ကုန်စည်ဒိုင်အနီးရှိ ရှဲဒိုး လက်ဘက်ရည်ဆိုင်ကို ဦးစွာ ဖျော်ဖြေ အလှူခံခဲ့ရာ ငွေကျပ် ၃သိန်း ၆သောင်းကျော် ရရှိခဲ့သည်။
ယင်းနောက် ၃၄လမ်း၊ ၈၄x၈၅ ကြားရှိ စိန်ဝင်းဝင်း လက်ဘက်ရည်ဆိုင်သို့ သွားရောက်ဖျော်ဖြေကြရာ အလှူငွေ ၃သိန်း ၉ သောင်းကျော် ရရှိခဲ့သည်။
မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက် ကျောက်စိမ်းဝိုင်းသို့ သွားရောက် ဖျော်ဖြေရာတွင် အလှူငွေ (၉)သိန်းကျော်ရရှိခဲ့သည်။
နေ့လည်ပိုင်းတွင် ၇၆လမ်း၊ ၂၇x၂၈ကြားရှိ အိမ်တအိမ်တွင် ဆက်လက်ဖျော်ဖြေရာ အလှူငွေ ၂သိန်း ၈သောင်းကျော် ထပ်မံရရှိခဲ့ရာ ရန်ကုန်မန္တလေးမှ အလှူငွေစုစုပေါင်း ၃၁သိန်းကျော်ရရှိခဲ့ကြောင်း သိရသည်။
ညနေပိုင်းတွင် မန္တလေးမြောက်ပြင်ဘက်ရှိ လက်ဘက်ရည်ဆိုင်များသို့ ဆက်လက် ဖျော်ဖြေ အလှူခံမည်ဖြစ်ပြီး ကိုရဲလွင်နှင့် ကိုတိုးလွင်(ဥတ္တရအလင်း) တို့မှာ ညပိုင်းတွင် ရန်ကုန်သို့ ပြန်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးသား
0 comments :
Post a Comment