KIA နဲ့ အစိုးရ ထိပ်သီးအဆင့် အလွတ်သဘောတွေ့ဆုံမှု

Monday, May 21, 2012



KIA ဗိုလ်ချုပ်ဂွမ်မော် (ဓာတ်ပုံ - ဧရာဝတီ)

အစိုးရရဲ့ ငြိမ်းချမ်းရေး ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ KIA ဒီကနေ့ (တနင်္လာနေ့) တွေ့ကြပါတယ်။

နေရာကတော့ တာချီလိတ်နဲ့ သိပ်မဝေးတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့မှာပါ။

ဒီလဆန်းပိုင်း နေပြည်တော်ရဲ့ ဗဟိုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ တိုးချဲ့ ပြင်ဆင် ဖွဲ့စည်းပြီးနောက် ဒါဟာ အစိုးရနဲ့ KIA တို့ ပထမဆုံးအကြိမ် တွေ့တာပါ။

ဝန်ကြီး ဦးအောင်မင်းအတွက်လည်း KIA နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။

(ခါတိုင်းတော့ KIA နဲ့ တွေ့ဆုံညှိနှိုင်းရေးကို ဦးအောင်သောင်းက တာဝန်ယူခဲ့တာပါ။ အခုတော့ ဦးအောင်သောင်းကို ငြိမ်းချမ်းရေး ကော်မတီမှာ မရှိတော့ပါဘူး)

ဒီကနေ့ တွေ့ကြတာဟာ အလွတ်သဘောပါပဲ လို့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဧရာဝတီကို ပြောပါတယ်။

“နေ့လည် ထမင်းစားချိန်အထိ တမနက်လုံး ဆွေးနွေးဖြစ်ကြပါတယ်။ အလွတ်သဘော တွေ့ဆုံပွဲပါ။ နောင် ဖြစ်ပေါ်လာနိုင်တဲ့ ဆွေးနွေးညှိနှိုင်းပွဲတွေအတွက် အစပျိုးတဲ့ တွေ့ဆုံမှုပါ။
နောင်လည်း ထပ်ပြီး တွေ့ဆုံကြမယ် ဆိုတာကို နှစ်ဘက် သဘောတူခဲ့ကြပါတယ်” လို့ ဗိုလ်ချုပ်ဂွမ်မော်က ဧရာဝတီကို ပြောပါတယ်။

မနေ့ညကလည်း တကြိမ် တွေ့ဆုံပြီး ညစာအတူသုံးဆောင် ခဲ့ကြကြောင်း၊ စကားပြောရ ဆွေးနွေးရတာ ပွင့်ပွင့်လင်းလင်းရှိတယ်၊ အလားအလာ ကောင်းပါတယ် လို့ အစိုးရသတင်းရပ်ကွက်တခုက ဆိုပါတယ်။

ကချင်ဒေသမှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတာလည်း တနှစ်ပြည့်ပါပြီ။ စစ်ပြေးဒုက္ခသည်များလည်း နေရပ်ရင်း မပြန်နိုင်ကြသေးပါဘူး။ တွေ့ဆုံပွဲ ညှိနှိုင်းပွဲ ဆိုတာတွေလည်း အကြိမ်ကြိမ် ရှိခဲ့ပါပြီ။

သတင်းအပြည့်အစုံကို ဒီမှာ http://www.irrawaddy.org/?slide=govt-negotiator-meets-kia-leader ဖတ်နိုင်ပါပြီ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved