ဒေါ်အောင်ဆန်းစုကြည်၏ မေ ၃၀ ရက်နေ့ အစီအစဉ်များ

Tuesday, May 29, 2012


မနက် ၈ နာရီ ၃၀ မိနစ်တွင် တည်းခိုရာ ရှန်ဂရီလာ ဟော်တယ် က မဟာချိုင်သို့ ထွက်ခွာမှာဖြစ်ပါတယ်။ အဲဒီနောက် ကွန့်ဂ် ( ပုဇွန်ဈေး) ကို မနက် ၉ နာရီမှာ ရောက်ပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ ကားပေါ်ကပဲ ဈေးနဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ နေထိုင်လုပ်ကိုင်စားသောက်ရနေရတဲ့ဘ၀ အခြေအနေတွေကို လှည့်လည်ကြည့်ရှု့မှာဖြစ်ပါတယ်။


မနက် ၉ နာရီ ၃၀ မိနစ်မှာ မဟာချိုင်မှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားများ အဖွဲ့အစည်းကြီး တခုဖြစ်တဲ့ MWRN ရုံးကို ရောက်ပါမယ်။ အဆိုပါ အဆောက်အဦး အပေါ်ထပ် လေသာဆောင်ကနေ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနဲ့ သူတို့ရဲ့ မိသားစုကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။


မနက် ၁၁ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဆိုပါ အလုပ်သမားအရေး ကူညီလှုပ်ရှားနေတဲ့ MWRN အဆောက်အဦးကနေ ပြန်လည်ထွက်ခွာလာမှာလည်းဖြစ်ပါတယ်။

လေဆိပ်က တည်းခိုမည့် ရှန်ဂရီလာဟော်တယ်သို့ အသွား



2 comments :

  1. Anonymous said... :

    လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာသံရုံးက သံအမတ်ကြီးတွေ လေယာဉ်ကွင်းမှာ လာကြို မကြို သိချင်ပါတယ်။ မင်္ဂလာဒုံ ရန်ကုန်လေယာဉ်ကွင်းမှာတော့ သာမာန်သဘောလောက်သာဖြစ်လို့ မြန်မာပြည်သူများအနေဖြင့် အားမလို အားမရ ဖြစ်ရပါတယ်။ ကမ္ဘာကြီးက လှိုက်လှိုက်လဲလဲ ဂရုတစိုက် ဖြစ်နေချိန်မှာ ဦးသိန်စိန်အစိုးရက တာဝန်မဲ့ ပြုမှု နေမှု့ တွေ ရှိနေမယ်ဆိုရင် လူထုကို ဂရုမစိုက်ရာကျပါတယ်။

  1. ထိုင်းနိုင်ငံ အနယ်နယ်အရပ်ရပ်က ကျွန်တော်တို့ မြန်မာလူမျိုးတွေ((ဗီဇာကိုင်ထားသူတွေ))မနေ့ ကတည်းက မဟာချိုင်မှ နီးစပ်ရာသူငယ်ချင်း/ဆွေမျိုးတွေဆီ ချီတက်သွားကြပြီ((ချစ်စရာအပြုံးပိုင်ရှင် အမေ့မျက်နှာလေးကို တွေ့ ဖူးချင်လို့ ပါ။))အမေရယ် ကျွန်တော်လည်း ၂၄ နှစ်ကျော်မတွေ့ ဖြစ်ရတဲ့ အမေ့မျက်နှာလေးကို တွေ့ ဖူးချင်လိုက်တာဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved