ရန်ကုန်၊ မန္တလေးမှာလုပ်မယ့် Gay Pride

Wednesday, May 16, 2012

~



Campaign Poster for May (17) International Day Against Homophobia

မနက်ဖြန် "လိင်တူချစ်သူများအား ရွံမုန်းမှု တိုက်ဖျက်ရေး နိုင်ငံတကာနေ့" ဖြစ်ပါတယ်။
ဂေးတွေက တခုတ်တရ ကျင်းပကြတဲ့နေ့ပါ၊ နိုင်ငံတချို့မှာ Gay Parade လို့ ခေါ်တဲ့ ဂေးများစီတန်းလှည့်လည်ပွဲတွေ လုပ်ကြပါတယ်။
မြန်မာနိုင်ငံမှာရော ဘယ်လိုလဲ?
မြန်မာနိုင်ငံမှာတော့ Gay Parade မရှိသေးပါဘူး။ သို့သော်လည်း ဒီနှစ်မှာတော့ ပထမဆုံး Gay Pride အစီအစဉ် ရှိပါတယ် လို့ သတင်းတပုဒ်မှာ ရေးထားပါ။

Gay Pride ဆိုတော့ စီတန်းလှည့်လည်ပွဲမဟုတ်ဘဲ လူစုလူဝေးပွဲ ဖြစ်ပါတယ် တဲ့။

ရန်ကုန်နဲ့ မန္တလေးတို့မှာ ပြုလုပ်မယ့် ဒီအစီအစဉ်ကို ကုလသမဂ္ဂ အရာရှိများ၊ အနုပညာရှင်များ၊ စာရေးဆရာများ၊ ဖျော်ဖြေရေးလောကထဲက ဂေးများ တက်ရောက်ကြမယ်၊ နိုင်ငံတကာမှာရှိတဲ့ ဂေးအခွင့်အရေးဆိုင်ရာတွေအကြောင်းလည်း ဆွေးနွေးဖလှယ်ကြမယ်၊
လိင်တူချစ်သူများအား ရွံမုန်းမှု တိုက်ဖျက်ရေး အကြောင်းအရာကိုလည်း ဟောပြောဆွေးနွေးမယ်လို့ ဆိုတယ်။

ဒီအစီအစဉ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် HREIB အဖွဲ့က ကမကထပြုပါတယ် တဲ့။ ခါတိုင်းတော့ ဒီအဖွဲ့က ဒီလိုနေ့မျိုးကို ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများအတွက်ပဲ စီစဉ်ခဲ့တယ်လို့ ဆိုတယ်။

“ကျနော်တို့ လမ်းပေါ်ထွက်ပြီး စီတန်း လှည့်လည်မှာမဟုတ်ပါဘူး --- မြန်မာပြည်အခြေအနေတွေကြောင့် ဒီအစီအစဉ်တွေက အဆောက်အအုံထဲမှာပဲ ဖြစ်ပါလိမ့်မယ်၊ သို့သော်လည်း တချိန်ချိန်မှာတော့ မြန်မာပြည်မှာ Gay Parade ရှိလာမယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး HREIB အဖွဲ့က ကိုအောင်မျိုးမင်းက ပြောဆိုကြောင်း သတင်းထဲမှာ ရေးထားပါတယ်။

အစီအစဉ်တွေအတွက် ဒေသဆိုင်ရာ အာဏာပိုင်များဆီက ခွင့်ပြုချက် ရပြီးပါပြီ တဲ့။

သတင်းအကျဉ်းချုပ်ကတော့ ဒါပါပဲ။

~

6 comments :

  1. even if no one gonna support, I support this....

    I'm a straight girl and I like men
    but I have a lot of gay friends and they are very good and kind-hearted people....

    Gays and lesbians are just people who are the same as the rest of us....

    It's not crime or disease to love the same sex as ourselves, this is just one kind of sexual orientation drived by our own motive.....

    So anyway, with no doubt, I support and if I were in Myanmar, I'm gonna celebrate this parade.....

  1. ရဲမေကြည် said... :

    ဂေးတွေဟာ စိတ်ရောဂါ မဟုတ် လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုသာ ဖြစ်တယ်ဆိုတာ လူ့အဖွဲ့အစည်းတစ်ခုလုံးက အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေနဲ့ ဒီထက်ပိုလက်ခံလာရင် အတိုင်းအထက်အလွန်ပေါ့။
    လိင်တူချစ်သူတွေကိုယ်တိုင်က အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လိုက်လျှောညီထွေဖြစ်အောင် နေထိုင်ဖို့ မကြိုးစားဘူးဆိုရင် လိင်တူချစ်သူတွေကို မမုန်းတီးရေးဆိုပြီး ဘယ်လိုပဲ အခမ်းအနားတွေလုပ်လုပ်၊ ကျွန်တော်/ကျွန်မတို့ကို မမုန်းကြပါနဲ့လို့ ဘယ်လောက်ပဲအော်နေ အော်နေ အကျိုးသက်ရောက်မှု ရှိလာမှာ မဟုတ်ပါဘူး။
    ဒီနေ့ ဗမာပြည်မှာ (အားလုံးကိုမဆိုလိုပါ) တစ်ချို့သော သူတွေဟာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို မိမိတို့ လိုရာ အဓိပ္ပါယ် ပြန်ပြီး ကိုယ်ကျိုးအတွက် ဆွဲယူ အသုံးချနေကြတယ်လို့ ထင်တယ်။ လိင်တူချစ်သူတွေဟာလည်း လူသားတစ်ယောက်မို့ လူ့အဖွဲ့အစည်းအတွင်းမှာ ကိုယ်ပိုင် လွပ်လပ်ခွင့် အပြည့်ရှိပြီး သာမန်လူသား၊ပြည်သူတွေရသင့်တဲ အခွင့်အရေးမျိုး သူလည်းရသင့်တာပေါ့။ ဒါပေမယ့် ဒီ လူ့အခွင့်အရေးဆိုတာကို အကာအကွယ်ယူပြီး မိမိရဲ့ တစ်ကိုယ်ရည် စိတ်ဆန္ဒသာယာဖို့ တစ်ဖက်သားကိုတော့ အနှောင့်အယှက် မဖြစ်စေသင့်ဘူးလို့ ထင်တယ်။
    နောက်တစ်ခုက ဒီလို လိင်တူချစ်သူတွေကို မမုန်းတီးကြဖို့ အရေး တောင်းဆိုနေချိန်မှာ ဘာကြောင့် လိင်တူချစ်သူတွေကို မုန်းတီးရသလဲဆိုတဲ့ အချက်ကိုလည်း ဆန်းစစ်သင့်ပါတယ်။ လိင်တူချစ်သူတွေကို အကြောင်းမဲ့ မုန်းတီးနေတာမျိုး မဟုတ်ဘဲနဲ့ အကြောင်းတစ်ခုကြောင့်လို့ ဆိုရင်တော့ အဲဒီ အကြောင်းအရာတွေကို အရင် ရှင်းသင့်တယ်လို့ ထင်ပါတယ်။
    ဥပမာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို သူတို့ မက်မောလောက်မဲ့ ရုပ်ဝထ္ထုပစ္စည်းတွေနဲ့ မက်လုံးပေးပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းမျိုး၊ တစ်ဖက်သား၏ စိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မ လိင်ဆက်ဆံရန် အားထုတ်ခြင်းမျိုး။
    အဲဒီလို အပြုအမူမျိုးတွေကို အမှားအမှန် အကောင်းအဆိုး ၊နောက် သူ့ရဲ့ လိင်တိမ်းညွှတ်စိတ်ဟာ ဘာလဲဆိုတာကို အတိအကျ မဆုံးဖြတ်နိုင်သေးတဲ့ အချိန်မှာ ကြုံခဲ့ရတဲ့ ကလေးသူငယ်တွေ အနေနဲ့ အသက်ကြီးလာတဲ့ အချိန်မှာ ဒီအဖြစ်အပျက်ကို စဉ်းစားမိတိုင်း ထမင်းလုံး တစ္ဆေခြောက်သလို ခံစားမိပြီး လိင်တူချစ်သူတွေကို မြင်တိုင်း အနာပေါ် ဒုတ်ကျသလို စိတ်နာမိ မုန်းတီးမိမှာပဲ။
    ဆိုတော့ အဲလို အဖြစ်အပျက်မျိုးတွေရှိနေသမျှ၊ လိင်တူချစ်သူတွေကိုယ်တိုင်က မိမိရဲ့ ပျော်ရွှင်မှုသည် သူတစ်ပါးအား မထိခိုက် မနစ်နာစေအောင် မကြိုးစား မကျင့်ကြံ မနေထိုင်သမျှ ကာလပတ်လုံး လိင်တူချစ်သူများ မမုန်းတီးရေး ဆိုသည်မှာလည်း အရာရောက်မည်ဟု မထင်ပါ။
    (မည်သူ့ကိုမျှ ပုတ်ခတ် ထိခိုက်စေရန် မရည်ရွယ်ပါ။ တစ်ယောက်တည်း၏ အမြင်သာဖြစ်ပါသည်။)

  1. Anonymous said... :

ှမြတ် Budda ဟောကြားခဲ့တာကတော့ Gay ဖြစ်ရတာဟာ ကာမေသုမိစာ ကျူးလွန်ခဲ့လို့ဆိုခဲံ့တော့ သူတို့ပြုလုပ်ခဲ့တဲ့ကံကြောင့်ပေါ့နော်-
ူသူုတို့တွေဟာ လူသားထဲကလူတွေဘဲဖြစ်တဲ့အတွက် ကောင်းတဲ့သူလဲရှိသလို မကောင်းတဲ့လူလဲရှိပါတယ်
    ဒါပေမဲ့ ကိုယ်ပြုခဲ့တဲ့အကုသိုလ်ကြောင့် ဒီဘ၀ရောက်ခဲ့ရတာကို proud ဖြစ်ပြီး ကြီးကြီးကျယ်ကျယ်တွေ မလုပ်သင့်ဘူးထင်ပါတယ်

  1. Anonymous said... :

    ဟိုတယောက်ကို ထောက်ခံတယ်
    ဂေးဖြစ်တာ ဂုဏ်ယူစရာ လား ဒင်းတို့ကို ဘယ်သူက မုဒိမ်းကျင့်နေလဲ
    မုဒိမ်းအကျင့်ခံနေရတဲ့ အမျုးသမီးတွေတောင် ကမ်ပိန်းတွေမလုပ်ရဘူး
    ဒင်းတို့က AIDS ကိုယ်စာလှယ်တွေ
    နှစ်ဖက်ချွန်တွေ ရှက်တတ်ရင် အေးဆေးနေပါ
    ဘုရားဟောထဲမှာ ဂေးဟာ အရင်ဘဝက အကုသိုလ်ကြောင့်ပါ
    တခြားဘာသာမှာလဲ ဂေးဆိုတာလက်မခံဘူး
    လူ့အခွင့်ရေးအရကျင်မယ်ဆိုလဲ ဒင့်တို့က မျိုးသုန်းတော့ မဲ့သတ္တဝါ လဲ မဟုတ်တော့ ဘာမှ ရေးကြီးခွင်ကျယ် ဖင်ခေါင်းကျယ်နေစရာ မလိုဘူး
    ဂေးမဟုတ်ပဲ သူများနိုင်ငံမှ အလုပ်လုပ်ပြီး ခွဲခြားဆက်ဆံခံရတာတွေ၊ ကို့နိုင်ငံက ဟိုတလောက မီးပူအကပ်ခံရတဲ့ခလေးမလေးတွေကျတော့ ဘယ်သူမှ ကမ်ပိန်းမလုပ်ကြဘူးလား နောင်မဖြစ်အောင်။
    ပြီးတော့ ဂေးတွေ တန်တူအခွင့်ရေးဆိုတော့ နိုင်ငံခြားက donation တွေရနေတယ်မလား
    ချင်းမိုင်ကမြန်မာ ဂေးအဖွဲ့တဖွဲ့လဲ ဝင်ငွေတွေ ကောင်းနေတယ်လေ။
    ဂေးတွေလဲ ရိုဟင်ဂျာလိုပဲ နေရာယူလာပါလား
    မြန်မာပြည်မှာ ဂေးပြည်နယ်များ ဖြစ်လာမလားမသိဘူး။
    ရင်လေးစရာ
    ဂေးဆိုပြီ မိန်းကလေးတွေကို မုဒိမ်းကျင့်လိုက်တာလဲ နဲမယ်မထင်ဘူး။ မြန်မာပြည်က ဆင်းရဲတယ် ဂေးကမ်ပိန်းလုပ်မယ့်အစား ဖွံ့ဖြိုးမှု ဦးတည်တာ တခုခု ပညာပေးတာပိုမကောင်းဘူးလား
    ပြီးတော့ဂေးကမ်ပိန်း ဆိုတာ မသိနားမည်တဲ့ခလေး တွေကို ဂေးဖြစ်လာအောင်စွယ်တာပါ

  1. Anonymous said... :

    WHO ကထောက်ခံတာနဲ့ပဲေ၈းတွေကမှန်ရောလား
ီဒီအဖွဲ့တွေကပေါက်ကရတွေပါ။

  1. Ye said... :

    လူကို လူလို့မြင်စေချင်ပါတယ်။
    ခုလုပ်မယ့်ပွဲက gay pride တစ်ခုထဲမဟုတ်ပါဘူး။
    homophobia ကိုဆန့်ကျင်တဲ့ပွဲပါ။
    homosexuals တွေ (Gays and Lesbians)transgenders တွေခွဲခြားဆက်ဆံခံရတာကိုဆန့်ကျင်တာပါ။
    ကိုယ့်ကို သူတစ်ပါးကကိုယ့်ကို
    မျက်မှောင်ကျုတ်ကြည့်တာတောင်မကြိုက်
    တတ်ကြသေးတာပဲလေ။
    အခြောက်၊ ဘောပြား၊ ဖြတ်ဖောက်ချုပ်(ရိုင်းသွားရင်ခွင့်လွှတ်) ဆိုပြီးသတ်သတ်ကြီးချိုးနှိမ်ခွဲခြားဆက်ဆံခံရတဲ့သူတွေဘယ်လိုနေမလဲ ကိုယ်ချင်းစာကြည့်ပေါ့။
    ယောက်ျားမိန်းမဆိုတာ ကိုယ်ရွေးချယ်လို့ဖြစ်လာတာမှမမဟုတ်တာ။ အခြောက်၊ဘောပြား(ရိုင်းသွားရင်ခွင့်လွှတ်)ဆိုတာလဲ ထိုနည်းလည်းကောင်းပဲပေါ့။
    ဘာသာတိုင်းမှာ ယောက်ျားလောက်မမြတ်ဘူးလို့ ပြောထားတဲ့ မိန်းမတွေကို female empowerment ဘာလို့လုပ်တာလဲဆိုပြီး ကန့်ကွက်ရင်ရော အမျိုးသမီးထုကကြိုက်ပါ့မလား...
    လိင်တူနှစ်သက်ခြင်းအပေါ်မှာ လက်ခံသူလဲရှိမယ် လက်မခံသူလဲရှိမယ်။ ဒါကိုတော့ မငြင်းပါဘူး။
    ဒါပေမယ့် ဆပ်ကော့လပ်ကော့နဲ့ ရိုင်းစိုင်းယုတ်မာတတ်တဲ့သူအချို့ကြောင့်တော့ ရှိသမျှ homo တွေ tranny တွေအားလုံးကို မကောင်းဘူးဆိုပြီးငြင်းပယ်တာတော့ လုံးဝမတရားဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved