၅ ရက်မြောက် ရန်ကုန် လျှပ်စစ်မီး ရရှိရေး

Saturday, May 26, 2012

ယနေ့ည ဆူးလေ စေတီ မြောက်ဘက်မုတ်တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဆုတောင်းနေကြပုံ ဓာတ်ပုံ -Myint Thiri's facebook

ရန်ကုန်မြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒပြုပွဲ ၅ ရက်မြောက်နေ့အဖြစ် ယနေ့ ည ၇ နာရီ ခွဲခန့်တွင် မြို့တော်ခန်းမအနီး ဆူးလေဘုရား မြောက်ဘက်မှ စတင်ကာ ချီတက် ဆန္ဒပြုကြသည်။ ( CJ 452)

ရဲလုံခြုံရေးများက မေတ္တာရပ်ခံ တားမြစ်ကြောင်း၊ ထို့နောက် ဆန္ဒဖော်ထုတ်သူများက အေးချမ်းစွာဖြင့် ဖယောင်းတိုင်မီးများ ကိုင်ဆောင်ကာ ဆူးလေ စေတီ မြောက်ဘက်ကမုတ်တွင် သံပြိုင် ဆုတောင်းခဲ့ကြကြောင်း သတင်းရရှိသည်။

လူအင်အား ၃၀၀ ၀န်းကျင်ရှိပြီး အားပေးသူ ထောင်ချီ၍ ရှိကြောင်း ဆန္ဒဖော်ထုတ်သူ တဦးက ပြောသည်။

ဆန္ဒဖော်ထုတ်သူများက အကြိမ်းဖက် ဥပဒေမဲ့လုပ်ရပ်များကို ရှောင်ရှားပြီး တနိုင်ငံလုံအတိုင်းအတာဖြင့် လျှစ်စစ်မီး ၂၄ နာရီ ရရှိရေး၊ ရေတို တပွဲထိုး ဖြေရှင်းနည်းဖြစ်သည့် မီးစက်များဖြင့် ဓာတ်အားပေးဝေနေခြင်း သည်လည်း မကြာမီ စရိတ်မျှပေး မီးလင်းရေး ဖြစ်လာမည့် လက္ခဏာများ မြင်နေကြရကြောင်း၊ ယခု မီးပေးသည့် စနစ်ဖြစ်သည့် ၁၂ နာရီ မီးလာ၊ ၆ နာရီ မီးပျက်စနစ်ကလည်း ယခုထိ အဆင်မပြေသေးကြောင်း၊ မီးလာသည့် အချိန်တွင် မီးအားမပြည့်သည့်အတွက် မီးပူ၊ ရေခဲ့သေတ္တာ၊ ရုပ်မြင်သံကြားစက်သုံးခြင်းများ သုံးစွဲ မရကြောင်း ပြောဆိုကြသည်။

"တပွဲထိုး ဖြေရှင်းပေးနေတာကတော့ မလုံလောက်ပါဘူး။ ကျမတို့ ပြည်သူကို အသိအမှတ်ပြုတာကို လက်ခံပါတယ်။ လေးစား ပါတယ်။ ဒါပေမယ့် ဒီပြဿနာက တနိုင်ငံလုံး အတိုင်းအတာနဲ့ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး နိုင်ငံတော်အပိုင်း က သေချာ လုပ်ဆောင်ပေးသွားဖို့ပဲ။ ကျမတို့အပိုင်းက စည်းကမ်းရှိရှိ ဥပဒေနဲ့ အညီဆန္ဒဖော်ထုတ်နေတာ၊ ဘာအကြမ်းဖက်မှုကိုမှ ကျမတို့ ဘက်က မလုပ်ဘူး" ဟု ဆူးလေးစေတီ အနီးသို့ ဖယောင်းတိုင်ကိုင်ကာ ဆန္ဒပြနေသူ မငြိမ်းငြိမ်းက ဧရာဝတီကို ပြောသည်။

ယခုဆန္ဒဖော်ထုတ်မှုကို မည်သူ တဦးတယောက် ဦးဆောင်မှု၊ သွေးထိုးလှုံ့ဆော်မှုဖြစ် လုပ်နေသည် မဟုတ်ကြောင်း၊ တဦးချင်း အသိစိတ်ဖြင့် အခက်အခဲကို နိုင်ငံတော် အကြီးအကဲများ သိရှိပြီ စနစ်တကျ ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် သတင်း စကားပါး နေခြင်းသာဖြစ်ကြောင်း သူက ဆက်ပြောသည်း

အလားတူ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ တောင်ဒဂုံ၊ စသည့်မြို့နယ်များတွင်လည်း ဖယောင်တိုင်မီးများ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြကြောင်း သတင်းများ ရရှိသည်။


ဆူးလေ စေတီကို ဖယောင်းတိုင်များ ကိုင်ကာ လှည့်ပတ်ပူဇော်၍ ဆုတောင်းပုံ











4 comments :

  1. Anonymous said... :

ေ၇ာ် ခက်ပြီ တန်ခိုါ်ရှင်တွေမှမဟုတ်လဲကွဝ်ခဏတော့စောင့်ပေးလိုက်ပါ

  1. Anonymous said... :

    Waiting is impatient so the govt know what they have to know

  1. Anonymous said... :

    We waited and are waiting for over 24 years. While small country like Japan which is no resources, produce 280,000 MW, Myanmar can produce only 1,860 MW. Japan can produce 150 times higher than whole Myanmar produce.

    We Myanmar deserve this kind of government as Myanmar have no ability to change the stupid, incompetent government. Our parents didn't see and live with 24 hours electricity. Will We and ours kids see and live with 24 hours electricity in this life? No other choice.

  1. anawmar said... :

    ဟုတ်တယ်ဗျာ။ လတ်တလောဖြေရှင်းလို့ရတဲ့ကိစ္စ မဟုတ်တာ သိသာနေပါပြီ။ သူတို့လည်း တအားကို အရှက်ကွဲနေကြပါပြီ။ အနိုင်ပိုင်းပြီး ခဏနားထားတာ ကောင်းမယ် ထင်ပါတယ်။ တစောက်ကန်းတွေက မထူးဇာတ်ခင်းပြီး နောက်ပြန်သွားရင် အကုန်လုံးပွဲသိမ်း ကုန်ပါ့မယ်ဗျာ။နှစ်ပေါင်း ၆၀ သည်းခံခဲ့ပြီးပြီပဲ။၂၀၁၅ တိုင်အောင် ဆက်ပြီးသည်းခံကြရအောင်ပါ။ စစ်အာဏာ ရှင်နဲ့ ထပ်မတွေ့ပါရစေနဲ့တော့ဗျာ။ရွံလှပါပြီ။ ဒီလိုပြောလို့ မီးရနေတဲ့ အခွင့်ထူးခံကောင်လို့မထင်ပါနဲ့။ အခုထိဓာတ် တိုင်မရှိသေးတဲ့ ရပ်ကွက်ကကောင်ပါ။ ကိုယ်လဲမီးရမှာ မဟုတ်ပဲနဲ့ mdy မှာ ၂ရက်တိတိ ပါဝင်ခဲ့သူပါ။ အပျက်ပျက်နဲ့ သွေးထွက်မှာစိုးလို့ တားနိုင်မယ့် လူတွေ တားပေးကြဖို့ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved