လေးမြို.မြစ် ရေအားလျှပ်စစ် စီမံကိန်းကို ရပ်တန့်ပေးပါ.............

Tuesday, May 29, 2012



နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သို့

လေးမြို.မြစ်ရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန်.ပေးပါရန် မေတ္တာရပ်ခံတောင်းခံခြင်း

ကျွန်တော်တို. ရခိုင်ပြည်၌မြစ်ကြီးလေးသွယ်ရှိတဲ.အထဲမှ အဉ္စနနဒီ (ခ) လေးမြို.မြစ်အား ပိတ်ဆို.ပြီး ရေအားလျပ်စစ်စံမံကိန်းပြုလုပ်နေပါသည်။




ကျွန်တော်တို.သည် ၄င်းလေးမြို.မြစ်ရေဖြင်.သုံးစွဲချက်ပြုတ်ကြရပြီး ၊ ၄င်းမြစ်ပတ်ဝန်းကျင်တွင်လည်း လယ်မြေ ၊ ယာမြေ ၊ ကိုင်းအစရှိသည်တိုကို ပြုလုပ်ပြီးအသက်မွေးဝမ်းကျောင်းမှုကို လုပ်ကိုင်ကာ စားသောက်နေရပါသည်။

၎င်းမြစ်ထဲမှ သားငါးများကိုလည်း တစ်ဝမ်းတစ်ခါးအတွက် ၀မ်းစာဖူလုံ၇န်၇ှာဖွေရောင်းချ စားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုပြုလုပ်နေရပါသည်။

အခုအချိန်တွင် နိုင်ငံတော်မှ လေးမြို.မြစ် ရေအားလျှပ်စစ်စီမံကိန်းကို မြစ်၏ အထက်ပိုင်းတွင် စက်ကြီးများဖြင်.တူးဆွခြင်း အလုပ်လုပ်ခြင်းများကြောင်.မြစ်ရေများ ညစ်ညမ်းခြင်း ၊ သုံးစွဲမရခြင်း ၊ မြစ်ထဲမှာရှိတဲ.ငါးများမြစ်ရေ ညစ်ညမ်းမှုဖြင် အလိုအလျှောက် သေခြင်းများ ဆက်လက် ဖြစ်ပေါ်လျက်၇ှိနေပါတယ်။




၎င်းအပြင် မြစ်ကမ်းနဘေးမှရွာများမှာလဲ ၄င်းလေးမြို.မြစ်ေ၇ကို သုံးစွဲမိကြသဖြင်. ကျန်းမာရေးများလည်း ထိခိုက်လျက်ရှိနေကြပါတယ်။

၎င်းအပြင် ထိုလေးမြို.မြစ်၏ ဘေးဘယ်ညာ တစ်ဘက်တစ်ချက်တွင်လဲ ၄င်းလေးမြို.မြစ်ကရေကို အမှီသဟဲပြုရ်ျ လယ်မြေ ၊ ကိုင်းကျွန်း အစရှိသည်.စိုက်ပျိုးမြေများလဲ နောင်တစ်ချိန်တွင် စိုက်ပျိုးစားသောက်၍ ရှိမည်.နည်းလမ်းများ လည်းအလွန်နည်းနေလျှက်ရှိနေပါတယ်။





၎င်းမြစ်ရေကို အမှီပြုရ်ျလုပ်ကိုင် စားသောက်လျှက်ရှိနေကြသော ရွာပေါင်း ၁၀၀ နီးပါးမျှရှိနေပါတယ်။ အကယ်၍ ဒီလေးမြို.မြစ် စီမံကိန်းဖြစ်ပေါ်လာခဲ.လျှင်လည်း ကျွန်တော်တို ခိုင်ပြည်နယ်ရှိ လေးမြို မြစ် ပတ်ဝန်းကျင်တွင် နေထိုင်လုပ်ကိုင်စားသောက်လျှက်ရှိကြသော ပြည်သူများမှာလဲ အလုပ်လက်မဲ.ဦးရေ ဒီထက်နှစ်ဆတိုးကာ ဆင်းရဲ ကျပ်တည်းမှု များစွာနဲ့ ရင်ဆိုင်ရမည့် အရေးနဲ ကြုံကြိုက်နေရပါသောကြောင်. သနားညှာတာထောက်ထားစွာဖြင်. ဒီလေးမြို.မြစ် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖေါ်နေမှုအား ရပ်တန်.ပေးပါရန် ရိုသေလေးစားစွာဖြင်. သမ္မတကြီး ဦးသိန်းစိန် အားမေတ္တာရပ်ခံ တောင်းဆိုသမှု ပြုလိုက်ရခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ပါတယ်။



တက်တိုးမောင် - မြောက်ဦးမြို.ရခိုင်ပြည်နယ်











2 comments :

  1. Anonymous said... :

    ခေတ်မီတိုးတက်ခြင်ရင်အနည်းနဲ့အများပေးဆပ်ရပါလိမ့်မယ်
    တိုးတက်ဖွံဖြိုး ရေးနဲ့ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး ဘက်ညီအောင်ဆောင်ရွက်ရပါလိမ့်မည်
    တဘက်စွန်းရောက်ပါတ်ဝန်းကျင်ထိန်းသိမ်း ရေး ၀ါဒနဲ့ ဘာမှအလုပ်မဖြစ်ပါ

  1. Toe lay said... :

    လူအကြိုက်နတ်မနိုင်လိုက်ဆိုတာ သင်တို့ ဘဲနော် မီးမရလိုအော်
    ရအောင်လုပ်ပေးမယ်ဆိုတော့ (ရပ်တဲ့)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved