KNU နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

Sunday, April 8, 2012

ရန်ကုန်ရောက် KNU ခေါင်းဆောင်များ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များနဲ့ သွားရောက် တွေ့ဆုံ စကားပြောဆိုကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ထိပ်တန်းကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကရင်လုံချည် ၀တ်ဆင်ထားတာ တွေ့ရပါတယ်။

တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။




1 comments :

  1. အေတူကန် said... :

    အခုကနေစလို့ ရှေ့ ဆက်ပြီး ကရင်နဲ့ ဗမာ ထာဝရ ငြိမ်းချမ်းစွာ အတူနေထိုင်သွားဖို့ အလားအလာ ကောင်းတွေပါပဲ။ ဗမာဟာ တခြားတိုင်းရင်းသားတွေထက် ကရင်နဲ့  ရောထွေးနေထိုင်တာတောင် ပိုများပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတွေမှာ ဒီလိုပဲတွေ့ ရမှာပါ။ တစ်နိုင်ငံထဲမှာ တစ်မြေထဲမှာ နေကြတဲ့ လူမျိုးစုအားလုံး ဘယ်သူက ဘယ်သူ့ ထက် သာလွန်တာ၊ နိမ့်ကျတာတွေ မရှိဘဲ တန်းတူညီမျှမှု၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေရှိမှသာ ဒီမိုကရေစီနိုင်ငံလို့ ခေါ်နိုင်မယ်ထင်ပါတယ်။ ကရင်နဲ့ ဗမာ သွေးသားရင်းချာတွေ ငြိမ်းချမ်းစွာ ထာဝရ အတူယှဉ်တွဲ နေထိုင်နိုင်ပါစေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved