Facebook ဖန်တီးသူရဲ့ မင်္ဂလာ သတင်း

Sunday, May 20, 2012


ဖေ့စ်ဘုတ် တွဲဖက် ဖန်တီးရှင်၊ အကြီးအကဲ မစ္စတာ Mark Zuckerberg ကတော့ မနေ့က စနေနေ့မှာ သူနဲ့ နှစ်အတော်ကြာ ချစ်သူ မိန်းကလေးဖြစ်တဲ့ Priscilla Chan နဲ့ လက်ထပ်လိုက်ပါပြီ။

ဒီသတင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ အခုလို ရေးသားကြေညာခဲ့တာပါ။
"Mark added a life event to May 19, 2012 on his timeline: Married Priscilla Chan," တဲ့။
ဒီလို ကြေညာအပြီးမှာတော့ သူတို့ ချစ်သူ ၂ ယောက်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေရဲ့ Status တွေမှာ အသီးသီး "married" လို့ ရေးသား ဖော်ပြလိုက်ကြပါပြီ။

သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ ကာလီဖိုးနီးယာက မြို့ငယ်လေး တခုရဲ့ ခြံဝန်းတခုထဲမှာဘဲ လူ ၁၀၀ တောင် မပြည့်တဲ့ ရင်းနှီးတဲ့ ဧည့်သည် တွေဖိတ်ပြီး ရိုးရိုးလေးပဲ လုပ်ခဲ့တာပါတဲ့။

သူတို့ရဲ့ ချစ်ခရီးလမ်းတလျှောက် သာယာတဲ့ ဘ၀တွေကိုပိုင်ဆိုင်ဖို့အတွက် ဖေ့စ်ဘုတ်သုံးသူများကလည်း မင်္ဂလာ ဆုမွန်ကောင်းတွေ တောင်းနေကြပါပြီ။


လွန်ခဲ့တဲ့ မေလ ၁၄ ရက်နေ့က သူ့ရဲ့ အသက် ၂၈ နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။ အဲဒီမွေးနေ့ အပြီးမှာပဲ ဖေ့စ်ဘုတ်ကို အများပိုင်ကုမ္ပဏီဖြစ်ဖို့ အတွက် သူပိုင်တဲ့ အစုရှယ်ရာထဲက သန်း ၃၀ ဘိုးကို ထုတ်ရောင်းပြီး အခုတော့ ဖေ့စ်ဘုတ် အစုရှယ်ယာ တခုကို အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာနဲ့ ရောင်း ချပေးနေပြီဖြစ်ပါတယ်။

Facebook ရှယ်ယာတစ်ခုလျှင် ၃၈ ဒေါ်လာ ဖြင့် သောကြာနေ့က စတင်ရောင်းချနေပြီ ဖြစ်ပါတယ်တဲ့။ ရှယ်ယာ တစ်ခုလျှင် ၂၈ ဒေါ်လာသာ ရှိခဲ့ရာမှ ထုတ်ရောင်းမည့်ရက် နီးကပ်လာသည်နှင့်အမျှ စိတ်ဝင်တစား ရင်းနှီးမြှုပ်နှံ လိုသူ များပြားလာပြီး ယခုကဲ့သို့ ဈေးတက်လာခြင်းဖြစ်ပါတယ်။

ဒီလို ထုတ်ရောင်းလိုက်ပေမယ့်လည်း သူ့ဟာ ဖေ့စ်ဘုတ်ရဲ့ အစုရှယ်ယာ အများစုကို ဆက်လက်ပိုင် ဆိုင်မှာ ဖြစ် သလို အမေရိကန်ပြည်ထောင်စုမှာလည်း ဒုတိယ အချမ်းသာဆုံး စာရင်းဝင် ဘီလျံနာ တဦးလည်းဖြစ်နေအုံး မှာပါ။ သူ့ရဲ့ကြွယ်ဝမှု ကို ခန့်မှန်းချက်တွေကတော့ အမေရိကန် ဒေါ်လာ ၁၉ ဘီလျံ ရှိတယ်လို့ ဆိုကြပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved