ဆဲဗင်းဂျုလိုင်အတွက် လှုပ်ရှားမှု စတင်

Friday, May 18, 2012



ဆဲဗင်းဂျုလိုင် နှစ်ငါးဆယ်ပြည့် အရေးတော်ပုံ အခမ်းအနား ကျင်းပရေး အတွက် စည်းရုံးရေး အကြိုလှုပ်ရှားမှုများ စတင် ခဲ့ပါတယ်။

နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံ အခမ်းအနား ကျင်းပရေးကော်မတီ မှ အကြိုကာလ စည်းရုံးရေး လှုပ်ရှားမှုများ စတင် သည့်အနေဖြင့် မန္တလေး ဈေးချိုတော် အတွင်း စတစ်ကာများ ကပ်ခြင်း ၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်း များ ဆောင်ရွက်ခဲ့ပြီး ဈေးသူဈေးသား များမှ အားတက်သရော အားပေးခဲ့ကြသည်။

မန်းမြန်မာပလာဇာသို့ ဝင်ရောက်ရာတွင် မူ တာဝန်ကျ မန်းမြန်မာပလာဇာ ဝန်ထမ်းမှ ဓါတ်ပုံများ မရိုက်ရန်၊ ကြေငြာများ မကပ်ရန် ၊ကပ်လို့ပါက ရုံးခန်းသို့ လိုက်ပြောရန် လာပြောသည်။ ကျောင်းသားများက ဓါတ်ပုံမရိုက်ရန် သဘောတူသောလည်း အခြားစီးပွားရေးကြော်ငြာများကပ်သည့် နေရာများတွင် ကပ်ခဲ့ကြသည်။

အချို့နေရာများ ပြန်လည် ခွာပစ်ခဲ့ကြသည့်အတွက် မှတ်တမ်းဓါတ်ပုံများ ပြန်လည်ရိုက်ခဲ့သည်။ စီပွားရေးကြော်ငြာများ ကပ်ခွင့် ပြုထားပြီး အရေးတော်ပုံ စတစ်ကာအား ကပ်ခွင့်မပြုခဲ့သော ထိုလုပ်ရပ်ကို ကျောင်းသားများ မကျေနပ်သော်လည်း ငြိမ်းချမ်းစွာ ဖြင့် ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ။ ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)

By:ဗကသ(အထက်ဗမာပြည်)တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီ


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved