သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်တွေ့မယ်

Tuesday, April 10, 2012


မနက်ဖြန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ဒုတိယအကြိမ် တွေ့ဆုံမည်ဟု သတင်းရရှိသည်။ ယင်းသို့တွေ့ဆုံရန် စီစဉ်နေသည်မှာ မှန်ကန်ကြောင်း NLD ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးစိုးဝင်းက ဧရာဝတီသို့ ပြောသည်။ NLD မှ အနိုင်ရ လွှတ်တော် အမတ်များကို လွှတ်တော် တက်ရန် တရားဝင် အကြောင်းကြားထားပြီး ၂၃ ရက်နေ့တွင် နေပြည်တော်သို့ NLD အမတ်များ သွားရောက်ကြမည်ဟု သိရသည်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved