လန်ဒန် အိုလံပစ်မှာ နံမည်ကြီး တေးဂီတအဖွဲ့များ ဖျော်ဖြေ

Tuesday, May 15, 2012




၂၀၁၂ လန်ဒန် အိုလံပစ် ပွဲတော် ဖွင့်ပွဲ အခမ်းအနားမှာ အင်္ဂလန်နိုင်ငံရဲ့ ဓနသဟာယ လေးနိုင်ငံဖြစ်တဲ့ အင်္ဂလန်၊ မြောက်အိုင်ယာလန်နဲ့၊ ဝေးလ်၊ စကော့တလန်၊ စတဲ့ နိုင်ငံမှာ နာမည်ကြီး တေးဂီတအဖွဲတွေက ဖျော်ဖြေ ကြမှာပါ။

အင်္ဂလန်ရဲ့ ကိုယ်စားပြု့ ဖျော်ဖြေမယ့် ဂီတ အဖွဲ့ကတော့ Duran Duran အဖွဲ့ဘဲဖြစ်ပါတယ်။ မြောက်အိုင်ယာလန် ဂီတ အဖွဲ့ကတော့ Snow Patrol အဖွဲ့ဖြစ်ပြီး wales ပြည်နယ် ကိုယ်စားပြုဂီတ အဖွဲ့က stereophonic ဂီတ အဖွဲ့တွေ ဖြစ်ပါ တယ်။

စကော့တလန်ကတော့ ဖျော်ဖြေ တင်ဆက်မယ့် ဂီတအဖွဲ့ကတော့ Paolo Nutini ဂီတအဖွဲ့ဖြစ်ပါတယ်။ ဇူလိုင် (၂၇) ရက် နေ့ မှာတော့ Duran Duran တေးဂီတ အဖွဲ့ က Hyde Park ပန်းခြံ မှာ စတင်ဖျော်ဖြေမှာ ဖြစ်ပြီး အိုလံပစ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားနဲ့လဲ တိုက်ဆိုင်နေပါတယ်တဲ့။

အဲဒီ့အဖွဲ့ မှာတော့ နာမည်ကြီး အဆိုတော်တွေ အများအပြား ပါဝင်မှာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ကတော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဖွင့်ပေးအခမ်းနားမှာ များပြားလှတဲ့ ပရိတ်သတ်ရှေ့မှောက် တင်ဆက်ခွင့်ရတာဟာ သူတိုအတွက် ဆယ်စုနှစ် အတွင်း အထင်ရှားဆုံး ပွဲစဉ်တွေထဲက တစ်ခုဖြစ်ကြောင်း Duran Duran အဖွဲ့သား တစ်ဦးဖြစ်တဲ့ Simon Le Bon က ဖြေကြားခဲ့ပါတယ်။

Duran Duran အဖွဲ့က Hyde Park ပန်းခြံမှာ ဖျော်ဖြေနေချိန် အတွင်း လန်ဒန်အရှေ့ပိုင်းမှာ ရှိတဲ့ Victoria Park ပန်းခြံကနေပြီး ပိတ်ကားကြီး နှစ်ချပ်နဲ့ အိုလံပစ် ပွဲတော် ဖွင့်ပွဲအတွက် အများပြည်သူတိုက်ရိုက် ကြည့်ရှု နိုင်အောင် အခမဲ့ ထုတ်လွှင့်ပေးမှာလဲဖြစ်ပါတယ်။

ပွဲစဉ် တစ်လျှောက်လုံးကို အစဉ်လိုက် ထုတ်လွှင့်ပေးသွားအုံးမှာပါတဲ့။ အင်္ဂလန်နိုင်ငံသားတွေကတော့ အိုလံပစ်ပွဲတော်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved