~
မြန်မာပြည်ကထွက်သမျှ MTV တွေမှာ သရုပ်ဆောင်ထားကြတာကတော့ မော်ဒယ်တွေပါပဲ။ အခု နောက်ဆုံး မနေ့က ရက်စွဲနဲ့ သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ထည့်သွင်းလိုက်တဲ့ သီချင်းကိုတော့
သမ္မတ ဦးသိန်းစိန်ရဲ့ လှုပ်ရှားသွားလာမှုများနဲ့ ကြည့်ရှုနားဆင်ကြရမှာပါ။
အနာဂတ်မြန်မာပြည် ဆိုတဲ့ မြူးမြူးခန့်ခန့်သီချင်း ဖြစ်ပါတယ်။
သီချင်းအစပိုင်းမှာ လွှတ်တော်ထဲ ဦးသိန်းစိန် ကျမ်းကျိန်ပုံကို တွေ့ရမှာပါ။
ရိန်မိုး၊ ကိုရဲ၊ ဆုပန်ထွာ၊ ၀ိုင်းစုခိုင်သိန်း၊ ဆုမွန် တို့ ပူးပေါင်း သီဆိုထားကြပါတယ်။
ကြည့်ပျော်ရှုပျော်ရှိတယ် ဆိုတဲ့ အဆင့်ထက် အများကြီးပိုတယ် ဆိုတာ တွေ့ရမှာပါ။
ဒါရိုက်တာဝိုင်းရဲ့လက်ရာ ဖြစ်ပါတယ်။ ဟုတ်ပါတယ် - "အဲဒီအခန်းဖြတ်" ဆိုတဲ့ ဇာတ်လမ်းတိုဖန်တီးရှင် ဒါရိုက်တာဝိုင်းပါ။
သီချင်းရေးသားသူက ကေလတ်မိုး ဖြစ်ပါတယ်။ သမ္မတရုံး အင်တာနက်စာမျက်နှာ http://www.president-office.gov.mm/video/fututres-myanmar-song မှာ ကြည့်ရှုနားသောတဆင်နိုင်ပြီ၊ ယူကျုမှာလည်း ရှိနေပါပြီလို့ လက်တို့လိုက်ပါတယ်။
~
It looks more like a presidential campaign promotion rather than the future of the country.