ရွှေအင်းဝ ယာဉ်တိုက်မှု နောက်ဆက်တွဲ

Tuesday, May 15, 2012


မကြာသေးခင်က ရန်ကုန်မှာ ရွှေအင်းဝ ဘတ်စ်ကား အပြိုင်အဆိုင် မောင်းနင်ရာကနေ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး သစ်ပင်ကို ၀င်တိုက်ခဲ့ပါတယ်။

ထိခိုက် ဒဏ်ရာ ရရှိသွားတဲ့ ခရီးသည်တွေကို
ရွှေအင်းဝက ထိထိရောက်ရောက် တာဝန်ယူမူမရှိတာနဲ့ ပတ်သက်ပြီး ဧရာဝတီရုပ်သံမှာ တင်ဆက်ပါတယ်။



ယာဉ်တိုက်မှုအတွင်း အသက် ၈၀ကျော် အဘွားအိုတဦး ပွဲချင်းပြီး သေဆုံးခဲ့၊ ခရီးသည် တစ်ဦးဖြစ်တဲ့ ဒေါ်လှလှဌေးရဲ့ ဘယ်ဘက်ခြေထောက်ကျိုးသွားပြီး
အသက် ၁၂ နှစ်အရွယ် သူ့ သားငယ် ကောင်းမြတ်ထွန်း ညာဘက်ဒူးဆစ်ပြုတ်သွားတာကြောင့် ခွဲစိပ်ကုသခဲ့ရပါတယ်။

ကုသစရိတ် ၃ သိန်းကျော်နေပြီ၊ ရွှေအင်းဝက ပေးတဲ့ နစ်နာကြေးက လေးသောင်းခွဲပဲ ရှိတယ်၊ ငွေမရှိလို့ ဆေးကုတာ ရပ်ထားရတယ်လို့ ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved