KNU နဲ့ အစိုးရပေးတဲ့ ကွန်ပျူတာများ

Thursday, April 12, 2012



လဖိုင် ရေးသားသည်)

မနေ့က ထိုင်းမြန်မာနယ်စပ်မှာ တွေ့ရတဲ့ KNU ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်များ (ဓာတ်ပုံ-ဧရာဝတီ)


ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် အစိုးရက ကရင်အမျိုးသားအစည်းအရုံး (KNU) သို့ပေးအပ်သည့် ကွန်ပျူတာများ ကို (KNU) ရုံးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။

အစိုးရက ဧပြီလ ၈ ရက်နေ့ ရန်ကုန်တွင် လက်တော့ ၁၆ လုံးနှင့် စားပွဲတင်ကွန်ပျူတာ ၅ လုံးကို ပေးအပ်လိုက်ခြင်းဖြစ်သည်။

“ကျမ ထင်တာကတော့ သမ္မတကြီးက ကျမတို့ကိုလက်တော့ပ်မရှိသေးဘူး ထင်နေတယ်၊ တောထဲမှာ လက်တော့ပ် တွေဘာတွေ သုံးနိုင်မလား လို့ထင်နေတယ်နဲ့ တူတယ်” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

သမ္မတကြီးဖြစ်စေ၊ မည်သူဖြစ်စေ ကွန်ပျူတာပေးခြင်းသည် အသုံးတည့်သဖြင့်ကြိုဆိုကြောင်း ဒေါ်နော်စီဖိုးရာစိန် ကပြောသည်။

ထို့ပြင် လက်ရှိငြိမ်းချမ်းရေးသည် အမြဲတမ်း ထွန်းလင်းစေရန် ရည်ရွယ်သည့် အဓိပ္ပာယ်နှင့် သမ္မတသည် နေစွမ်းအင်သုံး မီးချောင်းများကိုလည်း ပေးလိုက်သေးကြောင်း ၄င်းက ဆက်ပြောသည်။

“သူပြောတာက တောထဲမှာ နေလို့ရှိရင် နေပူထဲမှာ လှန်းလို့ရှိရင် အလင်းရတယ်၊ သုံးလို့ရတယ်တဲ့၊ ငြိမ်းချမ်းရေးက ဒီလို အမြဲတမ်းလင်းပါစေ ဆိုပြီး ပြောတယ်” ဟု ဒေါ်နော်စီဖိုးရာစိန်ကပြောသည်။

သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့ တနှစ်ပြည့်မိန့်ခွန်းအဖြစ် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၂ မတ်လ ၁ ရက်နေ့က ပြောခဲ့သည့် မိန့်ခွန်းတွင် သေနတ်အစား လက်တော့ပ် ကိုင်လိုသည့် တိုင်းရင်းသား လူငယ်များ ရှိသည်ဟု ပြောကြားခဲ့သည့် နောက်ပိုင်းတွင် လက်တော့ပ် လက်ဆောင်ပေးမူများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ မတ်လအတွင်း ပအိုင်းဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ လက်တော့ပ် ကွန်ပျူတာများ ပေးအပ်ခဲ့သေးသည်။


13 comments :

  1. Anonymous said... :

    မီးမှမလာတာဂျာ ..လက်တော့ဆိုရင်တော့ ဘက္ထရီက ၆ နာရီခံပေါ့။ ဒါဆိုရင် ... ငြိမ်းချမ်းရေးကလည်း ...

  1. Stupid said... :

    oh my god. Child play Ceasefire KNU? What a freak! I heard there are so many educated Karen Leader, but this is just so stupid. Just give up the arms already. If you guys go on with this kind of mindless acts, you guys will destroy entire Karen national. UNFC was good but you guys are really bad. Not a political group nor a national governing group. You guys don't have ability to manage your own destiny. You guys only know fight and get laptop and arguing that burmese are look down to you. Ofcoz even i look down you now.

  1. Anonymous said... :

    ဟိုက စပိုင် ဆော့ဖ်ဝဲတွေ ထည့်ပေးလိုက်တာဗျ။ ကြည့်လည်း သုံးကြအုံး :P :P :P :P

  1. Anonymous said... :

    ငြိမ်းချမ်းရေးနဲ့ Laptop လဲလှယ်တဲ့ နိမိတ်ပုံလို့ပြောချင်တာဖြစ်မယ်..တောထဲမှာမရှိဘူးထင်လို့ပေးတာတော့ ဟုတ်ဟန်မတူပါဘူး..

  1. အောင်ကြူး said... :

    သိပ်ပျော်မနေနဲ့.. လက်ပ်တော့ထဲမှာ ဂျီပီအက်စ်ထည့်ထားတယ်။ ဂြိုလ်တုကကြည့်ရင် နေရာအတိအကျပဲ...။ အီးဘေးမှာ လျော့ဈေးနဲ့ အမြန်ရောင်းလိုက်..။

  1. Anonymous said... :

    အစိုးရက ကရင်အမျိုးသား အစည်းအရုံး KNU သို့ ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် ပေးအပ်သည့် ကွန်ပျူတာများကို ကျေးဇူးတင်ပြီး၊ လာမည့် အနာဂတ်အတွက် အစိုးရစစ်တပ်များက တိုင်းရင်းသား လက်နက်ကိုင်တပ်များကို ဆက်မတိုက်ကြရန်နှင့် ကရင် ပြည်သူလူထူ အပါအ၀င် တိုင်းရင်းသားအားလုံးအတွက် မီးပေးမှ မြန်မာတနိုင်ငံလုံး ငြိမ်းချမ်းရေး ပိုပြီး လင်းသွားမှာပါ။

  1. Anonymous said... :

    တောင်းတာကငြိမ်းချမ်းရေး ပေးလိုက်တာက လက်တော့ ဟ ဟ ဟ ဟ ဟ..လက်တော့တွေက ပေါလွန်းလို့ ...ခလေးတွေငိုများရင်မုန့် နဲ့ ချော့တိတ်ပေးတယ်ဆိုတာ တာမျိုးပေါ့

  1. Anonymous said... :

    ယတြာ ချေတာလို့ထင်ပါတယ်။သူတို့တွေက ယတြာကိုဘဲအားကိုးနေကြမို့ပါ။

  1. kyawminmin said... :

    ဟိဟိ့ ဘာအမျိုးအစားလဲမသိဘူးနော်

  1. Anonymous said... :

    သမ္မတကြီးက ကွန်ပြူတာသာပေးတာ ဆက်သွယ်ရေးက သူခိုးတွေပညာပြနေလို့ အင်တာနက် ကွန်နက်ရှင် ကသိကြတဲ့အတိုင်း
    လျှပ်စစ်ဝန်ကြီးဋ္ဌာအကြောင်းကတော့ သမ္မတကြီးကိုယ်တိုင်သိလို့ နေစွမ်းအင်သုံးတွေပေးလိုက်တာ တိုင်းပြည်ကအဲလို

  1. Anonymous said... :

    we all knew they all playing around like already 06 years..so who els don't know? but anyway funny story @

  1. နိုင်ငံရေးရှုထောင့်ကကြည့်ရင် သတင်းကောင်းလို့ ပြောရပါမယ်။ ဒါပေမယ့် မူရင်း website မှာ comment ပေးထားတာတချို့ကို ဖတ်ကြည့်တဲ့အခါမှာ စိတ်ပျက်စရာ ကောင်းလောက်အောင် အပျက်သဘော မြင်တတ်သူတွေ ဖြစ်နေတယ်။ ဒါကြောင့်လည်း သူများနိုင်ငံတွေလို မဟုတ်ဘဲ တိုးတက်မှု နှေးကွေးနေရာပဲ။

  1. Anonymous said... :

    ကိုလွင်အောင်စိုးပြောတာထောက်ခံပါတယ်။
    လူတွေကစိတ်ဓါတ်တော်တော်ပျက်စီးနေကြတယ်။
    အကောင်းပြောဖို့တောင်ဝန်းလေနေကြတယ်။
    “ကျမ ထင်တာကတော့ သမ္မတကြီးက ကျမတို့ကိုလက်တော့ပ်မရှိသေးဘူး ထင်နေတယ်၊ တောထဲမှာ လက်တော့ပ် တွေဘာတွေ သုံးနိုင်မလား လို့ထင်နေတယ်နဲ့ တူတယ်” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ပြော
    မြန်မာအစိုးရကိုတော်တော်အထင်သေးပုံရတယ်နော်။မဲဆောက်မှာ မြန်မာထောက်လှမ်းရေး
    တွေအများကြီးပါ။ KNU နိုင်ငံတစ်ကားအထောက်အပံ့ နဲ့ထိုင်းမှာချမ်းသာနေတာကိုကော
    Bank account ကိုယ်စီနဲ့ဘယ်လောက်ချမ်းသာနေကြတယ်ဆိုတာကိုပါသိပါတယ်။
    ငြိမ်းချမ်းရေးကိုရှေရူးနေတဲ့ကာလမှာ KNU ကလူတွေအတွေးအခေါ်တွေနည်းနည်း
    မြှင့်လိုက်ပါအုံး။ KNU ဖြစ်လာဖို့ ကိုယ့်လူမျိုးသွေးသားတွေဖောက်ထုတ်ပြီး နင်းခြေ
    ခဲ့ပြီးလဲဆိုတာတွေးပြီး ကရင်အမျိုးသားကောင်းစားဖို့လုပ်ပေးပါအုံး။
    ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်ပါ။ ဘ၀ကိုအနင်ခြေခံပြီးပြည်သူကိုကယ်တင်ဖို့
    ကြိုးစားနေပုံကိုလေ့လားလိုက်ပါအုံနော်။ လေးလေးဝါးအတွေးတွေနဲ့၊
    ကရင်လက်နက် ကရင်လက်ထဲမှာ ကိုင်ထားချင်နေတဲ့စိတ်ဓါတ်တွေကိုပြင်လိုက်ပါတော့။
    ရာစုနှစ်တွေတော်တော်နောက်ကျနေပါပြီး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved