Google နဲ့ မေဒေး

Tuesday, May 1, 2012

ဒီကနေ့ မေဒေးနေ့ Google စာမျက်နှာကို ရောက်ရင် အလုပ်သမားနေ့အထိမ်းအမှတ်ပုံနဲ့ ကြိုဆိုဧည့်ခံတာကို တွေ့ရမှာပါ။

Google က နေ့ထူးနေ့မြတ်တွေရောက်ရင် သူ့ရဲ့ အဖွင့်စာမျက်နှာကို သက်ဆိုင်ရာပုံ/ဒီဇိုင်း တင်လေ့ရှိပါတယ်။ ပုံမှန်နေ့တွေမှာတော့ ဘာပုံမှ မတင်ပါဘူး။

ဒီကနေ့ အလုပ်သမားနေ့အထိမ်းအမှတ်ပုံက သန်မာတဲ့ အမျိုးသမီးတဦး လုပ်ငန်းခွင်ဝတ်စုံ ၀တ်ထားပြီး Google ကို (ကိုင်ပေါက်တော့မယ့်ဟန်?) ပင့် မ ထားတာ ဖြစ်ပါတယ်။

သို့သော်လည်း နိုင်ငံတိုင်းမှာတော့ ဒီပုံကို တွေ့ရမယ် မဟုတ်ပါဘူး။

အိန္ဒိယမှာ Google ၀င်ရင် ဒီပုံကို မတွေ့ရဘူးလို့ အိန္ဒိယက လာတဲ့ သတင်းတချို့က ဆိုပါတယ်။ ဒီအတွက် စိတ်ပျက်လက်ပျက်ဖြစ်နေပုံရကြောင်း အဲဒီသတင်းတွေမှာ အထင်းသား တွေ့နေရပါတယ်။

ဘာကြောင့် ဒီလို ဖြစ်နေရတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။


မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့“မေဒေး”နေ့အဖြစ် ၁၈၈၉ ခုနှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်များ ဒုတိယ အကြိမ် ညီလာခံက သတ်မှတ်ပေးလိုက်တာပါ။

ဒီနေ့ နိုင်ငံအများမှာ လုပ်ငန်းခွင်တွေ တရားဝင် ပိတ်ကြ၊ အနားယူကြ၊ အခမ်းအနား အထိမ်းအမှတ်တွေ ပြုလုပ်ကျင်းပကြပါတယ်။ အလုပ်မပိတ်ဘဲ ခိုင်းစေတဲ့ အလုပ်ရှင်တွေ ဘော့စ်တွေလည်း ရှိပါတယ်။

အလုပ် ပိတ်သည် ဖြစ်စေ၊ ဖွင့်သည် ဖြစ်စေ ပျော်စရာ အလုပ်သမားနေ့ ၊ မေဒေးနေ့ ဖြစ်ကြပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved