သံသယနဲ့ဆက် မချစ်နိုင်တော့ လို့ ....

Tuesday, April 3, 2012


စာဖတ်သူများ ဗဟုသုတနှင့် ရယ်မောရစေလိုသော ဆန္ဒကြောင့် အခုပိုစ့်အား ကိုပီတာဘလော့ဂ်မှ တဆင့် ပြန်လည်ဝေငှခြင်းဖြစ်ပါတယ်....

ဆော်ဒီမှာ ဖြစ်ပျက်ခဲ့တာပါ။

အိမ်ထောင်သက် ၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ခင်ပွန်းဖြစ်သူ အံ့အားသင့်ကာ ချစ်မိုးစွေ၊ ချစ်လက်ဆောင် ပေးနိုင်ရန်အတွက် တရုတ်နိုင်ငံထုတ် အပျိုစင်အဖြစ် ပြန်လည် ဖန်တီးပေးမည့်အမျိုးသမီးသုံးပစ္စည်းတစ်ခု ၀ယ်ယူ အသုံးပြုထားကြောင်း အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ခင်ပွန်းဖြစ်သူအား ဖွင့်ဟပြောပြခဲ့ပါတယ်...

သူမရဲ့ရင်ခုန် ယစ်မူးဖွယ်ရာ ကြိုတင် ပြင်ဆင်မှုအတွက် ချီးကျူး ဂုဏ်ပြုရမည့်အစား ခင်ပွန်းဖြစ်သူက သူမအား ကွာရှင်းခဲ့ပါတော့တယ်...

မင်္ဂလာ နှစ်ပါတ်လည်ပွဲကို ဆော်ဒီနိုင်ငံ၊ မြို့တော် ရီယဒ်တွင် ကျင်းပခိုက် အမျိုးသမီးဖြစ်သူက သူမရဲ့ငယ်မူငယ်သွေး၊ အပျိုလေးပြန်ဖြစ်အောင်ဖန်တီးမှုကို
ဝမ်းသာပျော်ရွှင်စွာဖြင့် ဖွင့်ဟ ပြောကြားခဲ့လိုက်တာ ဖြစ်သော်လည်း ခင်ပွန်းဖြစ်သူကတော့ဝမ်းမြောက်ဝမ်းသာ မဖြစ်သည့်အပြင် ဇနီးဖြစ်သူအား ချက်ချင်းလက်ငင်းကွာရှင်းခဲ့လိုက်ခြင်းဖြစ်ပါတယ်...

ဂြိုလ်မွှေတဲ့အပျိုရည်...

ယခုကဲ့သို့အပျိုစင်အဖြစ် နောက်တစ်ကြိမ် အတုအယောင်ပြုလုပ်ခြင်းဟာ ၎င်းတို့လက်မထပ်ခင်ကလည်း ဇနီးဖြစ်သူဟာ အပျိုမစစ်ပဲ အပျိုစင်အဖြစ် သက်သေပြနိုင်မည့်ဤကဲ့သို့ပစ္စည်း
သုံးပြီး လှည့်ဖျားနိုင်ခဲ့တယ်လို့ခင်ပွန်းဖြစ်သူက သံသယ ရှိခဲ့တယ်လို့အဆိုပါ ဇနီးမောင်နှံနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းအား ကိုးကားပြီး The Sharq နေ့စဉ်သတင်းစာကဖော်ပြခဲ့ပါတယ်...

အာရပ်ဘာသာစကားဖြင့်ထုတ်ဝေသည့် အဆိုပါ သတင်းစာတွင် ဇနီးမောင်နှံနှစ်ဦး၏ အမည်နှင့် အဆိုပါ အမျိုးသမီး မည်သို့မည်ပုံ အတုအပ ဖန်တီးထားသည့်ပစ္စည်းအား ၀ယ်ယူရရှိသည်ကို
ဖော်ပြထားခြင်း မရှိပါဘူး...

ရှေးရိုးစွဲ့ဆော်ဒီနိုင်ငံ တွင် ယခုကဲ့သို့ လိင်မှုဆိုင်ရာ ပစ္စည်းများအား အထူး တင်းကြပ် တားဆီးထားပါတယ်...
အဆိုပါ အမျိုးသမီးများ အသုံးပြုသည့်ပစ္စည်းအနေဖြင့်ဇနီးမောင်နှံအတူ နေထိုင်သွားလာစဉ် အပျိုစင် တစ်ဦးကဲ့သို့ဖြစ်စေသည့်အထောက်အထားမျိုး ဖန်တီးပေးသည်ဟု ဆိုပါတယ်...

စေတနာကနေ ဝေဒနာဖြစ်ရတယ်ဆိုတာ ဒါမျိုးပေါ့ ...

ဒါကြောင့်လည်း စေတနာ လူတိုင်းနဲ့မတန် ဆိုတဲ့စကား ပေါ်ပေါက်ခဲ့တာဖြစ်မယ်...


A Saudi woman wanted to give her husband a pleasant surprise on their second marriage anniversary by telling him that she was a 'virgin again' by using a artificial hymen from China.
Instead of applauding his wife, he divorced her.

They were celebrating their wedding anniversary at home in the Saudi capital in Riyadh when the woman happily revealed her 'new virginity' secret.

The man, however, was not amused. He divorced her immediately.

The Sharq daily quoted sources close to the couple as saying that the man suspected his wife of not being a virgin before their marriage as she could have used an artificial hymen then too.

The Arabic language newspaper did not identify the couple nor did it say how the woman obtained the hymen.

Such items are strictly banned in Saudi Arabia, one of the most conservative Muslim nations.

During intercourse, the artificial hymen will begin to ooze out a red liquid that looks like blood.
Source: emirates247.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved