ဒစ္စကို ဘုရင်မ Donna Summer ကွယ်လွန်

Friday, May 18, 2012



၁၉၇၀ ခုနှစ်လွန်များက ဂီတလောကမှာ ဒစ္စကို ဘုရင်မရယ်လို ကျော်ကြားခဲ့တဲ့ အသက် ၆၃ နှစ်အရွယ် မစ္စ Donna Summer ဟာ မေ ၁၇ ရက်နေ့ နံနက် အစောပိုင်းက အမေရိကန် ပြည်ထောင်စု ဖလောင်ရီဒါတွင် ကွယ်လွန်သွားကြောင်းကို ယနေ့ နေ့စွဲနှင့် THE SUN အွန်လိုင်းသတင်းစာတွင် ဖော်ပြထားပါတယ်။

Donna Summer ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်က မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့မှာ မွေးဖွားခဲ့သူပါ။ ကျောင်းဆရာမလည်းဖြစ်သူ သူ့မိခင်ကပြောတာကတော့ Donna Summer ဟာ စကားပြောတတ်ခါစ ကစပြီး သီချင်းခဲ့သူပါတဲ့။

သူကွယ်လွန်ချိန်မှာတော့ အဆိုတော်လည်းဖြစ်၊ ထုတ်လုပ်သူတဦးလည်းဖြစ်တဲ့ ခင်ပွန်းသည် Bruce Sudano ရယ်၊ သူတို့ရဲ့ သမီးတွေဖြစ်တဲ့ Brooklyn နဲ့ Amanda အပြင် အရင် အိမ်ထောင်နဲ့ ရခဲ့တဲ့ သမီးလေး Mimi တို့လည်း အတူရှိခဲ့ပါတယ်တဲ့။

Donna Summer ဟာ ၂၀၀၁ ခုနှစ် 9/11 တိုက်ခိုက်ခံရစဉ်တုန်းက နယူးယောက်က မဟတ်တန်ရပ်ကွက်က တိုက် ခန်း တခုမှာ ရှိနေခဲ့တာပါ။ အဲဒီတုန်းက တန်ချိန်ထောင်နဲ့ချီရှိတဲ့ ဖုန်မှုန့်၊ ပြာမှုန်တွေကြောင့် ကင်ဆာရောဂါ ဝေဒနာ ခံစားခဲ့ရတာလို့ ယုံကြည်ရကြောင်း ဆိုထားပါတယ်။

ခရစ်ယာန် ဘုရားကျောင်းမှာ သီချင်းတွေဆိုခဲ့သူအဖြစ်က နောက်ဆုံး ကမ္ဘာကျော် အဆိုတော် တယောက်ထိ ဖြစ်လာ ခဲ့သူပါ။

သူ့တခေတ်မှာတော့ နံပတ် ၁ နေရာယူနိုင်ခဲ့သလို ၀င်ငွေအလွန်ကောင်းအောင်လည်း အလုပ်ကြိုးစားသူပါ။ ၁၉၈၀ လွန်ခုနှစ်များက ကမ္ဘာ့ ထိပ်တန်း ဘေဘုတ် အဆင့် ၁၀ အတွင်းရှိခဲ့သူလည်း ဖြစ်ပါတယ်။


သူ့ရဲ့ မြူးကြွတဲ့ သီချင်းနဲ့ ဒစ္စကို အကတွေက အသက် ၅၀ ကျော်များသာ မက အခုခေတ် မျိုးဆက်သစ်တွေအထိပါ ရင်ကို ထိခတ်သွားစေတဲ့ အနုပညာရှင်လည်းဖြစ်ပါတယ်။
သူရဲ့ နောက်ဆုံး အယ်လ်ဘမ်ဖြစ်တဲ့ Crayons ကိုတော့ ၂၀၀၈ ခုနှစ်က ထုတ်ခဲ့ပါတယ်။




Donna ရဲ့ နာမည်ကြီးခဲ့တဲ့ သီချင်းများ




1 comments :

  1. အေတူကန် said... :

    RIP, Queen of Disco. Your songs will be alive forever.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved