ကားသမားကို ဝိုင်းဝန်း ထိုးကြိတ်မှု

Sunday, May 13, 2012

ထိုးကြိတ်ပြီးနောက်လက်ထိတ်ခတ် ဆွဲခေါ်လာစဉ် (ဓါတ်ပုံ- လူမင်းသောင်းထွန်း)

မနေ့က ညနေ ၆ နာရီက ကော့ကရိတ် မြို့နယ်မှ ဖားအံဘက်အထွက် ဂျိုင်းမြစ်ကူးတံတား ဂိတ်တွင် ကားဒရိုင်ဘာတစ်ဦးကို စစ်ဆေးရေးရဲငါးဦးမှ ၀ိုင်းဝန်းထိုးနှက် ပြီးဖမ်းဆီခေါ်ဆောင်လာစဉ် ။ (ဓာတ်ပုံ သူရမျိုး Facebook)

အထိုးခံရသူမှ ကရင်ပြည်နယ်ငြိမ်းချမ်းရေးဆိုတာဘာလဲ ။မင်းတို့ တောင်းတိုင်းမပေးလို့ ထိုးရသလား ဆို အော်ဟစ် လိုက်ပါသွားသည်

အဖမ်းခံရသူမှာ ပုဆိုးပြဲကျွတ်ပြီးမြေကြီးပေါ်လဲသည်အထိ မင်းမဲ့စရိုက်ဆန်စွာ ပြုကျင့် ဖမ်းစီးခဲ့သည်။

ဆိုပါဖြစ်ရပ်အား ကလိုထူးဘောသတင်းစာရှင်းလင်းပွဲမှပြန်လာသောမီဒီယာများ ဓါတ်ပုံရိုက်နိုင်ခဲ့သည်။

ကားပေါ်ကလှမ်းကြည့်လိုက်တော့ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ထိုးနေတာတွေ့ရတာဘဲ ဂိတ်မှာ ။ ဒါနဲ့ အချင်းချင်းရန်ဖြစ်တယ်ဘဲထင်တာ ။ သတင်းသမားတွေတော့ဆင်းသွားကြတာဘဲ ။ နည်းနည်းကြာတဲ့အထိပွဲကမပြီးသေးလို့ဆင်းကြည့်မှ ရဲက ကားသမားတစ်ဦးကိုဝိုင်းထိုးနေကြတာ မီဒီယာတွေအုံရိုက်တော့မှ လက်ထိပ်ခပ်ဖမ်းသွားတာ ဘဲ။ ပုဆိုးတွေလည်းပြဲလို့ ။ အော်လို့ဟစ်လို့ဘဲ ။

(Facebook တွင် ယနေ့ တွေ့ရသော ဓာတ်ပုံ ၂ ပုံနှင့် အချက်အလက် တချို့ကို ကူးယူ ဖော်ပြပါသည်)

7 comments :

  1. gpad1234 said... :

    တောင်းလို့ ရန်ဖြစ်ကြေးဆိုရင်တော့ မပြောတော့ဘူး။ သူတောင်းစားတွေတောင် အဲလောက် အတောင်းမကြမ်းဘူး။ အကောက်ခွန်အရာရှိက ခရီးသည်ကား ဖြတ်သန်းတာကိုတောင်းလို့ ၁၀၀၀ ပေးတာ ငါအထမ်းသမားမဟုတ်ဘူးဆိုပြီး ယူနီဖောင်းပုတ်ပြလို့ ၃၀၀၀ ပေးပြီးမှလွတ်ပေးတယ်။ ဂိတ်တိုင်းအနည်းဆုံး ၂၀၀၀ ကနေ ၃၀၀၀ ကြားကုန်မှရတယ်။ တံတားတွေမှာလုံခြုံရေးစောင့်တဲ့ရဲတိုင်း စစ်သားတိုင်းကို အနည်းဆုံး ၅၀၀ ပေးမှတံတားဖြတ်ရတယ်။ တကယ့်အဖြစ်မှန်တွေကို တာဝန်ရှိသူတွေသိစေချင်ပါတယ်။ တကယ်ဖြစ်ပျက်နေတာပါ။ သတင်းထောက်တွေသတင်းလာယူသင့်ပါတယ်။ အများပြည်သူသိအောင်ပါ။

  1. kozay said... :

    မြ၀တီနှင့်ဘားအံ-မော်လမြိုင်လမ်းတလျှောက်တံတားဂိတ်
    များဟာအခြေအနေတော်တော်ဆိုးနေတယ်ဗျာ၊တလောက
    လည်းတောင်ပေါ်လမ်းစောင်တဲ့စစ်သားတွေကယဉ်မောင်း
    တွေ ယဉ်နောက်လိုက်တွေ၊ခရီးသည်တွေပါမကျန် မြင်း
    ဆေးတွေသောက်ပြီးလိုက်ထိုး သေနတ်တွေကိုလည်းခေါ်င်း
    ပေါ်ကနေကျော်ပစ် လုပ်ခြင်သလိုကိုလုပ်နေတော့တာပါဘဲ
    ဒမိုကရေစီဆိုတာ ကရင်ပြည်နယ်မပါဘူးထင်တယ်

  1. Anonymous said... :

    ကားသမားကို အကြောင်းမဲ့တော့ ထိုးကျိတ်မယ် မထင်မိပါဘူး။
    ရဲ တွေလဲ အဲလောက်တော့ စဉ်းစားဆင်ခြင်တတ်မယ်ထင်မိတယ်။
    တခုခုဆိုရင် မကောင်းမြင်ဝါဒ နဲ့ မုန်းတီးမှု့အခြေခံပြီး တဖက်စောင်းနင်း မရေးသင့်ပါ။

  1. ဘယ်လိုကြီးလဲ .. ကားသမားအရက်မူးနေတာ ထင်တယ် .. မူးပြီးလျောက်ပြောနေတာများလား
    အဲဒီလို မပေးလို့ ဆိုပြီးတော့ ၀ိုင်းဝန်း ထိုးကြိတ်မှုကြီးတော့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ် ...

  1. Anonymous said... :

    အကြောင်းမဲ့ဖြစ်ဖြစ် အကြောင်းရှိလို့ဖြစ်ဖြစ်
    ရဲတွေမှာ ပြည်သူလူထုကို ထိုးကြိတ်ရိုက်နှက်ဖို့
    အခွင့်မရှိပါဘူး။ ကားသမားမူးနေရင် မူးယစ်မှုနဲ့ဖမ်းနိုင်ပါတယ်။ ရိုက်နှက်ထိုးကြိတ်ခွင့် လုံးစ၀မရှိပါ။
    (တရားဥပဒေစိုးမိုးပြီး တရားဥပဒေအရဆိုရင်ပေါ့)

  1. mayhtat said... :

    အာဏာကိုအလွဲသုံးစားလုပ်နေကြတာနေရာတိုင်းမှာ
    ရဲကအဓိကဖြစ်နေတာလေ..
    ခုခေတ်ကဘယ်သူ့ကိုအဖေ..ဘယ်သူ့ကိုအမေခေါ်ရမှန်း
    မသိနေသေးတော့..သူတို့လုပ်သမျှပြည်သူတွေခံနေ
    ရအုန်းမှာဘဲ...သက်ဆိုင်ရာကထိရောက်မူ့စီစစ်နိုင်မှ
    အဖြေမှန်ပေါ်မှာပါ

  1. Anonymous said... :

    that's real. if u don't believe can see myitkyina-putao road

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved