ထောင်ထွက်ကြီး ထမင်းဆိုင်

Saturday, May 19, 2012

ဓာတ်ပုံ- Chit Thar

ဖေ့စ်ဘုတ်မှာ ထူးခြားတဲ့ ထမင်းဆိုင်ကြော်ငြာကိုတွေ့လိုက်ရလို့ပါ။ ဆိုင်နံမည်ကလည်း ထောင်ထွက်ကြီးတဲ့။
သံတိုင်များကိုလွမ်းနေသူများအတွက် လို့ အစချီပြီး ကြော်ငြာထားတာပါ။ ထောင်ထမင်း၊ ထောင်ဟင်း အရသာ အတိုင်းပါ ဘဲတဲ့။ တာလဘော ဟင်းကိုတော့ အထူးအစီအစဉ်ဖြစ်ကြောင်း ပြောထားပါတယ်။

ဖေ့စ်ဘုတ်က တယောက်ကတော့ "ဒီဆိုင်မှာ ဦးခင်ညွန့်လည်း လာစားမယ်ထင်တယ်" လို့ မှတ်ချက်ရေးထား ပါတယ်။

အော်ဒါ လက်မခံပါဘူး တဲ့။

ဘယ်နေရာမှလို့ တိတိကျကျ ကြော်ငြာမှာ မသဲကွဲပါဘူး။ ထောင်ကျဖူးလို့ ထောင်ထမင်း ထောင်ဟင်း တွေကို လွမ်းနေရင်ဘဲဖြစ်ဖြစ် ထောင်ထဲက အကျဉ်းသားတွေ စားတဲ့ ထမင်း၊ ဟင်းဟာ ဘယ်လိုရှိတယ်ဆိုတာ မြည်း စမ်းချင်သူတွေအတွက် စိတ်ဝင်စားစရာပါ။

ပျော့ တူး မနပ်၊ စပါးလုံးတွေနဲ့ ရွေးကောက်ပွဲ ၀င်ပြီးမှ စားရမယ့် ထမင်း၊ မှန်ရောင် ပဲဟင်းရေ ၊ တာလဘောဟင်း၊ မကျက်တကျက် ပုံစံ အသား၊ ငါး၊ ဆံပြုတ်ရေကြဲ ဒါမျိုးတွေ ရနိုင်၊မရနိုင် ကြော်ငြာမှာ သေချာတော့ ဖော်ပြမထားပါဘူး။

မြည်း ချင်တယ် ဆိုတဲ့နေရာမှာ ရဲတပ်ရင်း ၈ က ရဲသားတချို့လို လူကိုမြည်းချင်တယ် ပြောမိရင်တော့ ပတ္တမြားမြို့သစ် သားနဲ့ တွေ့သွားနိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved