အရှင်ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင် ဆေးကုဖို့ အခက်ကြုံ

Friday, May 4, 2012

အရှင်ဂမ္ဘီရအဖြစ်ကနေ လူဝတ်လဲခဲ့တဲ့ ကိုညီညီလွင်ကို မိထ္ထီလာမြို့၊ စိတ်ရောဂါအထူးကု ဆရာဝန်ကြီးက ဆေး ဆက်မကုပေးနိုင်တော့ဘူးလို့ ငြင်းဆိုခဲ့လို အခက်တွေ့နေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။



သူဟာ ထောင်ထဲမှာ ရှိနေခဲ့တုန်းက ရိုက်နှက်ခံရမှုတွေ၊ ထောင်တွင်းဖိနှိပ်မှုတွေကြောင့် စိတ်ကျန်းမာရေး ချို့တဲ့နေတာကို ဆရာဝန်နဲ့ မိသားစု တိုင်ပင်ပြီး ကုသနေတာ တပတ်အကြာမှာ ဆရာဝန်က ဆက်မကုပေးနိုင်တော့တဲ့အကြောင်း၊ ရန်ကုန် ဒါမှမဟုတ် မန္တလေးကိုသွားပြီး ကုဖို့ ပြောလာတယ်လို့ မိခင်ဖြစ်သူ ဒေါ်ရေးက ပြောပြပါတယ်။

လူနာဟာ နာမည်ကြီး ပုဂ္ဂိုလ်ဖြစ်နေတာကတကြောင်း၊ လက်ရှိအစိုးရ၀န်ထမ်းတယောက် ဖြစ်နေတာက တကြောင်းကြောင့် သူ့အနေနဲ့ ဆက်ကုသဖို့ မ၀ံ့ရဲတော့တဲ့အကြောင်း ဆရာဝန်က ပြောတာကြောင့် ဆရာဝန်ကို ဖိအားပေးတာများ ရှိနေသလား၊ ဒါမှမဟုတ် ဆရာဝန်ကိုယ်တိုင်ကပဲ စိုးရွံ့မှုတွေရှိနေတာလားဆိုတာ ဝေခွဲမရဘူး၊ ရန်ကုန်၊ မန္တလေးကို သွားကုရင်လည်း ဒီလိုအဖြစ်မျိုးထပ်တွေ့မှာစိုးတယ်၊ သားဖြစ်သူကို ဆေးဆက်ကုသဖို့ အခက်ကြုံရလို့ စိတ်မကောင်းဘူးလို့ ဒေါ်ရေးက ဆိုပါတယ်။

၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု ဦးဆောင်သံဃာတော်တပါး ဖြစ်တဲ့ အရှင်ဂမ္ဘီရဟာ ဧပြီလအတွင်းက သူ့ကို ဘုန်းတော်ကြီးကျောင်းတွေက သတင်းသုံးဖို့ လက်မခံတဲ့အတွက် မိဘနေအိမ်မှာပဲ ပြန်နေနေရတာကြောင့် လူဝတ်လဲခဲ့ပါတယ်။ ဆေးကုသမှုတွေ ပြီးစီးသွားပြီး ကျန်းမာလာရင် သင်္ကန်းပြန်ဝတ်မှာဖြစ်တယ်လို့ အကိုဖြစ်သူက ပြောပါတယ်။

1 comments :

  1. အို.. ဒုက္ခက မသေးလှပါလား.. ပြည်သူ့စားဝတ်နေရေး အတွက် ရှေ့ဆောင် ဆန္ဒပြခဲ့သူတစ်ပါး (တစ်ယောက်) ရဲ့ နိဂုံးက ဒီလိုမျိုးပဲလား၊ တက်ကြွလှုပ်ရှားသူတွေ အခြားဘာ အဖွဲ့အစည်းတွေကမှ မကူညီကြတော့ဘူးလား..

    အို..အရှင်
    ဆင်းရဲခြင်းအပေါင်းမှ အမြန်ဆုံး လွတ်မြောက်ပါစေ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved