အူယားဖားယား၊ ဖုတ်ပူမီးတိုက်၊ အပြေးအလွှား ?????

Wednesday, May 16, 2012


by Hawdeka Aethae


မေးထဲက ဓါတ်ပုံတွေ ရောက်လာပါတယ်

မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေး တ၀ိုက်က ရေနံပိုက်လိုင်းတွေ ချနေကြတဲ့

ဓါတ်ပုံတွေပါ

စက်ယန္တရားကြီးတွေ အများကြီးပါပဲ

ဗမာပြေက ရှိရှိသမျှဝန်ကြီးတွေ သွားကြည့်သင့်ပါတယ်

တိုင်းပြည်ကို ၈၈ ကနေ ၂၀၁၁ အထိတည်ဆောက်ခဲ့ ပါတယ် ဆိုတဲ့ သူတွေ လည်း သွားကြည့်သင့်ပါတယ်

တကယ်ကို စစ်ဖြစ်ဖို့ စစ်ပြင်နေတဲ့ အတိုင်းလုပ်နေကြတယ်

တကယ်ကို ၂၄ နာရီ လုံးလုံး လုပ်နေကြတယ်

တရုတ် အလံတွေ ထူ လို့ လေထဲ တလူလူနဲ့ ငါတို့ ဗမာပြည် ကျွန်ဖြစ်သွားပြီလား အောက်မေ့ရတယ်

တကယ်ကို အပြင်းအထန်လုပ်နေကြတယ်

အူယားဖားယား လုပ်နေကြတယ်

ဖုတ်ပူမီးတိုက် လုပ်နေကြတယ်

အပြေးအလွှား လုပ်နေကြတယ်

အမောတကော လုပ်နေကြတယ်

ကသောကမျော လုပ်နေကြတယ်

ကမန်းကတန်း လုပ်နေကြတယ်

အတင်းနင်းကန် လုပ်နေကြတယ်

အသည်းအသန် လုပ်နေကြတယ်

မျက်ကလူးဆန်ပြာ လုပ်နေကြတယ်

အရမ်းကာရော လုပ်နေကြတယ်

ငါတို့ ဒီအတိုင်ကြည့်နေကြတော့မှာလား

ဒီစီမံကိန်းက နောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေ ရှိသလဲ

ဒီစီမံကိန်း အတွက် အစိုးရက ပိုက်ဆံ ဘယ်လောက်ယူထားလို့လဲ

ဒီ တရုတ်တွေကို ငါတို့အားလုံး မုန့်ဘိုးစုပြီး ပိုက်ဆံပြန်အမ်းလိုက်ကြမယ်လေ

ဒီအကြောင်းကို ထောင်ကထွက်လာတဲ့ ဘုန်းဘုန်းတွေ အစ်ကိုတွေ အစ်မတွေကို ပြောပြပေးကြပါ

သတင်းထောက်တွေလဲ အဲဒီဒေသတွေကို သွားပြီး သတင်းယူပေးကြပါ

ငါတို့မျက်ရှိရှေ့မှာ ငါတို့နိုင်ငံ ကျွန်ဖြစ်သွားတာကို ထိုင်ကြည့်နေကြတော့မှာလား











9 comments :

  1. Anonymous said... :
    This comment has been removed by the author.
  1. Anonymous said... :

    တခြားကိုအတုမယူပါနဲ.။ ကောင်းအောင်ဘယ်လိုလုပ်တယ်။ သေသေသပ်သပ်နဲ.အကောင်းဆုံးနဲ.အချိန်တိုတိုနဲ.ပြီးအောင်လုပ်တာတွေကို အတုယူပြိး လမ်းတံတားစီမံကိန်းတွေ အဲဒီလိုအကောင်အထည်ဖော်ရင်သိတ်ကောင်းမှာပဲ။

  1. အလုက်လာလုတ် ကြတာတော့ ဟုတ်ပါတယ်၊ ဘယ့်နှယ့်ကြောင့် တရုပ်အလံကို လွင့်ထားရသလဲ။
    တရုပ်နိုင်ငံထဲမှာ အဲဒီလို မြန်မာ အလံလွင့်ပြီး ကားလျှောက်မောင်းလို့ ရသလား။ နိုင်ငံတော် အလံနဲ့ ပတ်သတ်ပြီး ဥပဒေ ရှိပါတယ်။ အဲဒီလို လွင့်ထူခွင့် မရှိပါဘူး။ အရေးမယူကြဘူးဆိုရင် ကျွန်တော်တို့က တရုပ်ကျွန်တွေလားဗျ

  1. Anonymous said... :

    It doesn't look like Chinese National flag.
    It seem like a company logo flag to me.

  1. Anonymous said... :

    ရွှေဂစ်စီမံကိန်းကိုဆန့်ကျင်ကြဟေ့..
    မြန်မာတွေရဲ့သွေးတွေ ကိုစုပ်ထုတ်သွားတာ..
    မြန်မာတွေဂစ်ကိုမမြင်ဖူးတဲ့အချိန်မှာတရုပ်က အကုန်သိမ်း
    ကုန်ပြီ..

  1. Anonymous said... :

    ဒီတရုပ်တွေ လွန်လာပြီ၊ လက်ရဲဇက်ရဲ နိုင်လာပြီ၊ မြန်မာနိုင်ငံသားတွေ ကို သောက်ဂရုမစိုက်ဖူး၊ အာဏာပိုင်ကို ပိုက်ဆံပေးပြီး ဒို့မြေပေါ်မှာ လုပ်ချင်ရာလုပ်မယ် ဆိုတဲ့အချိုးမျိုး လား။ ဒါမှမဟုတ် ပြဿနာရှာ၊ အစ ဆွဲထုတ်ပြီး၊ တောကြောင် လက်ခမောင်းခတ် ချင်နေဒါလား။ သမ္မတကြီး ခင်ဗျား၊ ဒီ "ရွှေ ဂက်(စ်)" စီမံကိန်းကြီး တခုလုံးကို ရပ်တန်းပြီး ပြန်လည်စီစစ်ပါ။ မြန်မာပြည်လည်း ဂက်(စ်) တွေအများကြီး လိုအပ်နေပါတယ်။ တကယ်တော့ နိုင်ငံခြားကို စိတ်ကြိုက် ထုတ်ရောင်းနေတဲ့ မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေ အားလုံးဟာ နိုင်ငံသားများပိုင်ဆိုင်ပါတယ်။ ဘယ်နိုင်ငံမဆို ပြည်တွင်းဖူလုံအောင် အလျှင်လုပ်ရပါတယ်၊ ပြီးမှသာ ပိုလျှံဒါတွေကို နိုင်ငံခြား ကိုရောင်းရပါတယ်။ အခုတော့ တရုပ်နိုင်ငံကြီး အသက်ရှင်ဖို့ အတွက် ကျုပ်တို့က မှောင်ထဲမှာ တချိန်လုံးထိုင်ပြီး အသေခံပေးရမှာလား?

  1. Anonymous said... :

    The generals were selling off country's resources since Ne Win era. If we all are sitting and watching silently, we all are going to be China's colony in no time! Go & look out Mandalay being sucked off the resources by the Chinese. It's unbelievable to see the ruining of our last royal city. It's time to be united and fight off the selfish generals before too late guys!!!

  1. Anonymous said... :

    i think it's not the chinese national flag. it's seems like company's logo flag or something like that.

  1. မြင်းခြံသား said... :

    မြစ်ဆုံလိုစိတ်မပြောင်းခင်အတင်းလုပ်နေတာထင်ပါတယ်
    မြင်းခြံရဲ့အပူဟာ အရမ်းကြောက်စရာကောင်းပါတယ်
    မြင်ရတာစိတ်ပျက်စရာပါ အလုပ်သမားတွေ ထမင်းထုပ်ရဖို့နေပူထဲမှာတန်းစီရပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved