"အရေးကြီးသံတမန်" ဗိုလ်ချုပ်မှူးလေး

Saturday, April 7, 2012

Facebook မှာ ဖော်ပြထားတဲ့ သတင်းတပုဒ် ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ မြေးတော် ဖိုးလပြည့်အကြောင်း ဖြစ်ပါတယ်။
ဧပြီလ-၆၊ ၂၀၁၂- မနက် ၇နာရီထွက်မယ့် ရန်ကုန်-နေပြည်တော် မြန်မာ့
လေကြောင်းလိုင်း အတွက် ခရီးသည် ၈၀ကျော်မှာ သာမာန်ပြည်သူတွေ
အပြင် အစိုးရ အရာရှိကြီးများ၊ ကိုရီးယား NGO အရာရှိများ နှင့် သံအမတ်
တဦးပါဝင်ပါတယ်။

ကွင်းချိန်း မနက်၅နာရီတည်းက ရောက်ရှိနေကြပြီး လေယာဉ်ပေါ်ကို မနက် ၆နာရီကျော်တည်းက ရောက်နေကြပါတယ်။ ဒါပေမယ့် လေယာဉ်ထွက်ချိန်
ကျော်ပြီး ၇း၃၀ ထိမထွက်တာကြောင့် ခရီးသည်တွေမှာ လေယာဉ်ထဲမှာ
ချွေးတရွှဲရွှဲနဲ ဒုက္ခရောက်ကြရပြီး နောက်ဆုံး လေယာဉ်ဝန်ထမ်းတွေနဲ့ စကားများပြီး လေယာဉ်ပေါ်ကဆင်းကာ ကွင်းထဲဆင်းနေကြပါတယ်။

ကြာလာတော့ ခရီးသည်တွေကို ထွက်ခွာအဆောက်အအုံထဲ ကားနဲ့ပြန်ခေါ်
လာရပါတယ်။ ခရီးသည်တွေကို အရေးကြီးသံတမန်တဦး ကိုစောင့်နေတာ
ကြောင့် ပါလို့ပြောပါတယ်။ ၈း၃၀လောက်မှာ လေယာဉ်ပေါ်ပြန်တက်ခွင့်ရခဲ့
ပါတယ်။

ခရီးသည်တွေ လေယာဉ်ပေါ်ရောက်ပြီး မကြာခင်မှာ ဗိုလ်ချုပ်သန်းရွှေရဲ့မြေး ဖိုးလပြည့်တက်လာပါတယ်။

သူတက်လာပြီးမကြာခင်မှာ လေယာဉ်ထွက်ခွာပါတယ်။ လေယာဉ်ဝန်ထမ်း
ပြောတဲ့ သံတမန်ကတော့ ခရီးသည်တွေနဲ့အတူ ရှိနေခဲ့ပြီး သူ့ကို ရာသီဥတု မကောင်းလို့ပါလို့ ပြောကြားခဲ့ကြောင်းသိရပါတယ်။

ဖိုးလပြည့်က ရှေ့ဆုံးထိုင်ခုံမှာထိုင်လိုက်ချိန်မှာတော့ အနောက်ဘက်က လူငယ်
တဖွဲ့ "ဟေး" အော်လိုက်ကြကြောင်း သိရပါတယ်။ နေပြည်တော်ရောက်တော့ ဖိုးလပြည့်ကို လေတပ်အရာရှိက လာကြိုတာ ဓါတ်ပုံမှာ တွေ့ရတဲ့ အတိုင်းပါဘဲ။

မေးခွန်း- လက်ရှိ ဒီမိုကရေစီအစိုးရကို သင်ဘယ်လိုမြင်ပါလဲ??
By: အဂ္ဂမဟာ ဒီမိုဖက်တီး


16 comments :

  1. zawtun said... :

    they are still making such stupid manners to the people

  1. Anonymous said... :

    ဖတ်ပြီး ဘယ်လိုခံစားသွားရသလဲတောင်မသိတော့ပါဘူးရှင်
    တကယ့်ကိုမြန်မာပြည်သူပြည်သားတွေလဲ သူတို့ရဲ့ အနှိပ်စက်အစော်ကားခံဘ၀က ဘယ်တော့များမှ အပြီးလွတ်မြောက်မလဲမသိပါဘူး။
    ဦးသန်းရွေဆိုရင်တောင် နောက်ကျတာ အသက်အရွယ်အရ လက်ခံနိုင်ပါသေးတယ်။
    အခုတော့ ...........ဘာမဟုတ်တဲ့ (မှားလို့ ၊သမ္မတ ထက်တောင်အရေးပါတဲ့ )သူကြောင့် ကျန်တဲ့သူတွေ အချိန်ပုတ်ခံ၊ နေပူခံ၊စိတ်အနှောက်အယှက်ဖြစ်ရတာတွေ သြော်.......

  1. Anonymous said... :

    လက်ရှိအစိုးရကတော့ ဒီမိုတပိုင်း၊စစ်ပဒေသရာဇ်တပိုင်း
    ဖားတပိုင်းငါးတပိုင်း။
    ဒါကြောင့်မီးစတဖက်၊ရေမှုတ်တဖက်ပေါ်လစီကျင့်နေတာ
    ပေါ့။ဟို--မိသားစုကအနေနဲ့ချမ်းသာနေတာပဲ၊ ကိုယ်ပိုင်လေယာဉ်ဝယ်စီးပေါ့၊ဘာကြောင့်ခုထိလူတွေကို နှိပ်ဆက်နေတာလဲ။

  1. winn said... :

    လူတွေကိုနှိပ်စက်တာအကျင့်ပါနေပြီ။။ထင်တယ်။

  1. Joe said... :

    I felt like sick to hear such as awful stories. The entire Burmese military is licking their balls (Sorry for my language but true).
    Simply waste of public money.

  1. Anonymous said... :

    than shwe
    you killed a lot of young myanmar like your father Ne win.

    Lets see what happen in the past.
    After Ne Win die, look what happen to his children. They cannot come out to community

    when u die, and all die who are now in public view, your this son in law will be' swimming in the sea of saliva of all the people.

    that is what Khin nyuntsaid ' KanKan ah kyoe .

    if ur son/ grand children to to foreign country,there is more more danger to you.

    you will suffer what other parents of Myanmar suffered before.

    Just wait and see.

  1. Anonymous said... :

    လက်ရှိ သမတကြီး သိန်းစိန် ဦးဆောင် သော အ စိုး ရ သည် ဗိုလ် သန်းရွှေ ရဲ့ အမိန့် အ တိုင်း တ သွေ မ တိမ်း လုပ် ဆောင် နေ ရသော အ စိုး ရ သာ ဖြစ် သည်။

  1. Anonymous said... :

    လုပ်လိုက်ပုံက လူမရိုသေ၊ရှင်မရိုသေ တလောက
    လုံးမင်းလုပ်စာ စားနေကြတာမဟုတ်ဘူး။အဖိုးက ပြည်
    သူ့ ချဉ်ဖက်၊မြေးက အရက်သမား အန်ဖက် ဖြစ်ပြန်
    ပကောလား။မင်းတို့ ရဲ့ လုပ်ပိုင်ခွင့်အဏာတွေ နေ၀င်
    ချိန်ရောက်နေတာကို သတိကြီးကြီးထားထားပေတော့။
    သမိုင်းကြွေးက ပြေးမရဘူးဟေ့....

  1. Anonymous said... :

    Felling terrible, they still not think value to public. And they still have power in the back. Really scare, their frying pan after they die will be quite big.

  1. Anonymous said... :

    that shows how stupid of mmr peole.

  1. Anonymous said... :

    အသိနဲ့ ပညာကလဲနည်းတော့ ကိုယ်ရောက်နေတဲ့နေရာမှာဘယ်လို ကျင့်ပြီး နေထိုင်ပြရမယ်ဆိုတာမသိရှာဘူး..သနားဘို့လဲကောင်းပါတယ်.

  1. Anonymous said... :

    life is like a graph.. the line goes up and down.. if someone misuse those moments and being so proud of him/her-self(for nothing) while the line's going up...... what if the line goes down????
    so be aware that the line never goes up at all time...''

  1. Anonymous said... :

    ဖတ်ကြည့်ပုံအရတြော့မန်မာလေကြောင်းလိုင်းက ဒီမိုကရစီ မရသေးတာဖြစ်မှာပါ။

  1. Anonymous said... :

    ဖန်ခွက်ထဲေ၇တ၀က်တောင်ကျန်သေးတယ်ဆိုတဲ့ အမြင်နဲ့ပြေ၇၇င်တော့ ............(ဒီကောင်တွေ လေယာဉ်သီးသန့်တစ်စင်းတောင်းမရလို့ရတဲ့ အစင်းနဲ့လိုက်ရတာလို့ မြင်ရင် ပိုမှန်မယ် ထင်ပါတယ် )။ပြည်သူအများစုနစ်နာတာကိုတော့ စိတ်မကောင်းပါ ဘူး ။ဆင်နားရွက်ကြားကမွှားလေးပါ ။

  1. It is all Burmese Army fault. These stupid Generals are still treating Than Shwe like a king. Lets see Army will serve the country and people or will they serve themselves???/

  1. pheasant said... :

    ဒါလား ဒီမိုကရေစီ အစိုးရ ၊ ခုချိန်ထိ အာဏာရှင် လက်ကိုင်တုတ် အစိုးရပဲ ဦးသိန်းစိန်ကို ကောင်းတယ်ဆိုပြီး ထောက်ခံနေတာ ခုတော့အလကားပဲ အာဏာရှင်လက်ကိုင်တုတ်ပဲ လုံးဝမလေးစားတော့ဘူး ၊ ဒီမိသားစုက ခုချိန်ထိ အခွင့်ထူးခံ ဖြစ်နေတာ၊ ဦးသန်းရွှေက အရင် ခေါင်းဆေင်ဟောင်းမို့လို့လေယဉ် စောင့်ပေးရရင် လက်ခံနိုင်ပါသေးတယ် သူ့ မိသားစု ကဘာမို့လို့လဲ သူတို့က ရိုးရိုးအရပ်သားပဲ၊ ဘာလို့ ခွင့်အထူးခံပိုင်ခွင့်ရှိနေတာလဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved