မုံရွာက ဒီနေ့ည စတင်တဲ့ ၂၄ နာရီ လျှပ်စစ်မီး လင်းရေး ဆန္ဒပြမှု

Monday, May 21, 2012





စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ယနေ့ ၂၁၊ ၅၊ ၂၀၁၂ ၊ (လျှပ်စစ်ရုံး) ရှေ့မှာ ၂၄ နာရီ လျှပ်စစ်မီးလင်းရေးအတွက် မုံရွာမြို့ခံများက ဖယောင်းတိုင်မီးများ ကိုင်ဆောင်ကာ ပထမဆုံးနေ့အဖြစ် ဆန္ဒထုတ်ဖော်နေကြပါတယ်။

မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ဖယောင်တိုင်များကိုင်ဆောင်ကာ ၂၄ နာရီ မီးလင်းရေး ဆန္ဒပြသူများ ဖြတ်လျှောက်သွားစဉ် ၊ ဓာတ်ပုံ၊ Ayemyamya Lwin's facebook

ည ၈ နာရီလောက်က စတင်ပြီး မုံရွာမြို့သူ၊ မြို့သားတွေ စုစုပေါင်း ၅၀၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းပြောဆိုကြပါ တယ်။


မန္တလေးမြို့မှာ တော့ ဒုတိယနေ့အဖြစ် ဒီကနေ့ အလင်းရောင်အဖွဲ့နဲ့ အတူ ၂၄ နာရီ လျှပ်စစ်မီးလင်းရေး ဆန္ဒပြနေရာ ယမန်နေ့ကထက် ပူးပေါင်းပါဝင်သူ မန္တလာမြို့သူ၊ မြို့သားများ ပိုများလာပါကြောင်း သတင်းရရှိပါတယ်။

4 comments :

  1. waioo said... :

    တစ်နိုင်ငံလုံးအတိုင်းတာနဲ့ကို လုပ်ပြရမှာ
ျတစ်နိုင်ငံလုံး မီးရရှိရေး တောရောမြို့ပါမကျန်ရရှိရေး လုပ်ပစ်ရမှာ

  1. ပြည်သူ့ဆန္ဒ said... :

    တိုင်းပြည်ကထွက်တဲ့ဂတ်စကို ပြည်ပသို့ ရောင်းချနေမှုကို ရပ်ဆိုင်းပြီး ထိုဂတ်စဖြင့် တစ်တိုင်းပြည်လုံး ၂၄နာရီ မီးလင်းရေး တောရောမြို့ပါ ပြည်သူတစ်ရပ်လုံး တောင်းဆိုကြပါ။

  1. Anonymous said... :

    ဆိုက်မှာ တင်နိုင်ဖို့ ပုံတွေကူးယူသွားပါတယ်

  1. Anonymous said... :

    တစ်နိုင်ငံလုံးနေရာတကာမီးပျက်နေတော့ တစ်နိုင်ငံလုံး ဖယောင်းတိုင်ထွန်းဆန္ဒပြကြရင် ဖယောင်းတိုင် လုပ်ငန်းရှင်များအဖွဲ့ကတော့ ၀မ်းသာကြမှာပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved