မြန်မာပြည်ကို လာတဲ့ နိုင်ငံတကာခေါင်းဆောင်များရဲ့ ခရီးစဉ်တွေထဲမှာ တောင်ကိုရီးယားသမ္မတခရီးက လုံခြုံရေးအတင်းကျပ်ဆုံးဖြစ်နေပါပြီ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အင်အားပြ၊ လုံခြုံရေးယူထားတဲ့ပုံတွေသာမက တောင်ကိုရီးယားသမ္မတရဲ့ လက်နက်ကိုင်လုံခြုံရေးတချို့ပုံတွေပါ တွေ့ရမှာပါ။
ရန်သူပေါတဲ့ အမေရိကန်က ခေါင်းဆောင်များရဲ့ ခရီးမှာတောင်မှ ဒီလို မောင်းပြန်သေနတ် ပေါ်ပေါ်ထင်ထင် ကိုင်ဆောင်ထားတဲ့ ကိုယ်ပိုင်လုံခြုံရေးမျိုး ခေါ်ဆောင်ခဲ့တာ မတွေ့ရပါဘူး။
ဒီကနေ့ တောင်ကိုရီးယားသမ္မတက ရန်ကုန်မြို့ ရောက်ခိုက် ဆီဒိုးနားဟိုတယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်။ အာဇာနည်ဗိမာန်ကိုလည်း သွားရောက် ဂါရ၀ပြုပါတယ်။
မြန်မာပြည်ရဲ့လုံခြုံရေးနည်းစနစ်တွေ နိုင်ငံတကာနဲ့အညီ အဆင့်မှီဖို့ ကြိုတင်ပြင်ဆင်လုပ်ဆောင်သင့်ပြီ