ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်ကို ချောမောစွာ ရောက်ပြီ

Tuesday, May 29, 2012

ဘန်ကောက်၊ သုဝဏ္ဏ ဘုမ္မိ လေဆိပ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ ၂၄ နှစ်တာအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ သုဝဏ္ဏ ဘုမ္မိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသို့ ထိုင်းနိုင်ငံစံတော်ချိန် ၁၀ နာရီ ၁၀ မိနစ်မှာ ချောမောစွာ နဲ့ ရောက်ရှိ လာပါပြီ။

လေဆိပ်မှာ တည်းခိုရာ ရှန်ဂရီလာ ဟော်တယ်သို့ ဒေါ်အောင်ဆန်းစုကြည်စတင်ထွက်ခွာစဉ်

လေဆိပ်မှာတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်များ၊ သတင်း မီဒီယာသမားများ၊ ဘန်ကောက်ရောက် မြန်မာနိုင်ငံသားများ၊ ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူများ အလွန် စည်ကားစွာနဲ့ ကြိုဆိုနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လုံခြုံရေး အခြံအရံများ ထူထပ်စွာနဲ့ ၀င်ရောက်လာခဲ့ပါတယ်။

“အမေစု ကျန်းမာပါစေ” ဆိုတဲ့ မြန်မာတွေရဲ့ ဆုတောင်းသံတွေဟာ သုဝဏ္ဏ ဘုမ္မိ အပြည်ပြည်ဆိုင်ရာ လေဆိပ် မှာ ပဲ့တင် ထပ်နေပါတယ်။

သုဝဏ္ဏ ဘုမ္မိ အပြည်ပြည်ဆိုင်ရာ လေဆိပ်

3 comments :

  1. Anonymous said... :

    အမေသိအောင်ဒီခရီးစဉ်မှာ အမေ့ကို ကျွန်တော်အရင်ပြောပြလိုက်မယ်..။ အမေ့ကိုပျူငှာလှိုက်လှဲ
    စွာနဲ့ ထိုင်းအစိုးရတွေကြိုဆိုကြလိမ့်မယ် ။(တကမ္ဘာလုံးနည်းတူ အမေ့ကိုသူတို့လည်းလေးစားချစ်
    ခင်ပါတယ်ဆိုတာပြချင်တဲ့စိတ်နဲ့ပေါ့) ကျွန်တော်တော့မယုံဘူးအမေ ဒီကောင်တွေကအမေတို့အာ
    ဏာရတဲ့ခါ သူတို့ကိုလုပ်ပိုင်ခွင့်တွေများများပေးရအောင်ဖားတာပဲဖြစ်လိမ့်မယ်။ သေချာဆုံးကတော့ဒီမှာအလုပ်လုပ်နေတဲ့ မြန်မာတွေအားလုံးကို သူတို့အာဏာပိုင်တွေဟာသက်
    ညှာမှုလုံးဝမရှိဘူးဆိုတာပဲ..။အမေတို့သတင်းတွေကိုဖတ်ဖို့ ကွန်ပြူတာဝယ်ပြီးအင်တာနက်
    သုံးတာလည်း သူတို့ရဲတွေကို လစဉ်ကြေးသွင်းရတယ်ဆိုတာအမေ့ကိုသားပြောပြချင်တယ်။
    မဟုတ်ရင်တော့ သူတို့လိုသလို ဥပဒေနဲ့ အမျိုးမျိုးခြောက်လှန့်ပြီး ထောင်ချမယ်ပြောတတ်တယ်
    အမေမယုံချင်လည်းယုံပါ..။ ပတ်စပို့တို့ ၀ပ်ပါမစ်တို့အကုန်ရှိလျက်သားလည်း သူတို့တွေဟာ
    အလုပ်သမားတွေကိုခြိမ်းခြောက်ငွေညှစ်လေ့ရှိပါတယ်။ ပလိပ်နှင့် ထိုင်းလမ်းသရဲတွေရဲ့လုယက်
    အနိုင်ကျင့်မှုတွေကလွတ်မြောက်မှ အလုပ်သမားတွေရဲ့လုပ်ခကိုအလုပ်သမားတွေရတာမျိုးပါ.။
    မြန်မာမုန်းတီးရေးမူဝါဒတွေဟာ အရမ်းကိုခေတ်နောက်ကျပြီးအောက်တန်းကျတဲ့အတွေးအခေါ်
    ဆိုတာ သူတို့ကိုအမေပြောပြပေးပါ..ဒီကောင်တွေမှာအဲဒီအတွေးအခေါ်တွေစွဲနေတုန်းရှိတယ်ဆို
    တာရိုက်လို့ပဲမပြီးနိုင်တဲ့ ..မြန်မာတွေပဲသေတဲ့ သူတို့ရဲ့ဇာတိမာန်ဇာတ်လမ်းကားတွေက
    သက်သေပဲအမေ..။ အမေမဟာချိုင်ရောက်ရင် ဗိုလ်ချုပ်နဲ့အမေ့ရုပ်ပုံစတစ်ကာတွေကပ်ထားတဲ့
    အင်္ကျီ တွေကိုဝတ်ထားတဲ့လူငယ်တွေကိုအမေအများကြီးတွေ့လိုက်မယ် . ။ ဒါပေမယ့်သား
    ပြောပြမယ် ။ အဲဒီလူငယ်တွေအယောက်တရာမှာ တယောက်လောက်ပဲ ဗိုလ်ချုပ်နှင့်အမေ့အ
    ကြောင်းသိတာပါ..။ ဒီကလူငယ်တွေဟာ.မြန်မာ့နိုင်ငံရေးကိုစုံစမ်းလေ့လာဖို့ထက်..တလတလ
    အတိုးဘယ်လောက်တက်ပြီလဲလို့စဉ်းစားနေကြတဲ့လူတွေများပါတယ် ။။

  1. ယခုလို အမေစုရဲ့ထိုင်းခရီးစဉ်ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကိုရောက်ရှိနေကြရတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေကို နည်းနည်းလေးတော့ ထိုင်းလူမျိုးတွေ ပိုပြီးအာရုံစိုက်မှုလေးတွေ ပိုများလာခဲ့ရတာတော့ အမှန်ပါ။((အရင်ကလိုအထင်သေးတဲ့ အာရုံစိုက်မှုတွေနှင့်တော့ လုံးဝမတူတော့ပါ။))သူများတွေ ဘယ်လိုပြောပြော အမေရယ် ကျွန်တော်တော့လေ ထိုင်းနိုင်ငံရောက်နေတဲ့ (အင်တာနက်မသုံးနိုင်တဲ့)မြန်မာလူမျိုးတွေ ကိုယ်စား ကျေးဇူးအများကြီးတင်ပါတယ် အမေ။ အမေ ကျန်းမာပါစေ အမေ သက်တော်ရာကျော် ရှည်ပါစေလို့ အဖဘုရားသခင်ဆီမှာ ဆုတောင်းပေးလျှက် ....

  1. Anonymous said... :

    ကြားရတာနဲ့တင် ငိုချင်လာတယ်။ ကျုပ်တို့မြန်မာတွေရဲ့ဘ၀ကို မြင့်တင်ပေးပါ။ အမေစု။ အမေစု သက်တော်ရာကျော်ရှည်ပါစေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved