နိုင်ငံရေးသမားတွေပြောတဲ့ NLD ရှေ့ခရီး

Monday, April 2, 2012

လင်းသန့်

ယမန်နေ့က ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲရုံတခုတွင် ဆန္ဒမဲရေတွက်နေသည့် မဲရုံဝန်ထမ်းများ (ဓာတ်ပုံများ - ဧရာဝတီ)


ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်နှင့် NLD ၏ ရှေ့ခရီးစဉ်နှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး သမားများကြား ဝေဖန်ပြောဆိုနေကြသည်။

ယနေ့နံနက်ပိုင်းက ပြောကြားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု နှင့် ပတ်သက်သော မိန့်ခွန်းတွင် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို နိုင်ငံရေး အင် အားစုများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ထည့်သွင်း ပြောကြားသွားသည်။

ထိုပြောကြားချက်များအပေါ် မြန်မာ့ နိုင်ငံရေး ဦးဆောင်သူတချို့က သဘောထား အမြင်များကို ပြောဆိုနေကြခြင်း ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးက ယခုကြားဖြတ် ရွေးကောက်ပွဲတွင် အများစုအနိုင်ရသည့် NLD ၏ အောင်မြင်မှု သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့၏ ပူးပေါင်း ဆောင်ရွက်ရေး မူကို ပြည်သူက ထောက်ခံလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

“နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ပါဝင်တဲ့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးတို့ကို ဒေါ်အောင်ဆန်းစုကြည်က ကြိမ်ဖန်များစွာ ပြောထားပြီးဖြစ်တော့ အခုလို ရွေးကောက်ခံရလို့ လွှတ်တော်တွင်း ၀င်ရောက်သွားလို့ ရှိရင်လည်း ဒီကိစ္စတွေကို ဆက်ပြီးတော့ အလေးထား ဆောက်ရွက်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်”ဟု ကိုကိုကြီးက ဧရာဝတီကို ပြောသည်။


ရှေ့ဆက်၍ လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်မှုများမှသည် အမျိုးသား ပြန်လည်
သင့်မြတ်ရေးကို ပို၍မြှင့်တင်နိုင်လိမ့်မည် ဟု မျှော်လင့်ကြောင်း၊ တိုင်းပြည်တွင် ဖြေရှင်းရမည့် ပြဿနာများစွာကို လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ တို့မှတဆင့် ကျယ် ကျယ်ပြန့်ပြန့် အချိန်ယူဖြေရှင်းသွားနိုင်မည်ဟုလည်း ယုံကြည်ကြောင်း သူက ဆက်ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) ကလည်း NLD အနိုင်ရရှိမှုကို ကြိုဆို
လိုက်ပြီး လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုများ ပိုကြီးမားလာခြင်းဖြစ်ကြောင်း၊ မူဝါဒများ တူညီပြီး လုပ်နည်းလုပ်ဟန် ပိုင်းသာ အနည်းငယ်ကွဲလွဲနိုင်ကြောင်း၊ လက်တွဲဆောင်ရွက်သွားရန်လည်း အသင့်ရှိကြောင်း ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေ က ပြောသည်။

“NDF ကတော့ ငြိမ်းချမ်းရေး ရရှိရေးသည် နံပါတ် ၁ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးရှိပြီး မျှတတဲ့ တရားစီရင်ရေး ရှိမှ သာ လျှင် ဒီမိုကရေစီ လူ့ဘောင်ကို ပီပီပြင်ပြင် ရောက်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်”ဟု သူက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ပါတီ၏မူဝါဒထဲတွင်ပါဝင်ပြီးဖြစ်ကြောင်း၊ လွှတ်တော်တွင်းကသာ အခြေခံဥပဒေပြင်ဆင်ရေး ကို အများစုဆန္ဒဖြင့် စနစ်တကျ ပြင်ဆင်သွားနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ဦးခင်မောင်ဆွေ က ဆက်ပြောသည်။

“NLD ရောက်လာတဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ ပိုပြီးတော့ ထင်သာမြင်သာဖြစ်လာတာပေါ့၊ ကျနော်တို့ ရွေးကောက်ပွဲ ၀င်ခဲ့တာဟာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ကြိုက်လို့ ၀င်ခဲ့တာမဟုတ်ပါဘူး”ဟု သူက ဆိုသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ကြွေးကြော်ထားသည့် လမ်းပြမြေပုံ ၃ ချက်ကို အကောင်အထည်ဖော်ရေးသည် ပဏာမအဆင့် လွှတ်တော်တွင်း၌ လွတ်လပ်စွာဝေဖန်ထောက်ပြနိုင်မည်ဖြစ်ပြီး အစိုးရ တရပ် မဟုတ်သည့်အတွက် အခက်အခဲများရှိနိုင်ကြောင်း ပြောဆိုသည်။

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ခေါင်းဆောင်လည်းဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အဖွဲ့ဝင် တဦးလည်းဖြစ်သူ ဦးအေးသာအောင်ကမူ“သမ္မတ စတဲ့ ခေါင်းဆောင်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လွှတ်တော် ထဲ ရောက်စေချင်တယ်။ အဲဒီကနေပြီးတော့ နိုင်ငံတကာ ဆက်ဆံရေး၊ အထူးသဖြင့် စီးပွားရေးပိတ်ဆို့မှု ၊ ကမ္ဘာ့ဘဏ်နဲ့ အ ထောက်အပံ့တွေအပါအ၀င် အားလုံးကို မျှော်ကိုးပြီးတော့ လွှတ်တော်ထဲ ရောက်စေချင်တာလဲ ပါတယ်”ဟု ပြော ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဆက်စပ်ကြောင်း၊၂၀၀၈ ဖွဲ့စည်းပုံမပြင်လျှင် ငြိမ်းချမ်းရေး ရရန် မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့ နှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဦးအေးသာအောင် က ဆိုသည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ရေးတွင် အဟန့်အတားများ ရှိကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၇၅ ရာခိုင်နှုန်းကျော် အဆိုပြုရုံသာမက လူထုဆန္ဒခံယူပွဲပါ လုပ်ဆောင်ပြီးမှ ဖွဲ့စည်းပုံကို ပြုပြင်မည့်အပိုဒ်ကို ပြင်ဆင်ရန်ဖြစ်နိုင်ကြောင်း၊ လွှတ်တော်တွင် ကြံ့ ခိုင်ရေးပါတီနှင့် တပ်မတော်ကိုယ်စားလှယ်များ၏ အဟန့်အတားများလည်း ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရအဖွဲ့အတွင်း ပါဝင်လာနိုင်သည်ဟူသည့် ပြောဆိုမှုများ ပေါ်ထွက် နေသော်လည်း ၎င်း အနေဖြင့် သဘောမတူဟုလည်း ဦးအေးသာအောင် က ဆိုသည်။

NLD ပြောခွင့်ရသူ တဦးဖြစ်သည့် ဦးဉာဏ်ဝင်းကလည်း ပါတီက ချမှတ်ထားသည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်း ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည့် လမ်းပြမြေပုံ ၃ ချက်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောဆိုသည်။

“တရားဥပဒေ စိုးမိုးရေးကို ပထမ ဦးစားပေး အနေနဲ့ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။

အမျိုးသား လွှတ်တော် ဥက္ကဌ နှင့် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က လွှတ်တော်တွင်းရောက်လာ သည့် အခါ မည်သည့်အခန်းကဏ္ဍတွင် ရှိနိုင်မည်ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပေါ်တွင်သာ မူတည်သည်ဟု ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောဆိုထားသည်။

“လွှတ်တော်ထဲ ရောက်လာတဲ့အခါမှာ သာမန် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ နေမှာလား၊ ကော်မတီတရပ် အနေနဲ့ နေမှာလား ဆိုတာတော့ သူ့ရဲ့ဆန္ဒတွေပေါ်မှာလည်း မူတည်တယ်။ ကော်မတီဖွဲ့တဲ့အခါမှာ မလုပ်ချင်ဘူးဆိုရင် သူနေလို့ ရတာပေါ့။

လုပ်ချင်တယ်ဆိုလည်း ရတယ်၊ ထွက်မယ်ဆိုရင်လည်း ရတယ်၊ ဒီကော်မတီက။ ရိုးရိုး Member(အဖွဲ့ဝင်)အနေနဲ့ နေမယ် ဆို လည်း ရတယ်။ သူ့အပေါ်မှာပဲ အများကြီး မူတည်တယ်”ဟု ဦးခင်အောင်မြင့်က ပြောသည်။

ဧပြီ ၁ ရက် ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်မြေ ၄၅ နေရာအတွက် နိုင်ငံရေးပါတီ ၁၇ ပါတီ ၀င်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြရာ NLD က ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၄၃ နေရာ အနိုင်ရရှိကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

13 comments :

  1. အမှန်အတိုင်းပြောရရင် NLD နဲ့ ဒေါ်စုကို ကျွန်တော် သိပ်အားမရသေးပါဘူး။ ဒါကြောင့် ၂၀၁၅ ကျရင် ကျွန်တော်ကိုယ်တိုင် အမတ်ဝင်အရွေးခံပြီး လွှတ်တော်ထဲဝင်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါကျွန်တော် လေကြီးပြီး ပြောတာ မဟုတ်ဘူးနော်။ ဘာမဟုတ်တဲ့ ဇေယျာသော်တောင် အမတ်ဝင်ပြိုင်ပြီးနိုင်သေးတာပဲ။ ကျွန်တော်ဆို နိုင်ငံခြားမှာလဲ အကြာကြီးနေဖူးတော့ ပြည်ပဗဟုသုတလဲ ကြွယ်ဝတယ်။ ပညာလဲတတ်တယ်။ ဒါကြောင့် ဝင်ပြိုင်မယ်ဆုံးဖြတ်လိုက်တာပါ။

  1. Anonymous said... :

    လူထု၊ ပေးဆပ်စွန့် လွှတ်သူ နိုင်ငံရေးအကျဉ်းသားများ၊
    ကျောင်းသားများနဲ့  အခြားအခြားသော တက်ကြွလှုပ်ရှားသူ များက ဒေါ်စုကို နောက်ထပ် တကြိမ် စင်ပေါ်တင်လိုက်ပါပြီ။ ပြည်သူလူထု တယောက်ချင်းစီမှာ တာဝန်ရှိတယ်ဆိုတဲ့ စကားလုံးမျိုးသက်သက်တော့ နောက်ထပ် မဖြစ်စေလိုတော့ပါ။ ကျနော်တို့ အားလုံးလည်း အလွန်အကျွံ ၀မ်းမသာသင့်သေး ပါ။ ဒေါ်စု အောင်မြင်ပါစေ။ မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ။

  1. အေတူကန် said... :

    ခြေစစ်ပွဲအောင်ရုံပဲ ရှိသေးတယ်။

  1. အေတူကန် said... :

    Winning a landslide victory in by-elections means that NLD party and the people are starting a new era of building a democratic nation. Democratic credentials, rule of law and the end of war on ethnic minorities and the release of political prisoners are our expectations. The success also marks the triumph of the people. NLD is expected to reconcile with other parties. The vote was an important step in the democratic transition of our country that enables NLD to implement democratic reform in not-so-distant futue. We all must be united to weather the storm.

  1. Anonymous said... :

    ကိုမျိုးဟန်ထွန်း..
    ဆုံးဖြတ်ချက်ကိုတော့ လေးစားပါတယ်ဗျာ။ အမတ်ဖြစ်ဖို့ ဒီလိုမျိုးလွယ်လွယ်လေးတော့ မပြောလိုက်ပါနဲ့ဗျာ။ မြန်မာနိုင်ငံမှာ ပေါပေါပဲပဲ အဆန်ချောင်နေတဲ့ကောင်တွေ အမတ်ဖြစ်နေတယ်လို့ ထင်မှာစိုးလို့ပါ။ ပညာတတ်ရုံနဲ့ ပညာရှိ မဟုတ်သေးဘူးလေ။ ပြည်ပဗဟုသုတရှိရုံနဲ့ အမတ်လုပ်နိုင်ဖို့ အရည်အချင်းရှိပြီလို့ မဆိုနိုင်ဘူး။ ခေါင်းဆောင်လုပ်ချင်ရင် ခေါင်းဆောင်တွေရှိရမဲ့ အနစ်နာခံမှု၊ ဇွဲ၊ လုံလ၊ ခံယူချက် ပြင်းထန်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ သနားညှာတာမှု၊ အမျှော်အမြင်ရှိမှု၊ တိုးတက်ကြီးပွားအောင် စွမ်းဆောင်နိုင်မှု၊ အမှားအမှန် ခဲခြမ်းစိပ်ဖြာနိုင်မှု၊ တခြားခြားသော အရည်အချင်းတွေအများကြီးရှိဖို့ လိုသေးတယ်ဗျ။ ခင်ဗျားပြောသလို ထင်သလောက်မလွယ်ပါဘူးဗျာ။ ဇော်ယျာသော်တောင် ဖြစ်နိုင်သေးတာဆိုရင် သူ့လို ထောင်ထဲမှာ နှစ်အကြာကြီးနေရပြီး အနစ်နာခံနိုင်ရည်ကော ရှိနေပြီလား။ အန်တီစုလိုကော အမျှော်အမြင်ဥာဏ် စဉ်းစားတွေခေါ်မှုဥာဏ်ပညာတွေထက်ကော သာလွန်နေပြီလား။ ဘွဲ့တွေ တန်းစီရရုံနဲ့တော့ ပညာတတ်ပဲဖြစ်မယ်။ ပညာရှိတော့ မဖြစ်နိုင်သေးဘူး ခင်ဗျ။ ဆုံးဖြတ်ချက်တော့ လေးစားပါတယ်။

  1. Anonymous said... :

    ကိုမျိုးဟန်ထွန်း..
    မင်းပါးစပ်က မှန်တာကို သတ္တိရှိရှိ နှင့်ပြောရဲလို့လား။ ပြောခဲ့ဘူးလို့လား။ မင်းမလုပ်ရဲတာတစ်ခုတည်းနှင့်ပဲ အရည်အချင်းမပြည့်မှီပါ။
    မင်းလုပ်ချင်စိတ်ရှိတဲ့အတွက်ချီးကျုးပါတယ်။ တကယ်လုပ်ဖြစ်အောင်ဆက်ကြိုးစားပါ။ အားပေးပါတယ်။ ငါ့တို သမိုင်းတလျှောက်မှာ "ONLY ပြောပြော လူတန်းစား" ဆိုတာရှိခဲ့ဘူးတယ်။
    ဦးဇေယျာသော်ရဲ့ပေးဆပ်မှုတွေကို လျော့မတွက်ပါနှင့်။ ပြည်သူတွေက ယုံကြည်ကိုးစားစွာ မဲပေးထားတဲ့အမတ်လောင်းပါ။ ဦးဇေယျာသော်က မတရားမှုတွေကို မဖြစ်သင့်ကြောင်း မကြောက်မရွံ ပြောတယ်လုပ်တယ်။ ဆက်လုပ်လိမ့်မယ်လို့ယုံကြည်လို့ မဲပေးခဲ့တာ။

  1. Anonymous said... :

    မောင် မျိုး ဟန် ထွန်း

    ညီလေး ကို လေးစားပါတယ်၊ ဒါ ပေ မဲ့ ညီလေး တ ယောက် တည်း ပညာ တွေ တတ် ပြီး နှိုင် ငံ ခြား မှာ ရှိ နေ တယ် လို့ထင် နေ သလား? မြန် မာ ပြည် ထဲ မှာ ညီလေး ထက် တတ် တဲ့ လူ တွေ တ ပုံ ကြီး ဘဲ။
    ဇေယျာ သော် လို ဖြစ် ချင် ရင် ၊ ဇေယျာ သော် လို လုပ် မှ ပေါ့။

  1. Anonymous said... :

    ကိုမျိုးဟန်ထွန်းရေးထားတဲ့ဒီစာကြောင်း"
    ကျွန်တော်ဆို နိုင်ငံခြားမှာလဲ အကြာကြီးနေဖူးတော့ ပြည်ပဗဟုသုတလဲ ကြွယ်ဝတယ်။ ပညာလဲတတ်တယ်။"
    ငါနှင့်ငါသာဆိုတဲ့အတွေးရှိနေရင်
    ပြန်မလာပါနဲ့။ပြည်သူတွေအတွက်နိုင်တဲ့
    ဘက်ကအနစ်နာခံပေးဆပ်ဖို့အသိကိုအရင်မွေးလိုက်
    ပါ။ဆရာကြီးသခင်ကိုယ်တော်မှိုင်း
    ကပြည်တွင်းကနော်။

  1. Anonymous said... :

    မောင်မျိုးဟန်ထွန်း အသက်ကတော့ဘယ်နှစ်နှစ်လဲမသိပါ
    ကိုယ့်ထက်တော့ငယ်မယ်ထင်ပါတယ်..
    အမတ်လုပ်ဖို့လွယ်ချင်လွယ်နိုင်တယ်..လွတ်တော်ထဲမလဲ အဲဒီလို အမတ်တွေ အများကြီးရှိနေနိုင်တယ်..ဒါပေမဲ့ ရည်ရွယ်ချက်ကအမတ်လုပ်ဘို့ လွတ်တော်ထဲဝင်ဘို့သက်သက်ဆိုရင်တော့....
    ပြည်သူအတွက်လုပ်ပေးချင်တယ်ဆိုရင် ကိုယ့်သမိုင်းကြောင်းကို ကိုယ်အရင်ကြည့်လိုက်ပါအုန်း..အမေစု NLD မပြောနဲ့အုန်း သိပ်ဝေးသေးတယ်..ကိုယ့်အိမ်အတွက်
    ကိုယ့်မိသားစုအတွက် ကိုယ့်ရပ်ကွက်အတွက် ဘာလုပ်ခဲ့ဘူးလဲ...အတန်းပညာလဲလိုမယ်..
    လောက ကိုလည်းအကျိုးပြုချင်စိတ်လဲလိုမယ် မောင်လေးရေ..

  1. Ko Gyi said... :

    U Myo Han Tun
    You should state what things you no satify the NLD and MP Daw ASSK.You said your not big talker, but you already told in your statement you are educated, enough knoweldge and stay too long at foreing country. That not big talker? Why you blaim to MP U Zayyar Thaw, actually you should blaim your self.I can say you can't be MP if you should not change your mind. Firstly you should change to your mind and learn how to serve the people.

  1. အေတူကန် said... :

    Myo Han Tun,

    What you write is what you are. Obviously, you're brainless to say that. If you want to make such an offensive remark on Zayar Thaw who sacrificed for the freedom of the country, you'd better SHUT UP. If you think you're well-educated, DON'T MESS UP.

  1. Anonymous said... :

    ကိုသန်းနိုင်
    ကျွန်တော် ကဘယ်ပါတီ၊ဘယ်အစိုးရရဲ့သြဇာခံမဟုတ်သလို လွတ်လပ်မျှတချင်တဲ့ပြည်သူတစ်ဦး သို့တည်းမဟုတ် တာဝန်ကိုသိတတ်တဲ့ တာဝန်သိပြည်သူတစ်ဦးပါ ။ကျွန်တော်တို့မှာ ပြည်သူတွေအတွက် အလုပ်တွေလည်းလုပ်ခဲ့ သလို ဆက်လက်ပြီးလုပ်နေပါတယ်။ ကျွန်တော်ပြောချင်တာက ဒီ ဘိုင်အလက်ရှင်ကြောင့်လာမယ့် အလက်ရှင်အတွက်တစ်တိုင်းပြည်လုံးကို ယခုနိုင်သွားခဲ့တဲ့နေရာလေးတွေက လက်ခမောင်းခက်ပြလိုက်သလို ဖြစ်သွားတယ်လို့ကျွန်တော်အဲ့သလိုမြင်ပါတယ်။ထားပါတော့ အမတ်တွေလွတ်တော်ထဲရောက်သွားကြပြီဆိုရင် ဒီအမတ် ကိုယ့်မြို့နယ်အတွက် တာဝန်တွေကြေနိုင်အောင် ဘယ်လို သွားကြမှာလည်းဆိုတဲ့ ရွေးကောက်ပွဲ အလွန်ကာလကို စောင့်ဆိုင်း ကြဖို့ ၊ စောင့်ကြည့်ကြဖို့ ပြည်သူတွေကိုယ်စား ကျွှန်တော်ပြောချင်ပါတယ်။

  1. Anonymous said... :

    NLD ထောက်ခံသူ အများစု ဘယ်လောက် ထုံအ လဲသိလိုက်ပါပြီ။ စိတ်ထားလေးတွေတော့ ကောင်းကြပါတယ်။ သူများညာချတိုင်းမခံရဘို့ ဆုတောင်းပေးလိုက်တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved