ဟံသာဝတီ အောက်မေ့ဘွယ်

Monday, May 14, 2012

၂၅၅ နှစ်မြောက် ဟံသာဝတီ အောက်မေ့ဘွယ် အခမ်းအနား ထိုင်းမြန်မာ နယ်စပ်တွင် ပြုလုပ်
ဘစောတင်


ယမန်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့တွင် ပြုလုပ်သည့် ဟံသာဝတီ အောက်မေ့ဘွယ် အခမ်းအနား ဓာတ်ပုံများ

၂၅၅ နှစ်မြောက် ဟံသာဝတီ အောက်မေ့ဘွယ် အခမ်းအနားများကို ထိုင်းမြန်မာ နယ်စပ် စံခလဘူရီ ၀င်းကနှင့် ပြည်တွင်း ပြည်ပ နေရာအသီးသီးတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဟံသာဝတီနိုင်ငံကို နောက်ဆုံးဘုရင်ဖြစ်သော ဘုရင် ဗညားဒလ လက်ထက်တွင် ဗမာဘုရင် အလောင်းဘုရား ဦအောင်ဇေယျက ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ် ကဆုန်လဆုပ် ၈ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ ယင်းနေ့ကို အစွဲပြုပြီး မွန်များက မွန်ဘာသာအာဖြင့် ဟံသာဝတီ ပျက်သုဉ်းတဲ့နေ့ မြန်မာဘာသာအားဖြင့် ဟံသာဝတီ အောက်မေ့ဘွယ်နေ့ အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဟံသာဝတီ အောက်မေ့ဘွယ် အခမ်းအနားကို ကျင်းပရခြင်းမှာ မျိုးဆက်သစ် မွန်လူငယ် လူရွယ်များ မိမိတို့ သမိုင်းအမှန်ကို သိစေလို၍ ကျင်းပရခြင်း ဖြစ်ကြောင်း စံခလူဘူရီ ခရိုင် ၀င်းကတွင် ပြုလုပ်သည့် အခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သူ Mon Affair Union (MAU) မွန်းရေးရာ အဖွဲချုပ်မှ သဘာပတိ ဖြစ်သော ဦးနိုင်ကားရော့က ဧရာဝတီသို့ ပြောသည်။

´ကျနော်တို့ ဒီကနေ့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေဖြစ်ကြတဲ့ မွန်တွေ ရခိုင်တွေ ဗမာတွေဟာ တချိန်က ကိုယ်ပိုင် နိုင်ငံတွေ အချုပ်အခြာ အာဏာပိုင်တွေ ဖြစ်ခဲ့ကြတယ်။ အဲသလို နေလာခဲ့ဖူးကြတဲ့ အစဉ်အလာ သမိုင်းတွေကို လူငယ်တွေကို သိစေချင်တယ်။ မနေ့က ကျနော် အဓိကပြောသွားတဲ့ အချက်သုံးချက်က တစ် အတိတ်က ကျနော်တို့ရဲ့ သမိုင်းတွေ နှစ်က ဒီကနေ့ ပစ္စုပ္ပန်မှာ ကျနော်တို့ရဲ့ နိုင်ငံရေး အခြေအနေတွေ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေ ပေါ့။ ကျနော်တို့က လွတ်လပ်ရေးရပြီးနောက် ကျနော်တို့ လှုပ်ရှားခဲ့တဲ့ အခြေအနေတွေ လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေကို တင်ပြတယ်။ သုံးအချက်က အနာဂတ်မှာ ကျနော်တို့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ ကျနော်တို့ရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် ကျနော်တို့ နိုင်ငံရေး အဖွဲ့အစည်းတွေက ပံ့ပိုးသွားမယ် ဆိုတဲ့ အချက်ကို အခြေခံပြီးတော့ ပြောဖြစ်ခဲ့ပါတယ်´ ဟု ဆိုသည်။

ဤအခမ်းအနားကို MAU ၏ ဦးဆောင်မှုဖြင့် ပြည်တွင်းပြည်ပတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ MAU တွင် မွန်ပြည်သစ်ပါတီ အပါအ၀င် ပြည်ပရှိ မွန်အဖွဲ့စည်းပေါင်းစုံ ပါဝင်ပြီး ပြည်တွင်းမှ နိုင်ငံရေးပါတီများ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ လည်း ပါဝင်ကြောင်း သိရသည်။

ဤ ဟံသာဝတီ အောက်မေ့ဘွယ်နေ့ကို ၁၉၈၈-၈၉ ခုနှစ်က မွန်ပြည်သစ်ပါတီက စတင် သတ်မှတ် အတည်ပြုကာ ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် စတင်ကျင်းပသောနှစ်မှာ ၂၀၀၇ ခုနှစ် ဖြစ်ကြောင်း သိရသည်။ အဆိုပါ နှစ်တွင် ဟံသာဝတီ ကျဆုံးသည်မှာ နှစ်ပေါင်း ၂၅၀ ပြည်သကဲ့သို့ မြန်မာနိုင်ငံတွင်း၌လည်း သံဃာတော်များ ဦးဆောင်သာ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွါးခဲ့သည့် အချိနှင့် တိုက်ဆိုင်ခဲ့သည်။

ဟံသာဝတီ အောက်မေ့ဖွယ်နေ့နှင့် စပ်လျဉ်းသော စာအုပ်စာတမ်းများ ဗွီဒီယို စီဒီများကို ပြည်တွင်းပြည်ပတွင် ဖြန့်ဝေ ကြသည်။ ဟံသာဝတီ နိုင်ငံတော်သမိုင်း မွန်သမိုင်းကို ခေတ်လူငယ်များ မမေ့ပျောက်ရအောင် သိရှိလာလေအောင် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း အခမ်းအနား ကျင်းပရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ် လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ အယ်ဒီတာလည်း ဖြစ်သူ ဦးဗညားအောင်က ပြေပြသည်။

´လွန်ခဲ့တဲ့ ငါးနှစ်ပေါ့။ နှစ်ပေါင်း ၂၅၀ ပြည့်တဲ့နှစ်မှာ မွန်တွေက ပြည်တွင်း ပြည်ပနဲ့ တတိယနိုင်ငံရောက် မွန်တွေပါ ပြုလုပ်လာကြတယ်။ တကဲ့ကို ကြီးမားတဲ့ အခမ်းအနားတွေ လုပ်ခဲ့ကြတယ်။ သက်ဆိုင်ရာနိုင်ငံ သက်ဆိုင်ရာ ဒေသ အလိုက်ပေါ့။ အဲဒီမှာဆိုရင် အမှတ်တရ သီချင်းခွေတို့ ဗွီဒီယိုခွေတို့ ဒီဗွီဒီတို့ ကျနော်တို့က အဲဒီအကြောင်းတွေကို ထုတ်တယ်ပေါ့။ ကျနော်တို့က လူငယ်တွေ အဲဒီအကြောင်းကို သိရအောင်လို့ပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ တချိန်တုန်းက မွန်တွေဟာ သူ့ရဲ့ အချုပ်အခြာ အာဏာပိုင်ရှိခဲ့တယ်။ ကိုယ့်ရဲ့တိုင်းပြည် ရှိခဲ့တယ်။ ကိုယ်ပိုင် နယ်မြေ ဧရိယာလည်း ရှိနေခဲ့တယ်။ အဲဒီလို လူမျိုးတမျိုးရဲ့ တိုင်းပြည် ပျက်သုဉ်းခဲ့တာ အချုပ်အခြာ အာဏာ ကျဆုံးခဲ့တာဟာ ခုအချိန်မှာ နှစ်ပေါင်း ၂၅၅ နှစ်တောင် ရှိနေပြီ ဆိုတာကို သိစေချင်တယ်။ မွန်တွေမှာ နိုင်ငံတော် ရှိခဲ့တဲ့အကြောင်း သမိုင်းကို မမေ့ရအောင် အောက်မေ့ဘွယ် အခမ်းအနားတရပ် ပြုလုပ်တာပါ´ ဟု အကျယ်တ၀င့် ပြောဆိုသည်။

မြန်မာနိုင်ငံသည် ယခုအခါ လူမျိုးပေါင်းစုံ နေထိုင်သော တိုင်းပြည်တခု ဖြစ်သည်။ အဓိက လူမျိုးစုကြီး ရှစ်ခုဖြစ်သော ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်းတို့သည် မိမိတို့ ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှုများ သမိုင်းအစဉ်အလာများ ရှိကြသည့် လူမျိုးများ ဖြစ်ကြသည်။ ရှေးဘုရင်မင်းများသည် အင်အားကြီးမားသူက အင်အားငယ်သူကို အနိုင်ယူကာ လက်အောက်ခံ နိုင်ငံအဖြစ် သိမ်းပိုက်တတ်ကြသည်။



ယခုကဲ့သို့ မွန်နိုင်ငံတော် ဟံသာဝတီ ကျဆုံးရခြင်းမှာ မွန်ဘုရင် ဗညားဒလ၏ အရည်အချင်း ညံ့ဖျင်းမှုနှင့် မွန်တို့ စည်းလုံးညီညွတ်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ အယ်ဒီတာ ဦးဗညားအောင်က မှတ်ချက်ပြု ပြောဆိုသည်။

´အဲဒီအချိန်တုန်းက ကျနော်တို့ မွန်တွေက စည်းလုံး ညီညွတ်ခြင်းမရှိဘူး။ ဘုရင်က ဗညားဒလ။ သူက သူရဲ့ ညီအကိုတော်တဲ့လူတွေကို မြှောက်စားတယ်။ ဒါပေမဲ့ သူညီအကိုတော်တွေက အရည်အချင်း မပြည့်ဝဘူး။ တကယ် အရည်အချင်းရှိတဲ့ ဗိုလ်မှူးတွေ စစ်သည်တွေကိုတော့ မမြှောက်စားဘဲ လျစ်လျူရှုထားတယ်။ မျက်နှာသာ မပေးဘူး။ နောက်ပြီးတော့ ကတိကို လွယ်လွယ်လေးပေးတယ်။ ဗမာဘုရင်နဲ့ ဆက်ဆံတဲ့အခါမှာလေ။ တခါ ဗမာဘုရင်တွေဘက်က ဗျူဟာကောင်းတယ်။ ကိုယ့်မှာက စည်းလုံးမှု မရှိဘူး။ ကိုယ့်ရဲ့ နန်းတွင်းမှာ စည်းလုံး ညီညွတ်မှုက မရှိဘူး။ အဲဒါကြောင့် ရှင်းရှင်းပြောရရင် နောက်ဆုံးစိုးစံခဲ့တဲ့ မွန်ဘုရင် အသုံးမကျ အရည်အသွေး ညံ့ဖျင်းလို့ ဟံသာဝတီ နိုင်ငံတော် ကျုံးသွားရတာ ဖြစ်တယ်လို့ ခုလက်ရှိ ခေါင်းဆောင်တွေ မွန်ပညာရှင်တွေက ဒီလိုဘဲ သုံးသပ်ကြတယ်။ ပြောကြတယ်။ ကိုယ် အသုံးမကျလို့ ဆုံးရှုံးရတာကို သဘောတူကြတယ်´ ဟု ဆိုသည်။

ညနေပိုင်းတွင် ၀င်းကရှိ ဗုဒ္ဓါဂါယာ စေတီတော်သို့ သွားရောက်ကာ မွန်လူငယ်များက ဖယောင်းတိုင် ဆီးမီးများ ထွန်းညှိကာ ဟံသာဝတီခေတ်က ဘိုးဘွားဘီဘင်များအတွက် ဆုတောင်း အမျှဝေခြင်းများ ပြုလုပ်ကြသည်။ ထို့ပြင် ´မွန်လူမျိုးများ ဘေးဒုက္ခအပေါင်းမှ ကင်းဝေး လွတ်မြောက်ပါစေ´ လို့ အဓိပ္ပါယ်ရသည့် မွန်စာဖြင့် ဖယောင်းတိုင်များကို ပုံဖော်ကာ ထွန်းညှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့တွင် ပြုလုပ်ခဲ့သော အခမ်းအနားမှာ အထူးစည်းကားကြောင်း သတင်းရရှိသည်။

3 comments :

  1. KYAW KYAW BO said... :

    ကိုယ့်လူမျိုးသမိုင်းကို မပျောက်ပျက်အောင် ထိမ်းသိမ်းတာကြိုဆိုရ မှာပါ။ လူမျိုးတိုင်း မှာကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စာ ကိုယ်ပိုင်စကား ဆိုတာရှိကြတာကြီးပါပဲ။ ဒါတွေကိုမပျောက်ပျက်အောင် ထိမ်းသိမ်းတဲ့နေရာမှာ မလိုလားအပ်တဲ့ အတွေးအခေါ် အယူအဆမျိုးတွေ မှိုင်းတိုက်တဲ့ အရေးအသားမျိုးတွေ ရှောင်ရင်တော့ ရေရှည်မှာ တိုင်ြး­ပည်အတွက်ရော သက်ဆိုင်ရာ လူမျိုးအသီးသီးအတွက်ရော ကောင်းကျိုးခံစားရမှာပါ။ အခုဒီစာထဲမှာရေးထား တာဆိုရင် မွန်တိုင်ြး­ပည် ဟံသာဝတီ ပျက်ရတာ မွန်ယဉ်ကျေးမှု ပျက်ဆီးရတာ ဗမာတွေ ကြောင့်လို့ရေးထားတာ။ နေ့လည်ကပဲ အလုပ်ထဲက အသိ ရှမ်းတယောက်နဲ့ စကာြးေ­ပာရင်း သူကအရင်ခေတ်က ရှမ်းစော်ဘွားတွေ အကြောင်ြးေ­ပာရင်း ဘာကြောင့်ရှမ်းတွေ လက်ကိုင်ရသလဲ ဆိုတဲ့အကြောင်းရောက်သွားတယ်။ သြူေ­ပာတာလဲထိုနည်း၎င်းပါပဲ။ မင်းတို့ဗမာတွေကြောင့်ပေါ့ကွ လို့ြေ­ပာင်မြေ­ပာတာ တခုပဲရှိတယ်။ ရခိုင်တွေကရော။ ကရင်တွေကရော။ တွေးကြည့်ရင် ရင်လေးစရာကြီးပါပဲ။ ကျန်တိုင်းရင်းသားတွေ အားလုံးက ဗမာတွေကို ဘုံရန်သူလို့များသတ်မှတ်နေကြ­ပီလား။ အရင်ကြ­ဖစ်ခဲ့ သမိုင်းတွေ အတိတ်တွေကို ဘယ်လိုမြှ­ပန်ြ­ပင်လို့ မရနှိင်ပါဘူး။ နောင်အနာဂတ်ကိုတော့ ပုံဖော်လို့ရပါတယ်။ အတိတ်ကသမိုင်းကြို­ပန်တွေြး­ပီး တစစ်စစ်ကိုက်ခဲနေမယ့် အစား အခုကျွန်တော်တို့ ပုံဖော်နှိင်တဲ့ အနာဂတ် လက်လှမ်းမှီတဲ့ အြေ­ပာင်းအလဲတွေကြားမှာ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု တိုးတက်စည်ပင်အောင် ညီအကိုစိတ်နဲ့ ကြံဆောင်ကြမယ်ဆိုရင်ြ­ငိမ်းချမ်းတဲ့တနေ့ကိုရောက်မှာမလွဲပါကြောင်း။

  1. ကိုချမ်း said... :

    ကိုကျော်ကျော်ဗိုလ်ပြောတာ မှန်ပါတယ်..မိသားစုထဲမှာ တောင် မိဘနဲ့သားသမီး၊ ညီအကိုမောင်နှမခြင်းမသင့် မမြတ်ခဲ့တာရှိဘူးမှာဘဲ..အညှိုးအတေးထားမှတ် ထားလို့မရဘူးလေ.ပြီးခဲ့တာကန့်လန့်ကာချလိုက်ပါတော့ခုနေ မွန်နိုင်ငံကြီးဆိုပြီး ခွဲထွက် သွားမယ်ဆိုရင်လည်း အတူနေထိုင်စားလာခဲ့ကြတာတွေ ပြန်ငဲ့သတိရသင့်ပါတယ်...မွန်မလေးနဲ့ မခွဲနိုင်သေးဘူး

  1. Anonymous said... :

    ကိုချမ်းပြောသလိုကျနော်လဲဗမာမလေးမခွဲနိုင်သေးဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved