ထိုင်းစစ်သား ၅၀၀ SSA ဘက်မှ ကူညီ တိုက်ခိုက်ခဲ့

Tuesday, April 24, 2012

.


အိမ့်သံစဉ် ရေးသားသည်)
ထိုင်းသတင်းထောက် “၀ါစနာ နာနွမ်”

ဒီမိုကရေစီ ရှိတဲ့နိုင်ငံမှာ မီဒီယာနဲ့ သတင်းထောက်တွေဟာ နိုင်ငံအတွင်းမှာရှိတဲ့ ဖြစ်ပျက်မှုတွေကို စုံစမ်းထောက်လှမ်းပြီး သတင်း အတိအကျ မှန်ကန်စွာနဲ့ ဖော်ပြနေကြပါတယ်။

ယ္ခုအခါမှာတော့ ထိုင်းစစ်တပ်ရဲ့ အတွင်းသတင်း မှန်သမျှနှင့် လူအခွင့်အရေး ချိုးဖောက်မှု့တွေက အစ တော်တော်များများ ကို ဖော်ထုတ်ရေးသား တင်ပြလာသူကတော့ စစ်ဖက်ဆိုင်ရာ ထိုင်းသတင်းထောက် “၀ါစနာ နာနွမ်” ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ထိုင်းစစ်တပ် ယာယီ အာဏာသိမ်းမှုနှင့် ပတ်သက်၍ သတင်းလျှို့ဝှက်ချက်တွေကို ဖော်ထုတ် ရေးသားထားတဲ့ (လျှို့ဝှက်-ဖုံးကွယ်-ဖျောက်ဖျက်) အမည်ရှိ စာအုပ်(အပိုင်း-၁) သူက ရေးထုတ်ဝေလိုက်ပါပြီ။

အဲဒီစာအုပ်ထဲမှာ ၂၀၀၂ ခုနှစ်တုန်းက မြန်မာအစိုးရတပ်နှင့်ဝ စစ်တပ် (UWSA) ပူးပေါင်း ထိုးစစ်ဆင်မှုတွေမှာ ထိုင်းစစ်တပ်က (SSA) ဖက်မှနေ၍ ကူညီပြီး ပစ်ကူပေးခြင်း၊
ထိုင်းစစ်သား(၅၀၀)ကိုလဲ ရုပ်ဖျက်စေပြီး SSA ယူနီဖောင်း ကို ၀တ်စေ၍ မြန်မာအစိုးရတပ်နှင့် ၀ စစ်တပ်တို့အား ၀င်ရောက် တိုက်ခိုက်ခြင်း တို့ကိုပါ ရေးသားထားတာကို တွေ့ရှိရတယ်။

ဤရေးသားချက်တွေကို ကြည့်ခြင်းအားဖြင့် သတင်းတင်ပြမှုမှာ လွတ်လပ်မှုရှိနေတယ် ဆိုတာကို ဖော်ပြနေပါ တယ်။

အကယ်၍ မြန်မာပြည်မှာ သတင်းနှင့် မီဒီယာလွတ်လပ်ခွင့်အပြည်အ၀အမှန်တကယ် ရရှိမည်ဆိုရင် အတိုင်းထက် အလွန်ပါပဲ။

ထိုနည်းတူစွာ ဖော်ပြနိုင်ပါက တိကျမှန်ကန်စွာ ရေးသား တင်ပြနိုင်မဲ့ သတင်းထောက်တွေ ရှိလာ နိုင်မည်မှာ မလွဲ သေချာ ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved