မုံရွာကြက် အသေအပျောက်များ

Wednesday, May 23, 2012



(photo by http://keepingchickens.blogspot.com)

မုံရွာကြက်/ငုံးမွေးမြူရေးဇုန်တွင် ကြက်ကောင်ရေ ထောင်ချီသေဆုံးခြင်းကြောင့် ဇီဝလုံခြုံရေးတိုးမြင့်

ခိုင်ရီ

မုံရွာ ကြက်ခြံများတွင် ကြက်ကောင်ရေ ထောင်နှင့်ချီ သေဆုံးလျက်ရှိကြောင်း မွေးမြူရေး လုပ်ငန်းရှင်များက ပြောကြားသည်။

“အဓိကက အပူချိန်များလို့ဖြစ်တာပါ။ အပူများတော့ ကြက်က အစာစားနူန်း ကျတယ်။ တချို့ဆို ရေဖျန်းပေးရတဲ့အထိကို လုပ်ပေးရတာ။ ညဘက်မီးထွန်းပြီး အစားကျွေးမယ် ဆိုတော့လည်း မီးက ပျက်နေတယ်။ Heat Stoke ဖြစ်တဲ့သဘောကြောင့်ပါ” ဟု မွေးမြူရေးဇုန် ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“သေတဲ့ကြက်တစ်ကောင်ကို ဓာတ်ခွဲစမ်းသပ်ဖို့အတွက် သက်ဆိုင်ရာကိုပို့ထားပါတယ်။ ဘာမှတော့ အကြောင်းမပြန်သေးဘူး” ဟု မွေးမြူရေးဇုံကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဤအတောအတွင်း ကြက်မွေးမြူရေး ဇုန်အတွင်းသို့ ပြင်ပလူများ ၀င်ရောက်ခွင့် ပိတ်လိုက်သည်။
“ ကြက်/ငုံးမွေးမြူရေးဇုန်တွင် ဇီဝလုံခြုံရေး တိုးမြှင့် ဆောင်ရွက်နေပါသဖြင့်၁၈.၅.၂၀၁၂နေ့မှစ၍
(၁) ဇုန်အတွင်းသို့ ကြက်/ငုံး ဈေးသည်ယာဉ်များ ၀င်ရောက်ခွင့် မပြုပါ။
(၂) ပြင်ပဧည့်သည်များ၊ ဈေးသည်များ ၀င်ရောက်ခွင့် မပြုပါ။
(၃) ကြက်/ငုံးဝယ်သူများ ၀င်ရောက်ခွင့် မပြုပါ။
ယာယီ ရပ်ဆိုင်းထားသည်။

ကော်မတီမွေး/ သင်း”

ဟု ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

ဖေဖော်ဝါရီ၂၅ရက်နေ့တွင်လည်း မုံရွာခရိုင်၊ ချောင်းဦးမြို့၊ နေရှင်နယ် ရပ်ကွက်ရှိ ကြက်ခြံနှစ်ခြံမှ ကြက်ကောင်ရေ ၆၀ ကျော် ရုတ်တရက် သေဆုံးခဲ့သည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved