ရန်ကုန်မှာလည်း ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြ

Tuesday, May 22, 2012

ယနေ့ ညပိုင်း ရန်ကုန်မြို့လယ် မြင်ကွင်းများ (photos by AP)

မန္တလေးမှာ အစပြုခဲ့တဲ့ လျှပ်စစ်မီး ရရှိရေး ဆန္ဒပြပွဲတွေက ရန်ကုန်ကို ရောက်ချလာပါပြီ။

ကြိုတင်ကြေညာထားတဲ့အတိုင်း ညပိုင်း ဖယောင်းတိုင်ထွန်းပြီး ရန်ကုန်မြို့လယ်မှာ ဆန္ဒပြရေး အစီအစဉ် အကောင်အထည် ပေါ်ခဲ့ပါတယ်။


ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ပေမယ့်၊ သဘာဝဓာတ်ငွေ့ ထွက်ရှိမှု များပြားပေမယ့် ဗိုလ်ချုပ်ကြီးတွေ နှစ်ပေါင်းများစွာ လူတတ်ကြီးလုပ် အုပ်ချုပ်ခဲ့ခြင်းရဲ့ ရလဒ်အဖြစ် မြန်မာနိုင်ငံဟာ ဘယ်လိုအခြေအနေ ရောက်နေပြီလဲ ဆိုတာ
သိသာ ထင်ရှားနေပါပြီ။





နေပြည်တော်ကြီး ထိန်ထိန်ငြီးနေချိန် မြို့ကြီးမြို့ငယ်တွေဆီ အချိန်ပိုင်း ပေးနေတဲ့ လျှပ်စစ်ဓာတ်အား ပုံမှန် မရောက်တော့ပါဘူး။


ဒီည ရန်ကုန်မြို့လယ် ဆန္ဒပြသူတွေ ရှိရာကို လုံခြုံရေးအရာရှိတွေ ရောက်ရှိသွားပေမယ့် ရိုက်နှက်လူစုခွဲခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း သတင်းတွေ မကြားရပါဘူး။

မန္တလေးမှာလည်း တတိယမြောက်ညအဖြစ် ဖယောင်းတိုင်ထွန်း ဆန္ဒပြကြပါတယ်။


ရက်ပေါင်း ဘယ်လောက်ကြာအောင် ဆန္ဒဖော်ထုတ်မယ်၊ အာဏာပိုင်တွေက ဘယ်လိုဖြေရှင်းပေးမယ် ဆိုတာတွေကို မသိရသေးပါဘူး။



လတ်တလောမှာတော့ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေး ဆန္ဒပြမှုတွေ မန္တလေး၊ မုံရွာ နဲ့ ရန်ကုန် အနည်းဆုံး မြို့ကြီး ၃ မြို့မှာ ဖြစ်ပွားခဲ့ပါပြီ။ နေပြည်တော်မှတပါး တခြားမြို့တွေကိုလည်း ဒီလှုပ်ရှားမှု ကူးစက်ဖွယ် ရှိပါတယ်။



ဒီကနေ့ မန္တလေးအာဏာပိုင်တို့က ဆန္ဒပြမှုနဲ့ ဆက်စပ်တယ်လို့ သူတို့ယူဆသူ အများအပြားကို ခေတ္တ ခေါ်ယူ မေးမြန်း စစ်ဆေးခဲ့ပါတယ်။

3 comments :

  1. ကိုပေါက်စ said... :

    လုံးဝ (လုံးဝ)ထောက်ခံပါတယ်...။

  1. Anonymous said... :

    Now u all will believe and realize how it felt to live in the darkness for the ethnic minorities for decades? Feeling of being ignorant from not only the generals but also the majority civilians. While the hydro power projects out of the rivers flowing right by their villages were not meant for them but only for the selfish, ignorant handful of generals, what will u do?

  1. Anonymous said... :

    သည်းခံကြပါဗျာ ပြည်မကြီး(大陆中国) မှာကလည်း လျှပ်စစ်လိုအပ်ချက်က မပြည့်မှိသေးတော့ လုံလောက်အောင် ဖြည့်စည်းပေးဖို့ နေ့မအားညမအား ကြိုးစားနေရလို့ မြန်မာ(缅甸)လို ပြည်နယ်လေးတွေ အတွက် မစဉ်းစားနိုင်သေးပါဘူး။ နားလည်ကြပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved