NLD လူငယ်တွေ ဂျပန်သွားဖို့ ဖိတ်ကြားခံရ

Monday, May 14, 2012


မြန်မာနိုင်ငံမှ နိုင်ငံရေး ပါတီအသီးသီးရှိ ကျောင်းသားနှင့် လူငယ်များအား Japan International Cooperation Agency (JICA) မှ ဂျပန်နိုင်ငံသို့ လာရောက် လေ့လာနိုင်ရန်.. ဖိတ်ခေါ်သည်ဟု သိရပါတယ်.။

ထိုအထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လူငယ် (၁၀) ဦးအား ဖိတ်ကြားထားကြောင်း သိရပါတယ်.။ NLD လွှတ်တော် ကိုယ်စားလှယ် (၁)ဦး ဦးဆောင်ပြီး အဖွဲ့ချုပ် လူငယ် (၁၀)ဦး ဂျပန်နိုင်ငံသို့ လာမည့် ဇွန်လဆန်းပိုင်းတွင် လာရောက်မည်ဖြစ်ဖြစ်ပါတယ်တဲ့။

အဆိုပါကိုယ်စားလှယ်အဖွဲ့ဟာဂျပန်နိုင်ငံရှိNLDပါတီ ထောက်ခံသူများ၊ မြန်မာ့အရေးစိတ်ဝင်စားကြတဲ့
မြန်မာအသိုင်းအ၀ိုင်းနှင့်လည်းတွေ့ဆုံရန် ရှိတဲ့အတွက် ဂျပန်ရောက် မြန်မာများက ပြင်ဆင်နေကြ ကြောင်း သိရပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန် လွှတ်တော်နဲ့ ဂျပန် နိုင်ငံက နိုင်ငံရေးပါတီတွေ၊ တခြား လေ့လာဖို့ ရှိတဲ့နေရာတွေကိုလည်း သွားမှာဖြစ်ပါတယ်တဲ့။ ဒါပေမယ့် အခုထိတော့ ဂျပန် ကိုသွားမယ့် ကိုယ်စားလှယ်အဖွဲ့ကို ဘယ်သူက ဦးဆောင်ပြီး ဘယ်သူတွေ ပါဝင်မယ်ဆိုတာ တိတိကျကျ မသိရသေးကြောင်းပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved