မီးပူနဲ့ကပ်တယ်၊ လက်မှတ်လိမ်ထိုးခိုင်းတယ်

Thursday, April 19, 2012


အမည် = မအေးယုအောင်
မွေးသက္ကရာဇ်= ၂၊ ၆၊ ၁၉၉၆ ဖွားချိန် ၂၀း၃၀နာရီ
အဖအမည် = ဦးအောင်မျိုး(ခ) ဦးမျိုးဝင်း ဆေးတပ်သား ကိုယ်ပိုင်အမှတ် တ-၈၅၅၉၈၅
မှော်ဘီဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး
အမိအမည် = ဒေါ်ကြူကြူ သိမ်တန်းရပ်ကွက်၊ အပိုင်း(၂) ကျောက်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး

facebook မှတဆင့် အင်တာနက် သတင်းမီဒီယာ ၀ဒ်ဆိုဒ်များတွင် ၀ိုင်းဝန်းကူညီတင်ပြပေးကြသော သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေများ၏ ကျေးဇူးကြောင့် ပဲခူးမြို့ တွင် တရားသူကြီးဦးအောင်ဘုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်က မီးပူနှင့်ကပ်ခဲ့သော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး မအေးယုအောင်၏ မိခင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့  မှ ဒေါ်ကြူကြူ ကြားသိရပါသဖြင့် (၄၊ ၅၊ ၂၀၁၂)ရက်နေ့တွင် ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းရှိရာ ပဲခူးမြို့နယ်တရားရုံးသို့ သွားရောက် စုံစမ်းခဲ့ပါသည်။

တရားသူကြီးဦးအောင်ဘုန်းဝင်းကို ၄င်း၏ ရုံးခန်းတွင်မတွေ့ရှိရပဲ စာရေးမတစ်ဦးကိုသာ တွေ့ရှိရပါတယ်၊

ထိုနောက် တရားသူကြီး ဦးအောင်ဘုန်းဝင်းက တရားရုံးဘေးနားတွင် ကားဖြင့် လာစောင့်နေပြီး မအေးယုအောင်၏ မိခင်ဖြစ်သူ ဒေါ်ကြူကြူအား ပဲခူးမြို့ ရွှေမော်တော် ဘုရားအနီး ၀န်းကျင်တွင်(၁၀)ပတ်ကျော် ကားဖြင့်ပတ်၍ အိမ်အမှတ်(42 B)၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ခေါ်ဆောင်သွားကြောင်း တရားကြီးဦးအောင်ဘုန်းဝင်းနှင့် ကောင်မလေး၏မိခင်ဖြစ်သူ ဒေါ်ကြူကြူတို့ ၀န်ခံ သဘောတူညီချက် မှတ်တမ်း လက်မှတ်ထိုးစာရွက်တွင် တွေ့ရှိရပါသည်။

ဒေါ်ကြူကြူမှာ အနီး ပတ်ဝန်းကျင်တွင် အ၀တ်လျှော်စားရပြီး စာမတက်သူတစ်ဦးဖြစ်သည်ကို တရားသူကြီး ဦးအောင်ဖုန်းဝင်းက အခွင့်ကောင်းယူပြီး (၆၊ ၄၊ ၂၀၁၂)ရက်နေ့တွင် ငွေ(၃၀၀၀၀၀)သိန်းကျပ်အား လှူဒါန်းသည်ဟု လိမ်လည်ပြီး ၀န်ခံသဘောတူညီချက် မှတ်တမ်းမှာ လက်ဗွေနှိပ် လက်မှတ်ကို ပန်းချီဆွဲသလို ရေးဆွဲခိုင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စာရွက်ပေါ်ပါ အချက်အလက်များအား ဖက်ပြခြင်းမရှိပါ၊

“ သမီးဖြစ်သူ မအေးယုအောင်နှင့် ပေးတွေ့ရန် တောင်းဆိုသော်လည်း ဦးအောင်ဘုန်းဝင်းက ပေးမတွေ့သေးကြောင်း ပြောဆိုသဖြင့် ဥပဒေအရပဲ ပြောတော့မယ် ဆိုမှ သမီးဖြစ်သူနှင့် တစ်နာရီခန့်သာ မလွတ်မလပ်တွေ့ခွင့်ရခဲ့ပါတယ်၊ သမီးဖြစ်သူ မအေးယုအောင်အား လကုန်မှ ပြန်ပို့ပေးမည်ဟုသာ ပြောဆိုနေသဖြင့် ကျောက်ကြီးမြို့ ကို ပြန်လာရပါတယ်၊ ကျောက်ကြီးရောက်မှ လက်မှတ်ထိုးခိုင်းတဲ့ စာမိတ္တူကို ပတ်ဝန်းကျင်းမှ အသိ မိတ်ဆွေများအား ဖက်ခိုင်းရာမှ တရားသူကြီး ဦးအောင်ဘုန်းဝင်းက ကျမကိုလိမ်ညာပြီး လက်မှတ်ထိုးခိုင်းကြောင်း သိရှိခဲ့ရပါတယ်၊ ကျမလို မိခင် တစ်ယောက်အနေနှင့် သူတို့မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ကြားမှာ အရမ်း ကြောက်နေရတာ ကျမ သမီးလေးမှာ ကျမထက် အဆပေါင်းများစွာ ကြောက်လန့် တုန်လှုပ်နေမယ်ဆိုတာ မိခင်တစ်ယောက် အနေနဲ့ သိနေတယ်၊ ကျမ သမီးလေးကို သူတို့ လာပြန်မပို့ဘူး ဆိုလျှင်တော့ ဥပဒေအရပဲ ရင်ဆိုင်တော့မယ်၊ တရားစွဲဖို့လည်း စိတ်ဆန္ဒရှိပါတယ်၊ အင်တာနက်က ကူညီပေးတဲ့ သူတွေကိုလည်း ကျေးဇူး အရမ်း တင်ပါတယ်၊ ကျမ သမီးလေးရဲ့အသက်ကလည်း အင်တာနက်ကလူတွေ ပေးတဲ့ အသက်ပဲ ရှိပါတော့တယ်လို့ ” မိခင်ဖြစ်သူ ဒေါ်ကြူကြူက ပြောဆိုခဲ့ပါတယ်။

လက်မှတ်ထိုး စာရွက်မိတ္တူကို တင်ပြပေးလိုက်ပါသည်။

(Facebook မှာ ဖြန့်နေကြတဲ့ အချက်အလက်များ ပုံများ ဖြစ်ပါတယ်)


11 comments :

  1. မောင်ကြီး said... :

    စင်္ကာပူက ဧပြီလ ၁၈ ၇က်နေ. သတင်းတစ်ပုဒ် ပါ။ ဥပဒ၇ဲ. အထက်မှာ ဘယ်သူတွေရှိလဲဆိုတာ နှိုင်းယှဉ်ကြည်.ပါ။
    A woman who assaulted her Myanmar maid with a metal ladle and a wooden cane was sentenced to two weeks'jail on Wednesday.
    Housewife Ang Yeng Mee,36, was order to pay $3,000 compensation to the maid.
    She had admitted in February to using hitting Ms Moe Moe Myint's head and face three to four times with the ladle, and about three times with a wooden cane.
    Ms Myint, then 28, had been working for the family since Dec 24, 2009.

  1. မောင်ကြီး said... :

    မူ၇င်းသတင်းပါ၊

  1. Anonymous said... :

    ဒီတရားသူကြီးလင်မယားက အလုပ်သင့်တဲ့အမှားတွေကို တစ်ခုပြီးတစ်ခုကျုးလွန်နေကြတယ်။ ပညာနည်းနည်းပိုတတ်တာနှင့် သံသရာ မလုပ်သင့်တဲ့ကိစ္စတွေကို ပထမအမှားရဲ့ အပြစ်လွတ်အောင်ဆက်လုပ်နေကြတယ်။ တရားသူကြီးဖြစ်တဲ့လူက မတရားတာတွေကို လူသိရှင်ကြားလုပ်တဲ့နောက် ရေငုံနှုတ်ပိတ်တဲ့လူတွေကော တာဝန်ရှိတဲ့လူတွေကော၊ ဆောက်ရွက်သင့်တဲ့ အရာတွေ ကိုမလုပ်ဆောင်တဲ့လူတွေအားလုံးမှာလည်းအပြစ်ရှိလာပါပြီ။

  1. Anonymous said... :

    မြန်မာပြည်ကို ဘယ်လိုအစိုးရမျိုး အုပ်ချုပ်နေတာလဲ။
    မင်းမဲ့ တိုင်းပြည်၊ သူခိုးဓါးပြတွေ ပြန်ပေးသမားတွေ သောင်းကြမ်းနေတဲ့တိုင်းပြည် ဖြစ်နေပြိ။
    ရှင်းရှင်းလေး ချက်ခြင်းဖမ်း ထောင်ချပြစ်ရမှာ။
    ရာဇဝတ်သားတွေကို နောက်ထပ် ပြစ်မှု့တွေ ကျူးလွန်ခွင့် ပေးထားတယ်။
    ညှင်းပမ်းနှိပ်စက်မှု့။
    ပြန်ပေးမှု့။
    ဥပဒေကို လက်တစ်လုံးခြား လိမ်လည်မှု့။
    နောက်ထပ် ဘာမှု့တွေ ဆက်ကျူးလွန်ခွင့် ပေးထားအုန်းမလဲ။
    နောက်ထပ်ကျူးလွန်တဲ့ အမှုတွေအတွက် နိုင်ငံတော်အစိုရကိုပါ တရားစွဲပြစ်ရမယ်။

  1. Anonymous said... :

    မိုက်ရိုင်းလိုက်တာ
    တရားသူကြီးမို့ ပိုလိမ်ကျွမ်းတာလားဗျာ
    လုပ်တုန်းကတော့လုပ်ပြီး ခုမှကြောက်နေရသလား

  1. Anonymous said... :

    Parents who asked their under aged children to work for them also have sin. Some parents asked their very young children to work and they are not working , drinking and just selling their child.

  1. Anonymous said... :

    ကလေးသူငယ် ညှဉ်းပမ်းမှု ဥပဒေ၊ အမျိုးသမီးရေးရာ၊ အလုပ်သမား ဥပဒေ၊ child labour, ( ငွေ ၃ သိန်း ပာဝင်မှုကြောင့်) လူကုန်ကူးမှု ဥပဒေ၊ မတရား သက်သေ ရယူရန် ကြိုးပမ်းမှု၊ အပြင် ယခု အချိန် အထိ မိဘအိမ် သို့မဟုတ် အမျိုးသမီးငယ်များအတွက် လုံလောက်သော စောင့်ရှောက်ရာနေရာ မရောက် ရှိသေး(သူ့မိခင်သည် ငွေ ၃ သိန်း ယူပြီးပြန်ခဲ့သဖြင့် စိတ်မချရပာ)၊ အဲဒာတွေ ဘာဆို ဘာမှ မရှိကြဘူးလား ဗျာတို့ရယ်

  1. Anonymous said... :

    ကလေးသူငယ် ညှဉ်းပမ်းမှု ဥပဒေ၊ အမျိုးသမီးရေးရာ၊ အလုပ်သမား ဥပဒေ၊ child labour, ( ငွေ ၃ သိန်း ပာဝင်မှုကြောင့်) လူကုန်ကူးမှု ဥပဒေ၊ မတရား သက်သေ ရယူရန် ကြိုးပမ်းမှု၊ အပြင် ယခု အချိန် အထိ မိဘအိမ် သို့မဟုတ် အမျိုးသမီးငယ်များအတွက် လုံလောက်သော စောင့်ရှောက်ရာနေရာ မရောက် ရှိသေး(သူ့မိခင်သည် ငွေ ၃ သိန်း ယူပြီးပြန်ခဲ့သဖြင့် စိတ်မချရပာ)၊ အဲဒာတွေ ဘာဆို ဘာမှ မရှိကြဘူးလား ဗျာတို့ရယ်

  1. Anonymous said... :

    မပူပါနဲ့ အ၇င်က သူတပါးနာကျင်စေမှု။ ပြီး ပြန်ပေးမှု။ မတရားဖမ်းဆီးချုပ်နှောင်မှု။ အခု လိမ်လည်ပြီး အတင်းအဓမ ၀န်ခံကတိတောင်းမှု ပါပိုလာပါပြီး ပြေးမလွှတ်တော့ဖူး။ နိုင်ငံခြားမှာဆို ဘာပဲလက်မှတ်ထိုးထိုး တရားရုံးရှေ့ထိုးတာမဟုတ်ရင် တ၇ားမ၀င်ဖူး မြန်မာနိုင်ငံမှာလဲ ဥပဒေအရ တရားသူကြီးရှေ့ လက်မှတ်မထိုးရင်တ၇ားမ၀င်ဖူး အဲ သူ့ အမှုကို သူပြန်ပြီး တရားသူကြီးလုပ်ရမရကတော့ မြန်မာဥပဒေအရ မသိဖူး။ နိုင်ငံခြားမှာတော့ကိုယ့်အမှုကိုယ်ပြန်တရား စီရင်လို့ မရဖူးဗျ။ ဆရာဝန်တောင် ကိုယ့်ကိုယ်ကို ဆေးစာပြန်ရေးလို့ မရဖူး

  1. Anonymous said... :

    ပြည်တွင်းသတင်းဂျာနယ်တွေမှာ တင်သင့်တယ်။ ဒီသတင်းရေးတဲ့ဆရာလည်း မြန်မာစာလေးတော့ လေ့လာဗျာ။ ပထမဆုံးစာကြောင်းက ဘယ်လိုမှ ကြည့်လို့ မလှဘူး။


    facebook မှတဆင့် အင်တာနက် သတင်းမီဒီယာ ၀ဒ်ဆိုဒ်များတွင် ၀ိုင်းဝန်းကူညီတင်ပြပေးကြသော သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေများ၏ ကျေးဇူးကြောင့် ပဲခူးမြို့ တွင် တရားသူကြီးဦးအောင်ဘုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်က မီးပူနှင့်ကပ်ခဲ့သော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး မအေးယုအောင်၏ မိခင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့  မှ ဒေါ်ကြူကြူ ကြားသိရပါသဖြင့် (၄၊ ၅၊ ၂၀၁၂)ရက်နေ့တွင် ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းရှိရာ ပဲခူးမြို့နယ်တရားရုံးသို့ သွားရောက် စုံစမ်းခဲ့ပါသည်။”

  1. လူတိုင်းမှာ အနည်းဆုံး အကျင့်ဆိုးတစ်ခုတလေတော့ ရှိတက်ကြတယ်။ ဒါပေမယ့် သူ့ရဲ့မကောင်းတဲ့ အကျင့်ကို ဖုံးကွယ်ထားခွင့်မရှိဘူးဆိုရင်တော့ သူ့အကုသိုလ် နဲ့ သူသွားပါလိမ့်မယ်။ အဲဒီအတွက် မီဒီယာက အရမ်းအရေးကြီးတယ်။ ခုကြည့်လေ မီဒီယာက ကောင်မလေးရဲ့ဘ၀ကို ကယ်တင်ဖို့ ကြိုးစားနေတယ်။ ကျေးဇူးပဲ မီဒီယာ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved