မိုဘိုင်းတယ်လီဖုန်းများအား ယခင်ကထက် ဈေးနှုန်းလျှော့ချရောင်း

Tuesday, May 8, 2012


မြန်မာနိုင်ငံမှာ တယ်လီဖုန်းများကို အရင်ကထက်ပိုပြီး အဆင်ပြေပြေ သုံးနိုင်ဘို့အတွက် ဈေးနုန်းချိုချိုနဲ့
ရောင်းနေကြောင်းမနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သင်တန်းဆင်းပွဲ အခမ်းအနားမှာ ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းထွန်းက ပြောလိုက် ပါတယ်။

တယ်လီဖုန်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး ကြိုးစားနေပုံများနဲ့ GSM နဲ့ UMTS မိုဘိုင်း တယ်လီဖုန်းတွေကိုလည်း တိုးချဲ့တပ်ဆင်နေပါတယ်လို့လည်း ၀န်ကြီးက ပြောလိုက်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစားတွေထဲမှာ ဖော်ပြထား ပါတယ်။

အဆင်ပြေပြေ တယ်လီဖုန်းတွေ သုံးနိုင်ဘို့ ကုမ္ပဏီတွေနဲ့လည်း မြန်မာ့ဆက်သွယ်ရေးက ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာပြည်က လက်ကိုင်ဖုန်းတွေကတော့ ၀ရံတာ ထွက်ပြောမှ အဆင်ပြေတာနဲ့၊ လမ်းမှာလည်း အော်ပြီး ပြောရ တာနဲ့၊ ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတာနဲ့ ဆက်သွယ်ရေးမှာ အဆင်မပြေလှပါဘူး။

ဆက်သွယ်လို့ ရပြန်တော့လည်း တဖက်နဲ့ တဖက် အသံက ကြည်ကြည်လင်လင် မကြားရတာနဲ့ တယ်လီဖုန်းသုံးရတာ အလွန် စိတ်ရှည်ရပါတယ်။

တချို့က ပြောတာကတော့ လိုင်းတွေ ကြပ်နေလို့ အခုထိ တယ်လီဖုန်းလိုင်းတွေက မကောင်း ဖြစ်နေတာလို့ ထောက်ပြ ပြောဆိုနေကြပါတယ်။

ဒေသတွင်း အာဆီယံ စံနှုန်းမီ တယ်လီဖုန်း ဈေးနှုန်းလောက် သုံးစွဲသူတွေ အတွက်အဆင်ပြေဖို့ကတော့ အိပ်မက်ပမာ အလား စောင့်ဆိုင်းရဆဲပါ။

အများသူငါ လူတန်းစေ့ သုံးနိုင်ဘို့ ၅၀၀၀ ကျပ်တန် ဆင်းကတ် ပေါ်ပေါက်ရေး လှုပ်ရှားမှုကတော့ အရှိန်မြင့်နေဆဲပါ။ ဆင်းရဲသား ပြည်သူတွေအတွက် မျှော်လင့်ချက်ဖြင့် စောင့်ဆိုင်းဆဲဖြစ်ကြောင်း သိရပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved