ယခင်စစ်အစိုးရလက်ထက်မှာ
    ဝန်ကြီးချုပ်ဟောင်းတဖြစ်လဲ၊ရာဇဝတ်သားတစ်ဦး၊
    ယခု ဘာအာဏာမျှရယူထားခြင်းမရှိသူ
    သာမန်အရပ်သား၊
    (အောင်သောင်းစကားအရ)ထောင်ထွက်တစ်ဦးရဲ့
    လုပ်ခဲ့တဲ့လုပ်ရပ်တစ်ခုကို
    သတင်းလွတ်လပ်ခွင့်ရှိသောနိုင်ငံတစ်ခုက
    ပုဂ္ဂလိကပိုင်စာစောင်တစ်ခုမှာ
    လွတ်လပ်စွာရေးသားဖော်ပြတာကို
    ဘာ့ကြောင့်
    ယ္ခု နိုင်ငံတော်ကိုပြုပြင်တည်ဆောက်နေသော
    ''အရပ်သား ဒီမိုကရေစီအစိုးရ''လို့ကြားကောင်းအောင်အော်နေတဲ့
    အစိုးရ တစ်ရပ်ရဲ့
    အာဏာပိုင်အဖွဲ့အစည်းတစ်ခုက
    အနာပေါ်ဒုတ်ကျ ဆွေ့ဆွေ့ခုန်ပြီး
    မင်းတို့ပြောတာပဲရေးရတဲ့၊လွတ်လပ်ခွင့်မရသေးတဲ့
    သတင်းသမားတွေကိုခေါ်ပြီး ရှင်းလင်းပွဲလုပ်ရတာလဲ?
    နားမလည်ဘူး။
    အခုအနေအထားအရဆို
    မင်းတို့ဟာက
    ဗိုလ်ချုပ်မှူးကြီးကိုကာကွယ်နေဆဲပေါ့။
    ဗိုလ်ချုပ်မှူးကြီးအတွက်သတင်းစာရှင်းလင်းပွဲလုပ်တာပေါ့၊
    ဗိုလ်ချုပ်မှူးကြီးကိုယ်စား
    '' ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ ရဲ့ ပြည်ထဲရေးဝန်ကြီးဌာန'' က
    ရှင်းလင်းပွဲလုပ်တာပေါ့။
    တရားဥပဒေစိုးမိုးတယ်ဆိုရင်
    မှူးကြီးက ဗိုလ်ချုပ်ခင်ညွန့်ကို မီဒီယာကနေတရားဝင်ကန့်ကွက်၊
    နို့တစ်စာပို့၊တရားရုံးကနေ တရားစွဲ။
    ဗိုလ်ချုပ်ခင်ညွန့်ကလည်း သူမပြောခဲ့ဘူးဆိုရင်
    ဗန်ကောက်ပို့စ် ကိုတရားဝင်ကန့်ကွက်၊
    နို့တစ်စာပို့၊တရားစွဲ၊
    ဒါပဲရှိတယ်။
    အခုဟာက ၁၉၈၈ အရေးအခင်းမတိုင်ခင်
    ဗိုလ်ချုပ်နေဝင်း နဲ့ ဗိုလ်ချုပ်အောင်ကြီး
    ဗ၊က၊သ ကို ဗုံးခွဲတာ
    '' ငါမဟုတ်ဘူး၊နင် '' ဆိုပြီးတစ်ယောက်နဲ့တစ်ယောက်လွှဲချနေသလိုပဲ။
    အဲဒီတုန်းက '' နေဝင်းက ကိုယ်တိုင်ထွက်ပြောရဲတယ်နော့။
    နောက်ပြီးပြည်သူက အောင်ကြီးမြှောက်ပေးတဲ့နောက်ကို
    သူတို့ရဲ့နာကြည်းမှုတွေနဲ့ပေါက်ကွဲပြီးလိုက်သွားတယ်။
    ဒီပွဲမှာတော့ ကိုခင်ညွန့်ရေ
    ခင်ဗျားနာမည်ကောင်းများရမလားလို့
    အသံကောင်းမဟစ်လေနဲ့။
    ပြည်သူကခင်ဗျားကိုလည်းအနာကြီးနာကြည်းနေဆဲပဲ။
    ခင်ဗျားနောက်ဘယ်သူမှမလိုက်ဘူး။
    အမေစုနောက်မှာပဲရှိတယ်။
    ခင်ဗျား ဘိုးတော်ကြီးက သူ့သောက်တင်း လည်ချတယ်ဆိုပြီး
    ခင်ဗျားကို ဆွဲစိနေဦးမယ်။
    သူနောက်မှာအစိုးရတစ်ရပ်လုံးအခုအချိန်ထိပြာပြာသလဲ
    ကာဗာပေးနေရတာမြင်တယ်မဟုတ်လား။
  1. KYAWKB said... :
    ဦးခင်ညွန့် သာတိုင်းပြည်အပေါ် တကယ်စေတနာရှိရင် ဒီအချိန်မှာ ဒီလိုစကား မျိုးမပြောသင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်အားလုံးက သင်ပုံးချေရေး လမ်းစဉ်နဲ့ တိုင်းပြည်ကို ထူထောင်ဖို့ ကြိုးစားနေချိန်မှာ အာဏာရှင်ဟောင်းတွေ ကိုချောင်ပိတ်ပြီး စစ်တပ်က အာဏာ မဖြစ်မနေပြန်သိမ်းအောင် လုပ်နေတာလား။ စစ်တပ်ကအာဏာပြန်သိမ်းရင် သူကိုယ်တိုင်လဲသက်သာမှာမဟုတ်ဘူး။ ဒါမှမဟုတ် ဒီလိုအရေးကြီး Top Secret တွေနဲ့ သူ့ တပည့်တွေ ရဲ့လွတ်မြာက် ရေးကိုလဲချင်တာလား။ ဒုတိယ အချက်ကဖြစ်နှိင်ချေပိုများပါတယ်။ နှိင်ငံရေး ရေချိန်အတက်ဆုံး အချိန်ကိုစောင့်ပြီး အပေးအယူလုပ်ဖို့ လေသံပြစ်တာဖြစ်မှာပါ။ ထောက်လှမ်းရေးပြီသပါတယ်။ သိပ်ကောင်းတဲ့ရွှေ့ ကွက်ကလေးပါပဲ။ တဖက်ကတော့ လောလောဆယ် ဘာလုပ်ရမှန်းသိသေးပုံမရဘူး။ ကလေးကွက်တွေရွှေ့ နေတယ်။ ကဲကိုဇာဂနာရေ ငြိမ်တော့မနေပါနဲ့ ဗျာ။ တခုခုတော့ပြောပါအုံး။ ထောင်ကလွတ်လွတ်ခြင်း ခင်ဗျားလွှတ်ပေးဖို့ တောင်းဆိုခဲ့ တဲ့သူကြီးက တော့ပညာတွေပြနေပြီဗျ။
  1. Anonymous said... :
    သတင်းစာရှင်းလင်းပွဲမှာ ရဲသတင်းတပ်ဖွဲ့ ဒုရဲမှူးကြီး
    ဦးခင်ညွန့်က ဒီလို မပြောခဲ့ဘူးတဲ့၊ဘန်ကောက်ပို့စ် သတင်းစာနဲ့လည်း မတွေ့ခဲ့ဘူးတဲ့၊
    ဘာ အ ထောက် အထား နဲ့ ငြင်း တာ လဲ?
    8/4/2012 (Sunday) Bangkok Post မှာ (အ ချပ် ပို )
    SPECTRUM Vol 5, No. 5. စာ မျက်နှာ ၁၀၊ ကော် လံ ၄ ၊စာ ကြောင်း ရေ ( ၇) မှာ အ သေ အ ခြာေ၇း ထား တာ၊ ဖတ် ပြီးပြီလား?
  1. Anonymous said... :
    I just Googled -
    "Khin Nyunt" site:bangkokpost.com
    Results:-
    http://www.bangkokpost.com/news/local/287924/myanmar-ex-pm-claims-he-saved-suu-kyi-s-life
    http://www.bangkokpost.com/news/investigation/287955/in-his-own-words-the-rise-and-fall-of-khin-nyunt
  1. Anonymous said... :
    ရဲသတင်းတပ်ဖွဲ့ ဆိုတာ စစ်အာဏာရှင် သန်ရွှေ မီသားစု အရေးအတွက် လုပ်နေတဲ့ အဆင့်လောက်သာရှိတယ်။ အခုသတင်းစာရှင်းလင်းပွဲ ဘာကြောင့် လုပ်ရတာလဲဆိုရင် သန်းရွှေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ ပေါ်ကုန်မှာ စိုးရိမ်လွန်ပြီး ထရှင်းလိုက်တာပါ။ အခုတော့ ပိုပြီး ပေါ်ပေါ်တင်တင် ကြီး သန်းရွှေအတွက် ကာကွယ်ပေးနေတာ သိသာသွားပြီး။ ရဲသတင်းတပ်ဖွဲကပါ ဝိုင်းလိမ်ပေးနေပြီး။ တိုင်သူပြည်သားဘက်ကို ကာကွယ်ရမည့် ပြည်သူဝန်ထမ်းက သန်းရွှေကို ကာကွယ်ဖို့  အာဏာရှင် အလိုကျ လုပ်ဖို့ လောက်သာ ဖွဲ့ စည်းထားတဲ့ အမည်ခံရဲသတင်းတပ်ဖွဲပါ။ ရဲသတင်းတပ်ဖွဲ့ က စစ်ကျွန်သာသာလောက်သာ ရှိပါတယ်။
  1. tml said... :
    သတိကြီးကြီးနဲ့ ရှေ့ကို သွားရမယ့် အချိန်ပါ။ မြန်မာတို့ရဲ့တိုးတက်မှုကို ဦးချိုးချင်တဲ့ "ထိုင်း" ကတော့ ဝင်ဖွနေပြီ ။ "ဦးခင်ညွန့် ကလည်း ဒုက္ခ ပေးတုန်း"
  1. Anonymous said... :
    A --- We have interviewed.
    B --- NO such interview has ever taken place.
    ( 1st ) Lay Phyu and a Journal
    ( 2nd ) Khin Nyunt and BKK Post.
    One of the sides is a big liar. OR twist and turn in-between????
  1. Anonymous said... :
    ခင်ညွန့် တိုင်းပြည်ထပ် မဖျက်ပါနဲ့။တပ်ကအာဏာထ သိမ်းရင် သာမာန်ပြည်သူ ဖြစ်တဲ့ကျုပ်တို့ပဲ ဒုက္ခရောက်မှာပါ။တကယ့်တကယ်တော့ ဆီးရီးယားတောင် ဘယ်သူမှ ၀င်မကယ်နိုင်ပါဘူး။၂၀၁၅ အထိ စိတ်ရှည်ရှည် စောင့်ချင်ပါတယ်။
  1. Ba said... :
    ''အဲဒီမှာ ရေးထားတာဆိုရင်လည်း ဧပြီ ၁ ရက်နေ့က ၀န်ကြီးချုပ်နဲ့တွေ့ ဆုံတဲ့သဘောမျိုး ရေးထားပါတယ်။
    တကယ်တမ်း တွေ့ဆုံမှု မရှိပါဘူး။ ဧပြီ ၁ရက်နေ့ဟာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ဖြစ်ပြီးတော့
    ဘယ် သတင်းထောက်နဲ့မှလည်း တွေ့ဆုံခြင်းမရှိပါဘူး။
    နောက် ဒုတိယ အချက်ကတော့ ဒီပဲယင်း အရေးအခင်းနဲ့ ပတ်သက်ပြီး ပြောသွားတဲ့ ကိစ္စပါ။
    အဲဒီပွဲမှာ ကျွန်တော်ရှိနေပါတယ်။ ဒီပဲယင်းကိစ္စကို ဘာမှ ပြောသွားတာ မရှိဘူးဆိုတာ ကျွန်တော်ကောက်ချက်ချလို့ရတယ်။
    ဒါနဲ့ ပတ်သက်တဲ့ အထောက်အထားတွေလည်း ကျွန်တော့မှာ အခိုင်အမာရှိတဲ့အတွက်
    ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီပဲယင်းကိစ္စမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဒီတွေ့ဆုံပွဲမှာ
    ပြောဆိုခြင်း လုံးဝမရှိခဲ့ဘူးဆိုတာ ကျွန်တော် လုံးဝ ငြင်းချက်ထုတ်ကြောင်း အသိပေးတင်ပြလိုပါတယ်'' ဟုပြောကြားခဲ့သည်။ ''
    ELEVEN MEDIA GROUP ကသတင်းမှာ ဖော်ပြထားတဲ့ဗိုလ်မှူးဟောင်း ဝင်းမောင်မောင် ပြောတဲ့စကားအချို့ပါ
    ''ဘယ် သတင်းထောက်နဲ့မှလည်း တွေ့ဆုံခြင်းမရှိပါဘူး။''
    ''အဲဒီပွဲမှာ ကျွန်တော်ရှိနေပါတယ်။''
    ဒီစကားနှစ်ခွန်းက conflict ဖြစ်နေတယ်။
    ဘယ်လိုနားလည်ရမလဲ?
    ပထမပြောတာက သတင်းထောက်တွေနဲ့တွေဆုံပွဲမလုပ်ဘူး တဲ့။
    နောက်ပြောတာက အဲဒီတွေ့ဆုံပွဲမှာသူရှိနေတယ်တဲ့။
    မင့်ဟာက အရေးပေါ်လိမ်ခိုင်းရင်လဲ ရှေ့နောက်ညီအောင်လိမ်ကွ။
    အခုတော့'' ရှေ့ကဖုံး၊နောက်ကပေါ်'' ဆိုသလိုဖြစ်နေပြီ။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved