နယူးယောက်က မြန်မာဝတ်စုံ ဖက်ရှင်

Thursday, May 17, 2012



ဓာတ်ပုံ-Htet T San ၊ ဒီဇိုင်နာ-သဇင်ခင်

မြန်မာ အ၀တ်စားလေးတွေ နဲ့လှပနေတဲ့ အနောက်တိုင်သူလေးတွေဘဲ ဖြစ်ပါတယ်။ ဒီဇိုင်နာ သဇင်ခင်ရဲ့ လက်ရာဖက်ရှင် ဖြစ်ပါတယ်။ ယနေ့ ခေတ်မှာတော့ မြန်မာ မိန်းကလေးတော်တော်များကတော့ မြန်မာ ၀တ်စုံရဲ့ လှပတင့်တယ်ကျက်သရေ ရှိတာကို တန်ဖိုး မထားတတ်တာတွေနဲ့ပတ်သက်လို့ သာဓကတခုကတော့ ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ တွေ့နိုင်ပါတယ်။

ခေတ် လူငယ်တွေအနေနဲ့ ခေတ်နဲ့ အညီတော့ ၀တ်စားဆင်ယဉ်နိုင်ပါတယ်။ ဒါပေမယ့် ခေတ်ကို ကျော်လွှားတဲ့ ၀တ်စားမှု တွေကိုတော့ ရှောင်းရှားသင့်ပါတယ်။ မြန်မာတို့ရဲ့ ရိုးရာဝတ်စုံဟာ ကမ္ဘာ့အလယ်မှာ တင့်တယ်မှုရှိတဲ့ ၀တ်စုံ တစ်မျိုး ဆို တာကတော့ သက်သေပြနေတာပါဘဲ။











6 comments :

  1. hein said... :

    ဟဟ..ဒီလို လုပ်တဲ့ ဒီဇိုင်နာကိုတွေ့ ရင် ထိုင်ဦးချပစ်လိုက်မယ်ကွာ..ဒါမှ မြန်မာ့ယဉ်ကျေးမှုကို ပါးစပ်နဲ့ မဟုတ်ပဲ လက်တွေ လုပ်တာလို့ ခေါ်တာ..

  1. Anonymous said... :

    အဲဒီလို ဒီဇိုင်နာမျိုးတွေ မြန်မာပြည်နိုင်ငံထဲမှာ အများကြီးလိုအပ်တယ်.....
    တင်မိုးလွင်တို့လို ဂျွန်လွင်တို့လို မော်ဒယ်လ်သင်တန်းဖွင့်ပြီး မြန်မာ့ယဉ်ကျေးမှုကိုဖျက်ဆီးနေတဲ့သူတွေကိုလည်း အရေးယူသင့်နေပြီ

  1. Unknown said... :

    မြန်မာ ဆိုတာ ဗမာ ကိုပြောတာပါလား .မြင်တာကတော့ တိုင်းရင်းဝတ်စုံမှန်သမျှကို ဗမာ ရိုးရာဆိုပြီးလုပ်တေ..

  1. အေတူကန် said... :

    အနောက်နိုင်ငံသူတွေ မြန်မာဝတ်စုံဝတ်ထားတာအရမ်းကျက်သရေရှိပြီး ကြည့်လို့ ကောင်းတယ်။ သူတို့ ရဲ့ ထွားကျိုင်းပြီး ပြေပြစ်တဲ့ ခန္ဓာကိုယ်အချိုးအစား၊ မြင့်မားတဲ့ အရပ်အမောင်းတွေနဲ့ လိုက်ဖက်လွန်းတယ်။ ဒီဇိုင်နာကိုလည်း အလွန်ပဲ လေးစားမိပါတယ်။

  1. culture lover said... :

    မော်ဒယ်တွေနဲ့ ဝတ်စုံတွေက လိုက်ဖက်လွန်းပြီး အရမ်းအရမ်းကို လှလို့  ကြည့်ရတာ ဘယ်လောက်အထိ ပီတိဖြစ်ရတယ် ဆိုတာကို ပြောပြဖို့  စကားလုံးတောင် ရှာမရအောင်ပါပဲ။ မြန်မာဝတ်စုံကို နိုင်ငံတကာအဆင့်အထိ တိုးဝင်နိုင်အောင် ကြိုးစားတဲ့ ဒီဇိုင်နာ သဇင်ခင် သက်တော်ရာကျော် ရှည်စေသောဝ်။

  1. Thi Han said... :

    Have a good luck my fri :)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved