ဒါဖတ်ပြီးမှ သစ်ပင်စိုက်ပါ

Thursday, May 24, 2012

~



ငြိမ်းဇော်~


လေးပြင်းတိုက်ခိုက်လို့ သစ်ပင်တွေပြိုလဲတာတော့ မြင်တွေ့နေကျ
အရာတွေပါ။
ဒါပေမဲ့ အခုမြေခနေတဲ့ သစ်ပင်ကြီးကတော့ လူတွေကို ပညာပေးသွားရှာပါတယ်။

ဒီသစ်ပင်ကြီးက ၁၀ နှစ်ကျော် ရှိပြီလို့ ခြံထဲကလူတွေက ပြောကြတယ်။

ဒီခြံထဲမှာ ဒီသစ်ပင်က လုံး
ထည် အကြီးဆုံး။ သူငယ်ချင်း သားအမိနှစ်ယောက်က ဒီခြံထဲမှာ နေကြပါတယ်။

မှတ်မိပါ သေးတယ်။ အလုပ်ပိတ်ရက်ဆိုရင် ညနေတိုင်း ကျနော်တို့သူငယ်ချင်းတွေ ဒီအပင်အောက်မှာ ပိုက်ကျော်ခြင်း ခတ်ကြတယ်။ တချို့ကလည်း ညဘက်လေညင်းခံရင်း ဂီတာတီးပြီး အလွမ်းဖြေခဲ့ကြတယ်......ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ တော့ မိုးတွေရွာပြီး လေပြင်းဒဏ်ကြောင့် သစ်ပင်ကြီး ပြိုကျခဲ့တာပါ။

ဒီသစ်ပင်ကြီးက ပညာပေးပုံက ဒီလိုပါ -
နောက်တနေ့ မနက်မှာ ခြံပိုင်ရှင်ရောက်
လာပါတယ်။ သူပြောတာက ဒီအပင်ကို အရိပ်ရအောင်လို့ သစ်ပင်ဈေးကနေ၀ယ်ပြီး စိုက်တာလို့ ပြောတယ်။ ၀ယ်တုန်းက အပင်က တော်တော်ကြီးနေပြီ တဲ့။

လေတိုက်ခံရတာချင်း တူပေမယ့် အနားမှာ သူ့ထက် နိမ့်တဲ့ အပင်တွေက ဘာကြောင့် လဲမသွားရတာလဲ ဆိုတော့ - ခြံရှင်က သစ်ပင်လေးတွေက ခံနိုင်တယ်။ ရေေ
သာက်မြစ်က မြေစွဲနေပြီ၊ သဘာဝအတိုင်းကြီးလာတာ တဲ့။

ဒီအပင်ကြီးကျတော့ အမြန်ကြီးဖို့ဆိုပြီး မြေသြဇာသုံးလာတာ။ ဒီမှာ ကြည့်လေ သူ့မှာ ရေသောက်မြစ်မှ မရှိတာ ဘေးကအမြစ်တွေဘဲ ရှိတယ် တဲ့။

ကြည့်လိုက်တော့ ဟုတ်လည်း ဟုတ် ပါတယ်။ ရေသောက်မြစ်ကို မတွေ့ဘူး။

ထိုင်းနိုင်ငံမှာ ဒီလိုအကိုင်းကူးပြီး စိုက်တာ နေရာ အတော်များများမှာ ရှိတယ် တဲ့။ ကိုယ်လိုချင်တဲ့ အပင်ကို အရွယ်အစားအလိုက် ၀ယ်ပြီးစိုက်တာ ကိုယ့်ခြံထဲမှာ နေ့ချင်းညချင်း သစ်ပင်တွေ ဖြစ်လာတာပေါ့။ ဟော လေမုန်တိုင်းတွေလည်း လာရော ပြိုကုန်တော့တာပဲ၊ တော်သေးတာပေါ့ လူနေတဲ့ အိမ်တွေဘက် မလဲလို့ ဆိုပြီး ခြံရှင်က ရှင်းပြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က သစ်ပင် အရောင်းဆိုင်တခုမှာ တွေ့ရတဲ့ သစ်ပင်များ

အပင်ကြီးငယ် အစုံ ရနိုင်ပါတယ်


အဝေးက ကြည့်ရင်တော့ စိမ်းစိုနေတဲ့ တောအုပ်အငယ်စားလေးပါပဲ။

အနီးကပ်ကြည့်မှ တပင်ချင်း ကောက်ဝယ်သွားလို့ရတဲ့ သစ်ပင်အရောင်းဆိုင် ဖြစ်နေပါတယ်။ (ဓာတ်ပုံများ - ငြိမ်းဇော်)

သစ်ပင်ကြီးတွေ ရွှေ့ပြောင်းစိုက်ရင် ဒီလိုဖြစ်ရပ်မျိုးတွေနဲ့ ကြုံရနိုင်တယ်လို့ တွေးနေမိပါတော့တယ်။


~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved