ဗိုလ်သန်းရွှေတို့ နာမည်တွေကို အသုံးချနေတယ်

Thursday, May 3, 2012



ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သူ့မြေး ဖိုးလပြည့် နဲ့ ပါဝါကြီးတယ်လို့ ယူဆရသူများရဲ့ နာမည်ကို သုံးပြီး AA Medical Products Ltd က ဗိုလ်ကျ အနိုင်ကျင့်နေတယ် တဲ့။ ဧရာဝတီကို ရောက်လာတဲ့ စာတစောင်ကို ဖော်ပြလိုက်ပါတယ်။
(AA က အွန်လိုင်းမှာတော့ နာမည်ကြီးပါပဲ။ http://www.demowaiyan.org/2011/07/blog-post_4191.html မှာ ဖော်ပြထားချက်အရဆိုရင် ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ ပြည်မြန်မာကုန်တိုက်က ဆိုင်ခန်းတွေကို အပိုင်စီးမှုဟာ AA ရဲ့ လက်ချက်လို့ ဆိုပါတယ်။)

မပြောင်းလဲသေးတဲ့ တရားစီရင်ရေး

အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ လာဘ်စားမှုတွေဟာ ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုးတွေဖြစ်နေလို့ နိုင်ငံတော်တည် ဆောက်ရေးမှာ အတားအဆီးအနှောက်အယှက် တွေဖြစ်နေတာကြောင့် ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးနေပါတယ်လို့ သမ္မတကြီးပြောသွားခဲ့တာကို နားထောင်လိုက်ရပါတယ်။ သမ္မတကြီးက အရေးယူနေတယ် လို့ပြောနေပေမဲ့လည်း အဂတိလိုက်စားမှုတွေ လာဘ်စားမှုတွေ မတရားမှုများရှိနေပါတယ်ဆိုတာ သမ္မတကြီးနှင့် အများပြည်သူအား သိစေချင်ပါတယ်။

ရန်ကုန်မြို့လယ်မှာရှိတဲ့ AA Medical Products ကုမ္ပဏီဟာ ရဲစခန်းများ၊ တရားသူကြီးများကို ငွေပေးလာဘ်ထိုးပြီး ကုမ္ပဏီမှ ဆေးတဆင့်ရောင်းချသည့် ကိုယ်စားလှယ်များကို ၄င်းတို့စိတ်ကြိုက်အမှုဆင်ကာ တရားစွဲအမှုဖွင့်ပါတယ်။ အမှုနှင့်မသက်ဆိုင်သည့် ပုဒ်မဖြင့် ဆေးတဆင့်ရောင်းချသူတွေကို မတရားငွေညှစ်ပါတယ်။ ငွေပေးသော်လည်း နောက်ထပ်အမှုမျိုးမျိုးတပ်ကာ ရဲစခန်းမှုးများ တရားသူကြီးများနှင့် ပူးပေါင်းပြီး မတရားလုပ်နေတဲ့ AA Medical Products ကုမ္ပဏီ၏ လုပ်ရပ်များအား သမ္မတကြီးသိစေချင်ပါတယ်။

AA Medical Products မှ ဆေးဝါးများကို အကြွေးစနစ်ဖြင့်တစ်ဆင့် ၀ယ်ယူရောင်းချသူများကို ငွေပေးချေပြီးသော်လည်း စာရင်းဖျောက်ပြီး အပ်နှံပစ္စည်းအလွဲသုံးစားလုပ်ကြောင်းစွပ်စွဲကာ ရဲစခန်းများမှအာမခံမရဘဲ အချုပ်ခံရမည့်ပုဒ်မများဖြင့်တိုင်ကြားပါတယ်။ ဒီလိုမျိုးတိုင်ကြားရာမှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုး အောင်ဒိုင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှုးများကို ငွေသိန်းရာချီပေးညှိနှိုင်းပြီး လုပ်ကြံလီဆယ်ကာတရားစွဲဆိုတယ်လို့သိရပါတယ်။ တရားရုံးမှာလည်း အစိုးရရှေ့နေနဲ့ တရားသူကြီးများကို နိုင်ငံတော်မှအကြီးအကဲများအမည်သုံးကာ ငွေသိန်းရာချီပေးပြီး တရားခံကို နည်းမျိုးစုံခြိမ်းခြောက် မတရားငွေညှစ်ပါတယ်။

ထောင်ချမခံလိုပါက ငွေပေးခိုင်းပြီး ငွေရရှိချိန်တွင် ငွေရတန်ဖိုးမပြဘဲ ညှိနှိုင်းပြေလည်သွားကြောင်း အမှုရုတ်သိမ်းခွင့် တောင်းခံတာကို တရားရုံးကလည်း(ငွေယူထားခြင်းကြောင့်) မသိဟန်ဆောင်ကာ အမှုပိတ်ပေးခဲ့ပါတယ်။ ၄င်းကုမ္ပဏီမှ လုပ်ကြံဖန်တီး သည့် အမှုတစ်မှုဟာ အနည်းဆုံးသိန်းတစ်ထောင်ရှိပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ဆေးတဆင့်ရောင်းချသူများကို လီဆယ် အမှုဖွင့်ပြီး တောင်းယူခဲ့သောငွေပမာဏမှာ ကျပ်ငွေမှာ ကုဋေတစ်ထောင်ခန့်ရှိတယ်လို့သိရပါတယ်။

မတရားစွပ်စွဲခံရသည့်အမှုဖြစ်လို့ မလုပ်ပေးကြသည့် ရဲဝန်ထမ်းများနှင့် တရားသူကြီးများကို အထက်လူကြီးများသို့ မမှန်မကန် လိမ်လည်တိုင်ကြားကာ ဒုက္ခပေးပါတယ်။ လိမ်လည်တိုင်ကြားတာကို အထက်မှမသိရှိပဲ မတရားဖိအားပေးသည့်ဒဏ်ကို မခံနိုင်ကြသည့် ပန်းဘဲတန်းရဲစခန်းမှူး ဘုန်းကျော်ညွှန့် တရားသူကြီးဟောင်း ရှေ့နေဦးစိုးကြည်တို့ဟာ ကြိုးဆွဲချသေသည်အထိ ဖြစ်ခဲ့ရပါတယ်။

မတရားမှန်းသိသော်လည်း တိုင်ကြားအရေးယူနိုင်ခြင်းမရှိတဲ့အတွက် ဥပဒေမဲ့မတရားအနိုင်ကျင့်တဲ့ အလုပ်တွေကို ပိုလုပ်လာကြပါတယ်။ အဓိကလုပ်နေတဲ့သူများကတော့ ဦးမြတ်သင်းအောင်၊ ဦးဇော်မိုးခိုင်၊ ဒေါက်တာ ဒေါ်စောနေနွယ်၊ ကျော်ဇော်အောင်၊ ထွန်းလှဖြူ၊ ကျော်ကျော်စိုး တို့ဖြစ်ပါတယ်။ ကျော်ဇောအောင်မှ ယခင်ထောက်လှမ်းရေးပြုတ်ဖြစ်ပြီး ထွန်းလှဖြူ၊ ကျော်ကျော်စိုးတို့မှာ အကျင့်စာရိတ္တမကောင်းသည့်အတွက် စသုံးလုံးနှင့် ရဲတပ်ဖွဲ့မှ အရေးယူခဲ့လို့ ပြုတ်လာသူများဖြစ်ပါတယ်။

၎င်းတို့လုပ်ခဲ့တဲ့အကျင့်အတိုင်း ဒီလိုမျိုးမတရားလုပ်ကြံဖို့အတွက် ၀န်ထမ်းတွေကိုလည်း ခိုင်းစေပါတယ်။ ကုမ္ပဏီဝန်ထမ်း များထဲမှ အဆင်မပြေသော ခိုင်းတဲ့အတိုင်းမလုပ်နိုင်တဲ့ ၀န်ထမ်းတွေကိုလည်း လစာမပေးပဲ လပေါင်းများစွာ ဒုက္ခပေးပြီး အလုပ်သမားရုံး သို့တိုင်ကြားမှသာ အလုပ်သမားရုံးမှာ လစာထုတ်ပေးပါတယ်။ အလုပ်သမားရုံးတွင် လစာထုတ်ပြီး အပြန်မှာတော့ လစာလာထုတ်တဲ့ ၀န်ထမ်းကို ရဲနှင့်ဖမ်းခိုင်းပြီး အလွဲသုံးစားလုပ်မှု၊ ခိုးမှုဖြင့် အမှုအမျိုးမျိုးတပ်ကာ အချုပ်ထဲထည့် ဒုက္ခပေးသည့်နည်းဖြင့် လက်စားချေ သည်မှာ အလွန်ကြောက်စရာကောင်းလှပါတယ်။

ဒီလိုမျိုးဥပဒေကိုဂရုမစိုက်ပဲ ရဲစခန်းများ၊ တရားရုံးများကို ငွေပေးစည်းရုံးအသုံးချပြီး လူအများကို အချုပ်ထဲထည့် ငွေညစ်မှုများ လုပ်လာသဖြင့် ဆေးကုမ္ပဏီမှာ မာဖီးယားဂိုဏ်းလိုမျိုး တဖြည်းဖြည်းဆိုးရွားလာနေပါတယ်။ ရဲစခန်းများ၊ တရားရုံးများ၊ အစိုးရရှေ့နေ များမှာလည်း ငွေယူထားပြီး ယခင်အစိုးရလက်ထက်လူကြီးနာမည်များကို တွင်တွင်သုံးနေခြင်းကြောင့် အမှန်အတိုင်းမဆုံးဖြတ်ရဲဘဲ အပြစ်မရှိသူများငွေမပေးနိုင်လျှင် အချုပ်ကျထောင်ကျဖြစ်နေပါတယ်။ အပြစ်မရှိကြောင်းမှန်ကန်ပေမဲ့ ငွေကြေးအင်အား သြဇာအရှိန်အ၀ါ မရှိခြင်းကြောင့် မတရားလုပ်အနိုင်ကျင့်သူလူတစ်စုကို ကြောက်ရွံ့နေကြရပါတယ်။

ဒါကြောင့် AA Medical Products မားဖီးယားဂိုဏ်းကဲ့သို့အုပ်စုဖွဲ့ ဥပဒေမဲ့လုပ်ရပ်များကြောင့် ဆေးကိုယ်စားလှယ်များနှင့် ကုမ္ပဏီဝန်ထမ်းများ ၊ နိုင်ငံဝန်ထမ်းများ၊ ပြည်သူလူထုများဟာ ဒီမိုကရေစီအစိုးရလက်ထက်တွင် ဥပဒေရဲ့အကာအကွယ်ကို မရပဲ ငွေချမ်းသာသူ လုပ်ပိုင်ခွင့်ရှိသူများကို ကြောက်ရွံနေကြရတယ်ဆိုတာ နိုင်ငံတော်သမ္မတကြီးနှင့် ပြည်သူလူထုသိရှိအောင် တင်ပြလိုက် ရပါတယ်။


စာ ၁( က)
စာ ၁(ခ )

စာ၂(က)
စာ၂ (ခ)

29 comments :

  1. မရှင်းလို့ မေးပါရစေ။ ပစ္စည်းဘိုးရှင်းပေးတဲ့ အခါငွေရပြေစာကိုဘာလို့ မတောင်းထားတာလဲခင်ဗျ။ အဲ့ဒီလောက်တရားလက်လွတ်ကြီးတော့ မဖြစ်နိုင်ဘူးထင်ရတယ်၊ ဒီဖက်ကလဲ အားနည်းချက် တခုခုတော့ရှိ ပါလိမ့်မယ်။

  1. mg soe said... :

    ဟုတ်ရဲ့လားဗျာ။ငွေကိုလက်လွတ်စလွယ်ပေးနိုင်မယ်မထင်
    ပါဘူး။လူတိုင်းဒီလိုဖြစ်နေရင်တရားလက်လွတ်ဖြစ်နေရင်
    သူသေကိုယ်သေလုပ်ပလိုက်မယ်ဗျာ။ဒီလိုတရားလက်
    လွတ်လုပ်နေရင်ကိုယ်လူရေဘာမှစဉ်းစားမနေနဲ့တော့

  1. Anonymous said... :

    I think it might be commercial dispute and Irrawaddy should not bias on unconfirmed incidents. As a duty of journalism, they have to find out real story behind in stead of anyhow publish a news.

  1. Unknown said... :

    မတရားခံရတဲ့သူတွေ စုပြီး တရားစွဲရင်တောင်မှ အစွဲခံရတဲ့သူတွေ သိပ်ကြီးနေရင် အရင် ငါးလောင်းပြိုင် သတ်မှုလို ပျောက်သွားမလားပဲ။

  1. Anonymous said... :

    it is true. U Phone kyaw Nyunt is my fri's father. If you don't believe this new, you can inquiry at Pa Bal Tan police station.

  1. AA medical ကယ္ခင်ကုန်သွယ်ရေးဝန်ကြီးဦးထွန်းကြည်သမိးတွေဖွင့်တယ်လို့သိထားတာ၊လှည်းတန်းပြည်မြန်မာကုန်တိုက်ကလည်းစီးပွားကူးသန်းပိုင်လိုသိထားတယ်။ဦထွန်းကြည်သမီလက်ထဲကနေဘယ်သူလုသွားသလည်းမသိဘူးခုကုန်တိုက်ပိတ်ထားတယ်။ပိုင်ဆိုင်မှုအညင်းပွာနေတယ်လို့သိရတယ်။ဟုတ်မဟုတ်သတင်းသမားတွေလိုက်ကြပါ။

  1. Anonymous said... :

    I heard that U Phone Kyaw Nyut left a letter before he did suicide.He wrote "NOT TO MEET AA PHARMACY IN NEXT LIVES".It is a true and sad story

  1. Bogyoke Market shop said... :

    I heard that one of customers ordered a lot of medicines from AA and didn't pay money, close the shop and ran away. I heard that this case is at the court & the thief's family is bad mouthing about AA.

  1. Ko Latt said... :

    I am a Myanmar staff of a NGO based in USA. When Myanmar office of our NGO need some distribution service for the health related products in the rural area of Myanmar, our Myanmar office colleagues request us the clearance of using AA services.
    As part of our NGO’s SOPs under the US and UK sanction regulations, our head office request US government agencies and British government agencies for background check and the clearance so that we can work with AA in Myanmar. Our NGO got the Clarence from both US and British gov’t agencies to use AA services in Myanmar. It proves that AA is neither a crony company nor notorious mafia like mentioned in this post.
    I am not speaking for AA. I do not know what are the dispute of payment between AA and his customer. WHAT I FEEL SAID IS OUR DEMOCRATIC MEDIA IS BEING ABUSED FOR PERSONAL MATTER. It taint the image of Democratic Irrawaddy media and we, the bloggers who believe in democracy and freedom of press.

  1. Anonymous said... :

    AA Medical Company is located near my house. I live in 35th Street. I always see lots & lots of AA Medical staffs. They are coming and attending the office daily. I think hundred of peoples get jobs due to AA. We don't know who is writing the attached letter (1-A,1-B, 2-A, 2-B).
    Is he a good person or not?
    Compare to AA who provide jobs for our people and unknow persons, I think media should think carefully before posting the news.

  1. Anonymous said... :

    ကျွန်တော်က ပန်းဘဲတန်းမြို့နယ်ရဲစခန်းက အရာရှိတစ်ဦးပါ။ AA company နဲ့ Diamond Star company ကဆေးဖိုးအလွဲသုံးစားလုပ်လို့ အမှုလာဖွင့်တဲ့တရားခံ ဦးမောင်မောင်၊ဒေါ်သန်းသန်းဌေး၊ကျော်ဇင်ဦးတို့ရဲ့အမှုကိစ္စ၊ ကျွန်တော့် သူငယ်ချင်း ကိုဘုန်းကျော်ညွန့် သေဆုံးမှုကိစ္စနှင့်ပတ်သက်ပြီိး ကျွန်တော်တို့ ပန်းဘဲတန်းရဲတွေကို ထပ်ပြီးဒုက္ခမပေးပါနဲ့ ။ ကျွန်တော်တို့ ပန်းဘဲတန်းရဲတွေမှာ AA company က တိုင်လိုက်၊ တရားခံများရဲ့ သမီး ဇင်မင်းမောင်မောင်က တိုင်လိုက်နဲ့ ကျွန်တော်တို့ ပန်းဘဲတန်းရဲတွေလဲ အကြိမ်ကြိမ်အခါခါအစစ်ခံခဲ့ရပြီးပါပြီ။ ယခင်ဝန်ကြီးလက်ထက်မှာရော၊ ယခုဝန်ကြီးလက်ထက်မှာရော ၊ စစစ (BSI)ကစစ်လိုက်၊ တိုင်းရဲတပ်ဖွဲ့ ရုံးကစစ်လိုက်၊ ပြည်ထဲရေးဝန်ကြီးရုံး " စုံခုံ " စစ်လိုက်၊ သမ္မတရုံးအမိန့် နဲ့ စစ်လိုက်နဲ့ ။ ကျွန်တော်တို့ ရဲလုပ်ငန်းစဉ်တွေအားလုံးပြီးသွားလို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၄၀၆) နှင့် ပုဒ်မ (၄၆၈) အရ တရားရုံးကို အမှုတင်ပြီးတာကြာပါပြီ။ အသေးစိတ်သိချင်ရင် ပန်းဘဲတန်းမြို့ နယ်တရားရုံး ကို မေးမြန်းပါခင်ဗျား။ ကျွန်တော်တို့ ပန်းဘဲတန်းရဲတွေကို ထပ်ပြီး အစစ်ဆေးခံရအောင် မလုပ်ပါနဲ့ ။ စိတ်ဒုက္ခရောက်အောင်ထပ်မလုပ် ပါနဲ့ ။ တောင်းပန်ပါတယ်ခင်ဗျား...။

  1. Ma Aye (Mingalar Market) said... :

    ကျွန်မကတော့ AA နဲ့ ဆေးအရောင်းအ၀ယ်လုပ်လာတာ (၁၅) နှစ်ကျော်ပြီ။ ကျွန်မတို့ဆိုင်ကရောင်းအားကောင်းလို့ နိုင်ငံခြားကို တခြားဆိုင်တွေနဲ့အတူ အလည်အပတ်စရိတ်မယူပဲ AA Medical ကပို့ပေးသေးတယ်။

  1. Anonymous said... :

    ပြည်မြန်မာကုန်တိုက်ကိစ္စ အဖြစ်မှန်ကိုသိရန် Commerce ဂျာနယ် Volume . 11, No:27. Monday July 18, 2011 ကိုဖတ်ပါ။

  1. Soe Ko (Mdy) said... :

    I live at 26th Street, Mandalay. There is no such land plot no. 310 at my 26th street. There is no such address so i think something wrong or dirty trick with the attached letter.

  1. Anonymous said... :

    ဖြန့်ချီရေးကုမ္ပဏီတွေဟာ နယ်ရုံးတွေမှာ ပိုင်ရှင်ကမထိုင်နိုင်ပဲ ၀န်ထမ်းတွေကိုယုံကြည်ပြီး ပစ္စည်းတွေ၊ငွေတွေအပ်နှံထားရပါတယ်။ ဘဏ်စနစ် ၊ online စနစ်၊ ကဒ်စနစ်တွေက မဖွံ့ဖြိုးသေးတော့ ငွေသားတွေအများကြီးကို ကိုင်တွယ်ကြရတယ်။ အကျင့်စာရိတ္တမကောင်းတဲ့ ၀န်ထမ်းတချို့ က Customer တွေဆီက ကုန်ဖိုးငွေတွေသိမ်းပြီး ကုမ္ပဏီကိုပြန်မအပ်ပဲ အလွဲသုံးစားလုပ်ကာ ထွက်ပြေးတာတွေ ကြုံနေရပါတယ်။ အမှုမဖွင့်ဘဲ အလုပ်ဖြုတ်တဲ့အခါ လစ်ရင်ခိုးမယ်။ မိရင်အလုပ်ပြုတ်ရုံပဲဆိုတော့ ပိုပိုပြီးလုပ်ရဲလာကြပါတယ်။ ခဏခဏဖြစ်လာပါတော့တယ်။ အဲဒီသူခိုးတွေက အခြားကုမ္ပဏီတွေမှာ အလုပ်ဝင်ပြီးထပ်လိမ်ကြတယ်။ ဒါအပြင်ဆိုင်တချို့ ကလည်း ရောင်းအားကောင်းတဲ့ပစ္စည်းတွေအကြွေးမှာပြီး အကြွေးစေ့တဲ့နေ့ ငွေမချေဘဲ ထွက်ပြေးသွားတဲ့ case တွေလည်းရှိပါတယ်။ ငွေပြန်လည်ရရှိရေးညှိနှိုင်းတော့လည်း ငွေညှစ်ပါတယ်ဆိုပြီး မဟုတ်တမ်းတရားတွေစာရေးးပြီး တိုင်သူအမည်လွဲ၊ လိပ်စာမရှိတာတွေဖော်ပြပြီး အစိုးရအရာရှိတွေဆီပို့ ကြတယ်။ ဒါကြောင့်မတတ်သာပဲ ကုမ္ပဏီကို ကာကွယ်ဖို့အတွက် အမှုဖွင့်ရတာလည်းရှိတယ်။ တချို့ လည်း မိပြီး၊ တချို့ လည်းတရားခံပြေးဖြစ်နေကြတာပေါ့။ အဲဒီတရားခံပြေးတွေ၊ သူခိုးမိသားစုဝင်တွေက သူတို့ ဧ။်အမှားကိုနောင်တမရ နိုင်ငံတော်အကြီးအကဲတွေ အမှု့ ကိုစဉ်းစားဆုံးဖြတ်ရာမှာ အမှု့ ကိုမှားယွင်းဆုံးဖြတ်စေရန် အမှုဖွင့်တဲ့လူတွေကို မကောင်းမြင်ပြီး သူခိုးတွေကို သနားလာကာ အပြစ်လျော့ပေါ့ဖို့ ၊ သူခိုးတွေက သူတို့အပြစ်ကြောင့် ထောင်ကျရပေမဲ့ အနည်းဆုံးသူတို့ကိုအမှုဖွင့်တဲ့သူတွေ အရှက်ကွဲရင်ကောင်းမယ်ဆိုတဲ့စိတ်နဲ့ ပစ်စာ၊တိုင်စာများပေးပို့တာ၊ ယခုလို web site မှာတင်တာတွေလုပ်လာကြပါတယ်။ ဒါကြောင့် Media လောကအနေဖြင့် မကောင်းတဲ့လူတွေရဲ့ လက်ကိုင်တုတ်မဖြစ်စေရေး၊ မှန်ကန်မျှတတဲ့သတင်းများကိုသာ ဖော်ပြရေးအတွက်အမြဲတမ်း နားနှစ်ဘက်နဲ့ နားထောင်သင့်ပါတယ်။ ကျွန်တော်အထင်တော့ ၀န်ထမ်းရာချီအများကြီးနှင့် လည်ပတ်နေတဲ့ကုမ္ပဏီကြီးက ဒီလိုတရားမဲ့၊ ဥပဒေမဲ့အလုပ်တွေကို လုပ်နေတယ်ဆိုတာဖြစ်နိုင်ပါ့မလား ? အဲဒီမှာလုပ်နေတဲ့ ရာချီတဲ့ဝန်ထမ်းတွေကိုရော မတရားလုပ်လို့ ရပါ့မလား ? မင်းမဲ့တိုင်းပြည်မှမဟုတ်တာဗျာ…..
    "လူသုံးကုန်ပစ္စည်းဖြန့်ချီရေးလုပ်ငန်းရှင်"

  1. Myanmar Citizen said... :

    ယခုတလော ဒီမိုကရေစီခေတ်ရောက်ပြီးဆိုပြီး ၀ါးလုံးတစ်လုံးပျောက်တဲ့ကိစ္စလည်း တိုင်စာပို့ ၊ မိသားစုအချင်းချင်း မသင့်မြတ်လည်း တိုင်စာပို့၊ တစ်ယောက်ကတစ်ယောက်ကိုမုန်းလို့ ဂျောက်ချချင်လို့၊ အရှက်တကွဲဖြစ်စေချင်လို့ တိုင်စာ၊ပစ်စာပို့ လုပ်တာတွေတအားများလာတယ်။ အစိုးရဌာနတွေကလည်း ဘယ်လိုစာမျိုးကို အရေးယူကိုင်တွယ်ဖြေရှင်းမယ်။ ဘယ်လိုအရေးမကြီးတဲ့ ပုဂ္ဂလိကကိစ္စတွေကတော့ဖြင့် အရေးယူဖြေရှင်းရင် အရေးကြီးတဲ့ တိုင်းပြည်တိုးတက်ရေးမလုပ်ရဘဲ အချိန်ကုန်၊ အစိုးရ budget ကုန်မယ်စသည်ဖြင့် ဘာ rule မှမရှိဘူး။ နာမည်နဲ့ မှတ်ပုံတင်အလွဲ၊ လိပ်စာအမှား အဲဒီလူလုံးဝမရှိ။ (သို့မဟုတ်) နာမည်သာဖော်ပြပြီး ကျန်တာဘာမှမဖော်ပြတဲ့စာတွေ (သို့မဟုတ်) ဘာမှမဖော်ပြဘဲ စာပဲရေးထားတဲ့ စာတွေကိုလည်းသူတို့ outside money ရဖို့၊ ခြောက်စား၊ဟောက်စားလုပ်ဖို့ဂွင်ရပြီဆိုပြီး စစ်နေကြတယ်။ Media တွေကလည်း နားနှစ်ဖက်နဲ့နားမထောင်ဘဲ အဲ့လိုမဟုတ်တမ်းတရားရေးပို့ကြတဲ့ လူဆိုးသူခိုးတွေရဲ့ လက်ကိုင်တုတ်ဖြစ်လါတယ်။ အခြားတိုးတက်နေပြီးဖြစ်တဲ့ နိုင်ငံတွေရဲ့မူကို လေ့လာအတုယူပြီး မူချသင့်တယ်။ (မြန်မာပြည်ချစ်သူ)

  1. Anonymous said... :

    Now the time is very dangerous for complaint person because most Company use Police, BSI to make difficult . so some letter is no name, no adress , and other adress it is right and save for complaint person. Company owner is very close to junter so very dangerous . Now our country is undfr detattive( secret police)

  1. Ma Thapyay said... :

    I'd like to suggest Irrawaddy blog that in order to know & describe the truth situation, Irrawaddy blog should ask AA Medical.

  1. Ko Kyaw Win said... :

    I always attend the Annual Customers Dinner hosted by AA Medical every year. AA always give year end bonus and rewards to customers depend on their purchasing power. A lot of other customers from different states & division always attend the dinner & I always go to dinner early because the dinner is so crowded with customers. I always buy medicines from AA for more than 5 years and it never happen like this. Not only me but also other customers always got bonuses. The attached letter is totally different from real situation. Journalists should check the real story behind and should describe the quality news instead of publish the unconfirmed incidents.

  1. Anonymous said... :

    You all heard about Nan Po Phan case .She murdered by BSI. But No action on that murder case. Ibelieve at lease court inquiry case but No .Why Imean in myanmar there is difficulty law condition. So many people affraid to torture in many way. how they defence , 99% of company catch in hand Police and other intelligence. But I dont know Who is owner of AA but general I said, be paition or wait and see. I advise PLS read about the weekly eleven journal, Yangon Time journal what they write about juiditial field in myanmar. It is special eye glass for all. Thanks to read my idea.

  1. A researcher for Burma Judicial Environment Project said... :

    I am a retired civil servant living in California. I actively involve in a US based NGO focusing on Burma projects. Our recent project include “Democratic reform and Myanmar Judicial Environment” topic. Generally, Burmese Judicial system has basic laws which follow British common laws but there are some weaknesses with implementation/application of these basic laws due to the government influence over judicial system. It is true that there are serious problem in judicial environment especially in field of political detainees. There were mistreatments on political detainees also. There are some corruption problems with some civil law suits.
    As for criminal law suits, Burma situation is not so bad although it is not as good as developed counties. Our research show that criminal court case (except political detainees) at Myanmar court are performing cleaner and fair than courts of Cambodia, Indonesia, Philippine, Thailand . I believe the safe environment on the Street and home of Burma prove it.
    On the basis of our project’s research, we also notice some personal issues generalize and exaggerate that the whole judicial system of Burma is so bad. For example, Eleven Media (publisher of Weekly eleven journal lost a civil law suit over a Burmese liquor producer who use a wording of “Eleven” in their three word brand name. The court decided that Eleven Media group does not have trade mark right “Eleven” brand name in the different industry that they are not doing business. In this AA Medical case, Zin Min Maung Maung and Phyu Hinn Maung Maung have filed a lot of complains against AA for their father, mother (who are on Interpol wanted list for running away with over 200million kyat to overseas from Burma). Our research data show that their parents and brother case is at the Pabedan township court and there have been several investigation/enquiries from various organizations and authorities on this case due to her complains. So far, all investigation/enquiries proved that the court case (filed by AA) is genuine (not framed as complained by two daughters). There is an also similar personal case with Yangon Media reporter over civil court case issue. Perhaps, some personal issues over-shadow and generalize the weakness and strength of Myanmar judicial environment. If we want the real reforms on Burmese judicial environment, all parties should put their personal issue aside and should highlight the exact and correct weakness of Burmese Judicial system. Otherwise, the creditability of the reformers and its reports will be damaged and it consequently leads to the lack of positive result.

    Our NGO will complete the detailed research about “Burmese Judicial Environment “ and will publish the report soon for relevant international organizations, political parties including NLD, Burmese parliament members and Burmese public. We hope this Report will highlight that the area of reforms necessary in Judicial environment of Burma.

  1. Win Maw (Tarmway) said... :

    ကျွန်တော့ဘေးအိမ်ကကောင်မလေးက AA မှာအလုပ်လုပ်တာ။ သူထူးချွန်ဝန်ထမ်းဆုရတယ်။ ရတဲ့ဆုကြေးကမနည်းဘူး။ ဆယ့်လေးသိန်းရတယ်တဲ့။ သူကျွေးတဲ့မုန့်တောင်စားလိုက်ရသေးတယ်။ AA မှာ Driver တောင်အလုပ်ကြိုးစားရင်ဆုရတယ်တဲ့။ ရတဲ့ Driver ဆုကြေးကလည်းငါးသိန်းကျော်တယ်ပြောတယ်။ ဟန်ကျတာပဲ။ ကျွန်တော့ကုမ္ပဏီလည်း AA လိုထူးချွန်ဆုတွေပေးရင်ကောင်းမယ်။ ဘာဖြစ်လို့ AA အကြောင်းမဟုတ်တာတွေ ရေးထားတာလဲဗျာ။ မှားနေပြီနော်။ ချစ်သောဧရာဝတီရေ လူလိမ်တွေပြောတိုင်းမရေးပါနဲ့။ လူလိမ်တွေနဲ့ တဂိုဏ်းထဲဖြစ်သွားမှာစိုးလို့။

  1. Anonymous said... :

    AA ဆေးလုပ်ငန်း တခုထဲတင် မဟုတ်ဘူး..။ AA group တခုလုံးအနေနဲ့ကို ဝန်ထမ်းများ၊ စီးဖွားဖက်အချင်းချင်းကြားမှာ နာမည်သိပ်မကောင်းဖူး။ လုပ်ငန်းအချင်းချင်း မတည့်တာ ပြသနာမရှိပေမဲ့ ကိုယ့်ဝန်ထမ်းတွေအပေါ် ခေါင်းပုံဖြတ် မတော်မတရား နိုင်ထက်စီးနင်းမှုများ သာမာန်ထက်ပိုနေတာကတော့ ဆိုးလွန်းတယ်။။

  1. PP said... :

    I worked at AA Medical for 4 years in the early 2000’s and left for overseas for my further study and working in Singapore. As per my experience, it is not like what the previous people written. I got good salary and other benefits above market average of at that time when I worked there. Some of the top performing staff including me got a chance to visit vacation trip to many countries. I have been to Thailand and Singapore with customers with the arrangement and expenses of AA. One of my colleague friend, Khin May Zin (who is currently working in Australia) even have been to Singapore, Thailand, Korea & Paris, France at AA expense with wholesale customers since she also a top performing manager.

    What I know about AA Medical is “it is a company which has strict control, discipline in honesty and Integrity. The staff cannot have side income such as bribe/rebate from suppliers & customers, petrol stealing and fake expense claims, etc. But, its salary and other company benefit are well above the average of other companies. It is good work place for the people who want to have the tough training of well disciplined work or working with honesty and discipline. For those people who want to get extra side income via petrol stealing or kick back/bribe or rebate, fake expense claims, etc from the work, pls do not even think to try it. They really prosecute for stealing and misappropriation. I saw some staffs even managers who did misappropriation go to jail.

    When I saw the above posts, I feel sad and I think I should write the truth so that Irrawaddy blog or whatever media can know the truth situation.

  1. U Paing said... :

    I refer to Anonymous post of May 18, 2012 regarding Nan Po Phan case. I am a friend of Lawyer Daw Aye Aye Aung. Daw Aye Aung was together with Nan Po Phan as her lawyer at BSI office when this accident happened. She told me that BSI did not murderer her. Ma Aye Aye Aung interview with RFA(radio free Asia) has been aired and perhaps, this Anonymous person did not listen it. She also said that because of this accident, there is a special investigation of Ministry of Home Affairs on those BSI officers who handle the land disputes of Nan Po Phan & her Japanese husband and the land brokers. She was recently called to interview as witness by this investigation group for Nan Po Phan case. You may ask Lawyer daw aye aye aung if you need further information. Pls update yourself, Mr or Ms Anonymous.

  1. Ko Aung said... :

    ကျွန်တော်က AA နဲ့အလုပ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ။ ကျွန်တော်ရဲ့ကိုယ်တွေ့နဲ့ လူကြီးမင်းရေးတာနဲ့တော.လွဲနေပြီ။ စီးပွားရေး လုပ်တဲ့အခါမှာ AA ကတခြား Crony တွေလိုအစိုးရဧ။် project လုပ်ငန်းမလုပ်ဘူး။ လေလံဆွဲရင်လည်း လူအများကို open လုပ်တဲ့လေလံတွေပဲဆွဲတာတွေ့ရတယ်။ သူတို့ပြည်ပက ကုန်ပစ္စည်းသွင်းပြီး ဖြန့်ချီရေးလုပ်တဲ့ ကုမ္ပဏီပါ။ အလုပ်လုပ်တဲ့အခါအရမ်းစီစစ်တယ်။ ဈေးအရမ်းဆစ်တယ်။ သူ့ကိုတခြားစီးပွားရေးသမားတွေက အမြတ်ကြီးရိတ်လို့ကိုမရဘူး။ သူက volume များများနှင့် စီစီစစ်စစ်လည်းလုပ်လေ့ရှိတယ်။ ကျွန်တော့်အတွက်တော့ အမြတ်ပါးပါးနဲ့ Volume များများအလုပ်က အဆင်ပြေတယ်။ ဒါကိုမကျေနပ်တဲ့ စီးပွားဘက်အချင်းချင်းတွေက တမျိုးထင်မှာပေါ့လေ။ ကျွန်တော်နဲ့ဆက်စပ်နေရတဲ့သူ့ဝန်ထမ်းတွေ ကြည့်ရတာ လစာနှင့်ခံစားခွင့်တော်တော်များတယ်။ ကျွန်တော့်မန်နေဂျာထက်တောင် လစာနှင့်ခံစားခွင့်ပိုတယ်။ ဒါပေမဲ့ AA ကသူ့ဝန်ထမ်းတွေခိုးတာ၊ အလွဲသုံးစားလုပ်တာကိုတော့ သည်းမခံဘူး။ ကုမ္ပဏီ ငွေအလွဲသုံးစာလုပ် လို့ ဥပဒေအရအမှုဖွင့်လို့ ထောင်ကျတဲ့ ၀န်ထမ်းတွေကို ကျွန်တော်တွေ့ဘူးတယ်။ AA စီးပွားရေးလုပ်ပုံ၊ ၀န်ထမ်းတွေကို ကိုင်တွယ်ပုံကတော့ တခြားကုမ္ပဏီကြီးတွေနဲ့တော့မတူဘူး။ တိကျစည်းကမ်းကြီးတယ်။ခေါင်းပုံဖြတ် မတော်မတရားမလုပ်ဘူး။ သူတို့ကိုယ့်ဝန်ထမ်းတွေအပေါ်မတော်မတရားလုပ်နေရင် ဒီလောက်ဝန်ထမ်းရာပေါင်းများစွာရှိတဲ့ အောင်မြင်တဲ့ ကုမ္ပဏီဖြစ်ပါ့မလား။ YOU CAN GO AND SEE THE COMPANY.

  1. Thin Thin said... :

    တို့က Internet သတင်းချစ်သူပါ။ ဧရာဝတီ ချစ်သူပါ။ အမြဲ Internet သတင်းတွေဖတ်တယ်။ အခုအပြန်အလှန်ရေးထားကြတဲ့ comment တွေဖတ်ရတာ AA ကို သက်သက်သိက္ခာချနေတဲ့ပုံပဲ။ ဒီိလိုသက်သက်မဲ့ နာမည်လိုက်ဖျက် စာပို့ နေတဲ့သူကို တရားဥပဒေအရ အရေးယူသင့်တယ်။ ပြည်သူ့အတွက် အလုပ်အကိုင်ပေးနေတဲ့ AAက မဟုတ်တမ်းတရား စာပို့ကြံစည်နေတဲ့သူကို ပေါ်အောင်ဖော်ပြီး တရားစွဲပစ်လိုက်တာကောင်းတယ်။ မီဒီယာများကလည်း အဆိပ်ပင်ရေမလောင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

  1. Anonymous said... :

    dear researcher,i my very glad to read yr letter for thst company, I believe u r not ordinary person old police who work at company before or now.That is no problem but i want to suggest u is pls read and listen the Thu ya U shwe mann speech about our judicial, that wise man said 80%of complaint is 100% right and our great President U thein sein speak after election is show and lesson for servant is that elrction show us before government policy was not good. So pls learn not for only my friend, family look widely ,because other case person will not accept yr pro company and u r retired servant . God bless for all person.

  1. A Researcher for Burma Judical Environment Project said... :

    Dear Ms Anonymous
    I was a ex-lecture in Universty of Rangoon more than twenty years ago and I worked for City council office of Los Angeles for more than 15 years as civil servant . I now retired and live with my daughter and grandchildren in California. Unfortunatly, I never been into Police dept and I did not know AA company people. I only shared about the finding of our research project finding and I respect all people who do not accept my findings. I fully understand your aggressivness since you may be upset for your friend or family member.
    All I want to say is We, as a Buddhist person say and do the truth and all bad things/lie done in this life will get receprocal effect either in later this life or in the next life.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved