သတ္တမအကြိမ်မြောက် ရွှေအမြုတေစာပေဆု

Tuesday, May 29, 2012


~



သတ္တမအကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲကို မေလ ၂၆ရက်နေ့ ညနေ ၆း ၀၀နာရီက ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းမှာရှိတဲ့ ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲ မှာ စာပေဆုရှစ်ဆု ချီးမြှင့်ခဲ့ပါတယ်။
(ဆရာ ဦးဝင်းငြိမ်း အမှာစကားပြောကြား)
ဆုရရှိသူတွေကတော့ …

ကဗျာဆုကို ၂၀၁၂၊ မေလ၊ ဖူးငုံမဂ္ဂဇင်းမှာပါတဲ့ “မောင်ရေချမ်းရဲ့ ရန်ကုန်ကဗျာ” ကလည်းကောင်း၊ (ဆရာမောင်စိမ်းနီနဲ့ မောင်ရေချမ်း)

ဆောင်းပါးဆုကို ၂၀၁၁၊ ဖေဖော် ၀ါရီလ၊ ရနံ့သစ်မဂ္ဂဇင်းမှာပါတဲ့ “အောင်မြင့်ဦး(မဟာဝိဇ္ဖာ)ရဲ့ ပြည်တွင်းစစ် တိုင်းရင်းသား လူမျိုးများအရေးနှင့် ဒီမိုကရေစီပြဿနာဆောင်းပါး” ကလည်းကောင်း၊ (ဆရာမောင်ဝံသနဲ့ အောင်ထွန်းကျော်(မဟာဝိဇ္ဇာ)


ရသစာတမ်းဆုကို ၂၀၁၂၊ ဖေဖော်ဝါရီလထုတ် မဟေသီမဂ္ဂဇင်းမှာပါဝင်တဲ့ “ဝေ(စီးပွါးရေးတက္ကသိုလ်) ရဲ့ စာတမ်း” ကလည်းကောင်း၊ (ဆရာမျိုးမြင့်ငြိမ်းနဲ့ ဝေ(စီးပွားရေးတက္ကသိုလ်))


ဝတ္ထုတိုဆုကို ၂၀၁၂၊ ဖေဖော်ဝါရီ၊ ဖူးငုံမဂ္ဂဇင်းမှာပါတဲ့ “စံပါယ်ဖြူနုရဲ့ ပြန်လမ်းဘယ်မှာ၊ လမ်းဘယ်မှာ” ကလည်းကောင်း၊
(ဆရာမ နုနုရည်(အင်းဝ)နဲ့ စံပါယ်ဖြူနု)

မျိုးဆက်သစ်စာပေဆုကို “အောင်ထွန်းကျော်(ပခုက္ကူ)”လည်းကောင်း၊ (ရွှေနောင်ရိုးနဲ့ အောင်ထွန်းကျော်)

ရွှေနှလုံးသားဝတ္ထုတိုဆုကို “နန်းဧကရီရှင်” ကလည်းကောင်း၊

ရွှေအသစ်ဆုကို “လင်းဆက်နွယ်” ကလည်းကောင်း၊ (ဆရာမ မသီတာနဲ့ လင်းဆက်နွယ်)

ဝတ္ထုရှည်ဆုကို ၂၀၁၂၊ မတ်လ၊ ရွှေအမြုတေမှာပါတဲ့ “ဒိုက်ညိလှေကလေးများရေးသားသူ နိုင်မြင့်” ကလည်းကောင်း အသီးသီးရရှိခဲ့ပါတယ်။ (ဆရာမ မစန္ဒာနဲ့ နိုင်မြင့်)


ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မသိင်္ဂီ၊ သန်းမြင့်အောင်၊ ခင်ဆွေဦး၊
ဂျူး နဲ့ ခင်ဆွေဦး

အခမ်းအနားတက်ရောက်တဲ့ ဧည့်ပရိသတ်တွေကိုလည်း ကုမ္မဏီတွေကပေးတဲ့ လက်ဆောင်တွေကို မဲနှိုက်ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ ဒီနောက် အခမ်းအနားကို ည ၁၀း ၃၀ မှာ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါတယ်။

တာရာဝေယံ

ညွှန်း - မိုးမခ http://moemaka.com

~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved