ဘယ်သူ့မှာ တာဝန်ရှိသလဲ ???

Tuesday, May 29, 2012



မေလ ၂၈ ရက်နေ့ ထုတ် messenger ဂျာနယ်မှ အပိုင်းတစ်ခု ကိုဖော်ပြ လိုက်ပါတယ်။

"ခေတ်စနစ် တခုရဲ့ အကောင်း အဆိုး ဆိုတာ နိုင်ငံ တစ်နိုင်ငံရဲ့ ခေါင်းဆောင် (သို) လူထု ခေါင်းဆောင် တစ်ဦးထဲမှာ တာဝန်ရှိတာ မဟုတ်ပါဘူး။ နောက်လိုက်တွေမှာလဲ တာဝန်ရှိနေပါတယ်" Messenger Journal က စာသားလေးက မြန်မာ့လူ့အဖွဲ့အစည်းမှာ မီးမောင်းထိုးပြလိုက်တဲ့ စကားရပ်ပါ။

တကယ်တော့ လူ့အဖွဲ့အစည်းဆိုတာ လူတဦးချင်းစီနဲ့ ဖွဲ့စည်းတည်ဆောက်ထားကြတာပါ။ ခေါင်းဆောင် သည်ပင် လူ့အဖွဲ့အစည်းထဲက တဦးလည်းဖြစ်ပါတယ်။ တဖက်က ခေါင်းဆောင်ဟာ လူ့အဖွဲ့အစည်း ကို မောင်းနှင်တဲ့ ညာသံပေးသူတမျိုး၊ တွန်းအားပေးသူတမျိုးသာလျှင်ဖြစ်ပါတယ်။

လူလိမ္မာက ပြဿနာတခုအပေါ် မိမိကိုယ်ကိုယ် အပြစ်တင်လေ့ရှိပါတယ်။ လူမိုက်က သူတပါး အပေါ် အပြစ်တင်လေ့ ရှိပါတယ်။ လူပညာရှိကတော့ ဘယ်သူ့ကိုမှ အပြစ် မတင်တတ်ပဲ မိမိလုပ်သင့် လုပ်ထိုက်တာ ကိုသာ လောက အကျိုးရှိအောင် သယ်ပိုးပါတယ်။



1 comments :

  1. Anonymous said... :

    မှန်လိုက်တာ တကယ်ဆို၇င် အပြစ်အားလုံးဟာတီးတယောက်တည်းမှာတာဝန်ရှီတာမဟုတ်ပါဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved