NLD, သတင်းထောက်တို့နှင့် အင်တာဗျူး

Friday, May 11, 2012


~ရန်ကုန်စာနယ်ဇင်းလောကမှာ လူပြောများနေတဲ့ အကြောင်းအရာတခုနဲ့ ပတ်သက်ပြီး Messenger သတင်းဂျာနယ် Facebook မှာ တွေ့ရတဲ့ အင်တာဗျူး တချို့ ဖြစ်ပါတယ်။

The Express Time ဂျာနယ်မှ သတင်းထောက်များနှင့် တွေ့ဆုံခြင်း

မေလ ၈ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI ) တွင် ကျင်းပပြုလုပ်သော ရွှေမင်းသားဖောင်ဒေးရှင်း၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် သတင်းရယူနေသော Express Times ဂျာနယ်မှ သတင်းထောက် သုံးဦးအနက် ကိုဟိန်းကိုစိုးမှာ သတင်းဓါတ်ပုံရယူရန် ကြိုးစားရာမှ NLD ပါတီ ပါတီဝင်တစ်ဦး၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ခံခဲ့ရကြောင်း သိရသည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ The Express Time ဂျာနယ်မှ သတင်းထောက် သုံးဦးကို The Messenger ဂျာနယ်က တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ကိုဟိန်းကိုစိုး (သတင်းထောက်) The Express Times ဂျာနယ်

စတုတ္ထ အကြိမ်မြောက် ရွှေမင်းသားဖောင်ဒေးရှင်းနှစ်ပတ်လည် ပွဲမှာ NLD ပါတီနဲ့ ပြဿနာဖြစ်ပွားခဲ့ပုံလေး ပြောပြပေးပါလား။

ကျွန်တော်က အန်တီစုနဲ့ ရွှေမင်းသားဖောင်ဒေးရှင်း (ဥက္ကဋ္ဌ) ဦးမြတ်သူဝင်းတွဲနေတဲ့ ပုံကိုလိုချင်လို့ ဓာတ်ပုံ ရိုက်ဖို့သွားတာ အဲဒါကို သူက ကင်မရာကိုင်တဲ့ လက် ကို ရိုက်ချတယ်။ ဓာတ်ပုံမရိုက်နဲ့လို့ မင်းကို ဘယ်နှစ်ခါပြောရမလဲလို့ ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်က ဒီဓာတ်ပုံက အရေးကြီးတယ်။ အများပြည်သူသိချင်နေတဲ့ ဓာတ်ပုံဖြစ်တယ်ဆိုတာ သူကို ရှင်းပြပြီးပြန်ထွက် ခဲ့တယ်။ အဲဒီမှာ သူက ကျွန်တော်နောက်ကို အတင်းလိုက် လာပြီး UMFCCI ထဲက အိမ်သာထဲကို ခေါ်ပြီး ကျွန်တော် ရင်ဘက်ကို ဆောင့်ဆောင့်တွန်းတယ်။ ပြီးတော့ မင်းက ဘာကောင်မို့လိုလဲ ငါတို့က နိုင်ငံရေးကို ထောင်ကျခံ ပြီးလုပ်လာတာ။ မင်းတို့ ဂျာနယ်လစ်တွေဆိုတာ ပိုက်ဆံရဖို့ လုပ်နေတာ မင်းအယ်ဒီတာချုပ်ကို ဒီအတိုင်းပြော လိုက်လို့ ပြောတယ်၊ ပြီးတော့ ဆဲဆိုကြိမ်းမောင်းပြီး ကျွန်တော်တို့ကို ဓာတ်ပုံရိုက်သွားတယ်။

မီဒီယာအပေါ် အခုလို ပြောတဲ့ အပေါ် ဘယ်လိုမြင်လဲ။

NLD ဆိုတာ အမျိုးသားဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပါတီဖြစ်တော့ ကျွန်တော့်အနေနဲ့ လေးစားမှုရှိတယ်။ ဒါပေမဲ့ ပါတီထဲက လူတစ်ယောက်က မီဒီယာသမားတွေကို ဒီလိုဆက်ဆံ တာ မဖြစ်သင့်ဘူး။ ပါတီဝင်တစ်ယောက်က ဒီလိုပြော ကြားပေမယ့် NLD က ပြောတယ်လို့ မခံယူပါဘူး။ ဒီလို လူမျိုးတွေ NLD ပါတီဝင်ထဲမှာ ရှိနေတာတော့ သေချာ စိစစ်ပေးဖို့ လိုတယ်။

မီဒီယာသမားအကုန်လုံးကို ပြောလိုက်တယ်လို့ အစ်ကို အနေနဲ့ ဘာကြောင့် ယူဆတာလဲ။

သူပြောလိုက်တာကိုက ငါတို့ နိုင်ငံရေးလုပ်တယ် ဆိုတာ ပိုက်ဆံတစ်ပြားမှ မရဘဲ ထောင်ကျခံပြီး လုပ် နေတာ။ မင်းတို့ဂျာနယ်လစ်ဆိုတာက ပိုက်ဆံလိုချင်လို့ လုပ်နေတာ ဒီစကားကို ပြောကတည်းက မီဒီယာအကုန် လုံးသိမ်းကြုံးပြီး ပြောတယ်လို့ ပေါ်လွင်နေပါတယ်။

ကိုဟိန်းကိုစိုးအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိလဲ။

ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ကပါတီကို တရားဝင် စာပေးပို့ထားပြီး ဖြစ်တယ်။ နောက်ပြီး မြန်မာ နိုင်ငံသတင်းစာဆရာများအသင်းနဲ့ မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) တို့ အပြင် ဂျာနယ်တိုက်အသီးသီးကို အကြောင်းကြားစာတွေ ပေးပို့ထားတယ်။

ကိုဟိန်းကိုစိုး အနေနဲ့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းစေခြင်း သလဲ။

ကျွန်တော်တို့ လိုချင်တာက ကျွန်တော်တို့ကို တောင်း ပန်ဖို့ မဟုတ်ဘူး။ ကျွန်တော်တို့ မီဒီယာသမားတွေဆိုတာ သူပြောသလို ပိုက်ဆံရဖို့တစ်ခုတည်းအတွက် အလုပ်လုပ်နေတာ မဟုတ်ဘူး။ ကိုယ်ရဲ့ ဝါသနာကို အရင်း ခံပြီး အများပြည်သူတွေ သိသင့်တဲ့ အကြောင်းအရာတွေ ကို စာမျက်နှာပေါ်က တဆင့် တင်ပြနေတယ်ဆိုတာ သိစေချင်တယ်။

ကိုဇင်အောင်ထွန်း (သတင်းထောက်) The Express Times ဂျာနယ်

ကိုဇင်အောင်ထွန်း အနေနဲ့ ဒီလိုမီဒီယာသမားတွေကို ပြော ဆို ဆက်ဆံတာနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

ကျွန်တော်တို့ နိုင်ငံအရင်ကထက် ဖွံ့ဖြိုးတိုးတက် လာတယ်ဆိုတာ နိုင်ငံရေးသမားတွေ ပြည်သူတွေ အမြင် မီဒီယာကပါ ဝိုင်းဝန်းလုပ်ဆောင်ကြလို့ ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းကြောင်းပေါ် ရောက်လာတာပါ။ ဒါကို သူက အကုန်လုံးကို ပုတ်ချပြီး သူတစ်ယောက်ထဲ လုပ်နေတဲ့ ပုံစံနဲ့ ပြောတာ NLD ကို မဆိုလိုဘူး။ ဒါပေမဲ့ ပါတီထဲမှာ ဒီ လိုလူမျိုးရှိနေတာ မကောင်းဘူး။ ဒီလိုလူမျိုးကို ကျွန် တော်အနေနဲ့ ထိထိရောက်ရောက်အရေးယူပေးသင့်တယ် လို့ ထင်တယ်။

ဖြိုးဖြိုးဝေ (သတင်းထောက်) The Express Times ဂျာနယ်

အခုလို ဖြစ်ပွားခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး မဖြိုးဖြိုးဝေ အနေနဲ့ ဘာများ ပြောချင်သလဲ။

သူက NLD ပါတီဝင်ဆိုပြီး မာန်တက်နေတယ်။ အားလုံးက လူတွေပဲ လူကို လူလို့ တန်ဖိုးထားပြီး ဆက် ဆံစေချင်တယ်။ အခုတော့က သူက ဆဲဆိုပြီး ကိုယ်ထိ လက်ရောက်ကျူးလွန်တာ မဖြစ်သင့်ဘူး။ ဒါကို သူတို့ ဘက်လူကြီးတွေ အနေနဲ့လည်း အဲဒီလိုမျိုးတွေ မဖြစ် အောင် လက်အောက်ငယ်သားတွေကို နည်းနည်းပါးပါး ပြေပြထားသင့်တယ်။ တခြားပါတီတွေမှာ ဒါမျိုးမတွေ့ ဖူးဘူး။ ကျွန်မအနေနဲ့ ဒါပဲ ပြောချင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~

Express Times ဂျာနယ် သတင်းထောက်နှင့် NLD အဖွဲ့ဝင်တစ်ဦး ဖြစ်ပွားခဲ့သည့် ပြဿနာနှင့်ပတ်သက်၍ NLD တာဝန်ရှိသူ ဦးအုန်းကြိုင်အားThe Messenger ဂျာနယ်ကတွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

Express Times ကိစ္စနဲ့ ပတ်သက်ပြီး အန်ကယ်တို့ဆီစာပို့ထား တယ်လို့သိရတယ်။ အန်ကယ်တို့အနေနဲ့ ဘယ်လို ဆောင်ရွက်သွားမှာလဲ။

တစ်ခုခုပြေလည်အောင် ညှိနှိုင်းပေးမယ်။ အထက် လူကြီးတွေကို တင်ပြထားတယ်။ ကျွန်တော်တို့ဆီကို ၁၁ နာရီလောက်မှ စာရောက်တယ်။ ကျွန်တော်တို့ကနေတဆင့်လူကြီးတွေ ကိုတင်ပြထားတယ်။ လူကြီးတွေ ရဲ့ သဘောထားကို မနက်ဖြန်လေ့လာသွားမယ်။

အန်ကယ်အနေနဲ့ ဒီအပေါ်ဘယ်လိုမှတ်ချက်ပေးလိုလဲ။

ကျွန်တော်တို့က နိုင်ငံရေးပါတီပဲ။ ပြေပြေလည်လည် ဖြစ်ချင်ပါတယ်။ တစ်ခုခုမပြေမလည် ဖြစ်နေရင် ပြေ လည်အောင် ညှိနှိုင်းပေးသွားမယ်။ တကယ်လို့ တင်ပြ ထားတဲ့အတိုင်း ဒီဘက်က မှားယွင်းတယ်ဆိုရင် တောင်း ပန်မယ်။ ကျွန်တော်တို့က ပြေပြေလည်လည် ဖြစ်ဖို့ပါပဲ။ ကျွန်တော်တို့ ပြေလည်အောင် ဖြေရှင်းသွားမယ်။

~~~~~~~~~~~~~~~~~~~~~~~~

ညွှန်း - မက်ဆင်ဂျာ သတင်းဂျာနယ် - http://www.facebook.com/pages/Messenger-News-Journal/127099574018030
~

25 comments :

  1. Anonymous said... :

    irrawaddy ရေ ခုပြောနေတာ ET တခုထဲပါ..အဲဒီအချိန်ကအခြားသတင်းထောက်မြောက်များစွာလဲရှိနေပါတယ်..သူတို့သိတယ် NLD ကလုံခြုံရေးမလွန်ဘူးဆိုတာ..သူကခုမှပေါက်လာတဲ့လူမဟုတ်ဘူး..နှစ်ပေါင်းများစွာအန်တီကိုကာကွယ်လာတာ..အဓိက.က အန်တီလုံခြုံရေးဘဲ..တခုခုဆို.အဲဒီလူတွေရှ့ဆုံးကပြေးပြီ...NLD လုံခြူံရေး.လုံးဝမလွန်ပါ..သတင်းမဖွပါနဲ့.. ခုအသစ်ကောင်လေးတွေသတင်းယူနေပုံကိုမြင်ဘူးလား..မြင်ရင်.အရမ်းစိုး၇ီမ်သွားမယ်..အန်တီအတွက်..ကိုယ်တွေ့

  1. Anonymous said... :

    The Express Times ဂျာနယ်က လူတွေကို မေးရင်တော့ သူ့ လူ ဘက်ကပဲ ဖြေကြမှာပါလေ။
    အဲဒီလုံခြုံရေးကို ပါတီထဲကတောင် ထုတ်ပေးရမယ်ဆိုပဲ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုသက်သက်ပါ။
    သတင်းထောက်တယောက်ရဲ့ စကားမှ မျှမျှတတ ပြောသွားတာမပါဘူး

  1. General Public said... :

    Did they (journalists) do the same things when they took news of Generals and complain? Myanmar people do not deserve Democracy. They should always be under military government. So they will always be well behave.

  1. မျိုးမြန်မာ said... :

    အကောင်းဆုံးက
    NLD အနေနဲ့  Express Times ဂျာနယ်ကို သတင်းယူခွင့် ပိတ်သင့်ပါတယ်၊
    အထူးသဖြင့် အန်တီစု ရဲ့  ခြံထဲမှာ အခမ်းအနားတွေ ရှင်းလင်းပွဲတွေ လုပ်တဲ့ အခါ မျိုးမှာပေါ့
    ဂျာနယ်လစ် ဓါတ်ပုံဆရာတွေရဲ့  လွန်ကဲချက်တွေကတော့ ဘယ် သတင်းဗွီဒီယိုဖိုင်တွေမှာ မဆို တွေ့ နေရတာဘဲ
    လုံခြုံရေးအရလည်း သူ တို့ ကို စည်းကမ်းတစ်ခုနဲ့ တင်းကြပ်သင့်ပါတယ်
    ပြောလို့ ရတဲ့သူတွေမို့ လို့  ပြောနေကြတာပါ
    ဟိုအဖွဲ့ တွေဆို သူတို့ ပြောလို့ ရမလား
    စဉ်းစားကြည့်ပေါ့

  1. Anonymous said... :

    ဘယ်သူ့စကားကိုယုံရမှန်းမသိဘူး The express Times ကတစ်မျိုး NLD ကတစ်မျိုး၊ သူကလုပ်တယ် ကျွန်တော်ကမလုပ်ပါဘူးနဲ့ ကလေးတွေလည်းမဟုတ်ဘူးနော်။ ဆက်မဖတ်တော့တာ ကောင်းပါတယ်။

  1. a local journalist Yangon said... :

    မျိုးမြန်မာသို့

    အိတ်စပရက်စ် တိုင်းမ်ကို သတင်းယူခွင့်ပိတ်ပင်ခြင်းဟာ အန်အယ်လ်ဒီဟာ လူထုနဲ့ ဆက်ဆံရေးလမ်းကြောင်း တစိတ်တဒေသကို ဖြတ်တောက်ခြင်းပဲ အကျိုးယုတ်မှာ အန်အယ်လ်ဒီပါ။
    သတင်းမီဒီယာ အများစုဟာ သတင်းစာမူခရလို့ တခုထည်း ရေးနေတာ ဓါတ်ပုံရိုက်နေတာမဟုတ်ဘူးဆိုတာ နားလည်သင့်ပါတယ်။
    သတင်းမီဒီယာ အထူးအခွင့်အရေး ပေးဖို့တောင်းတာမဟုတ်ပါ။ သတင်းထောက်ကိုင်ထားတာ ကင်မရာပါ၊ တုတ်လည်းမဟုတ် လက်နက်လည်း မဟုတ်၊ ပွဲတွေမှာ ဒီလိုပဲ ဓါတ်ပုံရိုက်နေကြတာ၊ အခင်းဖြစ်တဲ့အချိန်က တိုးဝှေ့ရိုက်နေကြတာမဟုတ်ပါ။
    မတော်တဆ ဓါတ်ပုံရိုက်တဲ့လက်ကို ရိုက်မိတာမဟုတ်သလို ရိုက်ချလိုက်တဲ့ အဖြစ်နဲ့တင်မပြီးသေးပဲ အိမ်သာကို ခေါ်သွားပြီး ပြောဆိုဆဲဆိုတဲ့ စကားတွေက ရိုင်းပြလွန်းတာပါ။
    စစ်အစိုးရလက်ထက်မှာ မီဒီယာတွေ ဆိုဘယ်လိုလုပ်မလဲ ဆိုတာ နဲ့ ခိုင်းနှိုင်းရင် ဒီမိုကရေစီရချင်လို့ လုပ်နေကြတာ နိုင်ငံရေး သမားတင်မက မီဒီယာ သမားလည်း သူ့ထောင့်ကနေ သူလုပ်နေတာပါ၊ ဒီလို အဓမ္မ အင်အား၊ အာဏာနဲ့ အနိုင်ယူတာ မကြိုက်လို့ ဒီမိုကရေစီဖေါ်ဆောင်မယ်လို့ ယုံကြည်တဲ့ အန်အယ်လ်ဒီကို မီဒီယာ က -၀ိုင်းပံ့ပိုးနေတာပါ။
    စစ်အစိုးရလက်ထက်မှာ နိုင်ငံရေး သမားတင်ထောင်ကျတာ မဟုတ်ပါဘူး။ မီဒီယာ သမားလည်း ထောင်ကျခံခဲ့ရတာပါပဲ။ အခု အာဏာတစိတ်တပိုင်းရလာမယ့် အနေအထားမှာ အာဏာနဲ့ မီဒီယာကို ချုပ်ကိုင်ချင်တဲ့ ရပ်တည်ချက်မျိုး မပြောပါနဲ့၊
    အခု အဖြစ်အပျက်ဟာ အန်အယ်လ်ဒီ ပါတီအနေနဲ့ ဒီမိုကရေစီကျင့်စဉ် ဘယ်လောက်ကျင့်သုံးသလဲဆိုတာ စမ်းသပ်မှု တခုပါ။

  1. Corola said... :

    ထောက်ခံပါတယ်..ထောက်ခံပါတယ်

  1. Anonymous said... :

    but sometimes NLD boday Guard too worry i do not want to mention on crowded area. When A May Su went for Myate(Bate) 2nd time with very small boat. One of sailors come n help a may su , but her body guard push him back... Coz her body guard was on her back that why sailor came and helped. In side the boat normally can trusted ppl, but the kind of image made me over act.... can chk back with video,,
    But also these days all the journalist around a may su r young ppl below 25 yrs old, so i think that jouranls need to hire more expereience ppl mix up with these young ppl to improve their skill. Do nt think only cheap labour.

  1. Corola said... :

    ထောက်ခံပါတယ်..ထောက်ခံပါတယ်

  1. Anonymous said... :

    media ပါလုပ်လို့အခုလိုတိုးတက်လာတာတဲ့ကွာ။
    ပာားပာားရယ်စရာကောင်းလိုက်တာကွာ
    မင်းတို့mediaဆိုတဲ့မြန်မာပြည်ကအမည်ခံဂျာနယ်လစ်ဆိုတဲ့
    ကောင်တွေတတ်လို့မပာုတ်ဘူး၊ငတ်လို့လုပ်စားတာ
    မေးစရာမလိုဘူးလူတိုင်းသိတယ်။
    ငါလိုးမETသတင်ထောက်တွေ။

  1. Corola said... :

    ထောက်ခံပါတယ်..ထောက်ခံပါတယ်

  1. Corola said... :

    မျိုးမြန်မာသို့
    ထောက်ခံပါတယ်...ထောက်ခံပါတယ်

  1. Anonymous said... :

    Local jaurnalast yangon သို့
    ဒီကိစ္စကိုဘယ်သူမှားတယ်မှန်တယ် မသိပါ
    အပြင်လူတစ်ယောက်အနေနှင်မြင်တာကိုသုံးသပ်ရရင်
    ၁)လူအများရဲ့ရှေ့မှာ NLD ကလူ ဒီလိုပြောရဲ(ရိုင်းရဲ) ပါ့မလား
    ၂)တကယ်လို့ဟုတ်ခဲ့တယ်ဆိုရင် သတင်းထောက်အနည်းဆုံး၁၅ယောက်အထက်မှာရှိမယ် ဘယ်သူမှမှတ်တမ်းမတင်နိုင်ဘူးလား
    ၃)NLD ကလူက DASSK ရဲ့လုံခြုံရေးယူထားရတာနော် အမေစုကို ထားပြစ်ခဲ့ပြီး သွားမှာလား
    ကဲအားလုံးသောစာဖတ်သူများ ဒီသုံးချက်ကိုကြည့်ပြီးဖြစ်နိုင် မဖြစ်နိုင် စဉ်းစားပါ

  1. အခုဖြစ်တဲ့ကိစ္စကိုတော့မသိဘူး...ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးစည်းရုံးရေးဖြစ်တဲ့ ထားဝယ်လာစဉ်အချိန်ကဆိုရင် ဗဟိုကလိုပြောတဲ့သူတွေကအောက်ခြေလွတ်ပြီး နယ်မှာရှိတဲ့ ဓါတ်ပုံသမား၊ ဗွီဒီယိုသမားတွေကို မတူသလို မတန်သလိုဆက်ဆံခဲ့ကြတယ်၊ နောက်ပြီး ထားဝယ်နယ်ခံတွေဖြစ်တဲ့ NLD အဖွဲ့ဝင်တွေကလည်း လုံခြုံရေးတယောက်လုပ်သင့်တဲ့ ၀တ္တရားတွေထက်ကျော်လွန်ပြီး အမေစုကိုလာနှုတ်ဆက်တဲ့ ပြည်သူတွေကို တွန်းလား၊ တိုက်လား၊ အော်လား၊ ငေါက်လားလုပ်ခဲ့ကြတယ်.... အမေစုကိုလာတွေ့ကြတဲ့ဓါတ်ပုံ၊ ဗွီဒီယိုသမားတွေနဲ့ ပြည်သူတွေဟာ အမေစုကိုချစ်လွန်းလို့ နေပူကြဲကြဲမှာ လူတိုးခံပြီး လာနှုတ်ဆက်တာကို ဒီလောက်အထီ ရိုင်းရိုးင်စိုင်းစိုင်းမလုပ်သင့်ဘူးလို့ထင်တာပဲ့.... အခုရေးထားတာအားလုပ်ဟာ ငါ့တွေ့များသာဖြစ်သည်၊ လိမ်လည်ထားခြင်းတခုမှမရှိပါ။ ထိုကဲ့သို့သောအကြောင်းအရာများကြောင့် အမေစုကို ချစ်ခြင်း၊ ယုံကြည်ခြင်းရှိသော်လည်း NLD အပေါ် မယုံတ၀က်ယုံတ၀က်သာရှိပါတော့တယ်.... အာဏာမရခင်တောင်ဒီလောက်အောက်ခြေလွတ်နေတယ်ဆိုတော့ တကယ်သာရသွားခဲ့မယ်ဆိုရင်............

  1. Anonymous said... :

    The Express Times က သတင် ထောက် ကို ကျေ နပ် သည် အ ထိ တောင်း ပန် လိုက် ပါ။ ကျေ နပ် ပြီ ဆို ရင် ကျေ နပ် ကြောင်း လက်မှတ် ထိုး ခိုင်း ၊ နောက် ပြီး ရင် The Express Times ကို သ တင်း ယူ ခွင့် မ ပေး နဲ့ တော့။ very easy solution.

  1. “အခု အဖြစ်အပျက်ဟာ အန်အယ်လ်ဒီ ပါတီအနေနဲ့ ဒီမိုကရေစီကျင့်စဉ် ဘယ်လောက်ကျင့်သုံးသလဲဆိုတာ စမ်းသပ်မှု တခုပါ။“...ဆိုတာကိုလုံးဝ ထောက်ခံပါတယ်။

  1. Anonymous said... :

    Express Time must be funded by USDP to attack Daw Suu and NLD. It might be one of their strategy to give bad publicity of our leader and only hope. Be aware!

  1. Anonymous said... :

    ပို့ထားတဲ့စာထဲမှာကျတော့တစ်မျိုး
    Interview မှာတစ်မျိုးဖြေထားတယ်
    အဲဒီကောင်လူလိမ်.......

  1. Anonymous said... :

    a local journalist Yangon ဆိုသူ သိစေရန်။ အန်အယ်လ်ဒီကို မီဒီယာ က -၀ိုင်းပံ့ပိုးနေပါတယ် ဆိုတာ နားမလည်းနိုင်ပါဘူး။ ကျွန်ကိုင်းမှီ ကိုင်းကျွန်မှီပါ။ တိုင်းပြည်အရေးကိစ္စ မှန်သမျှ နိုင်ငံသားတိုင်းရဲ့ တာဝန်ပါ။ ပံ့ပိုးပေးနေတယ်ဆိုရင် မီဒီယာကျင့်ဝတ် ဖျောက်ဖျက်ရာ ကျနိုင်ပါတယ်။ တစ်ဘက်ဘက်ကို စောင်းပေးပြီး လုပ်နေသလို ဖြစ်သွားရင် မီဒီယာသမား မဖြစ်နိုင်တော့ပါဘူး။ ဝါဒဖြန်ချီရေး သတင်းသမားသက်သက်ဖြစ်သွားမှာပါ။ လက်ရှိ အခြေအနေရ မီဒီယာသမားတွေက လည်း စည်းကမ်းရှိဖို့  နည်းလမ်းသိဖို့ လိုပါတယ်။ စစ်တပ်နှင့် ဆက်ဆံရင် စစ်အစိုးရ တွေနှင့် ထိတွေ အင်တာဗျူး သတင်းဓါတ်ပုံယူရရင် ပေးသလောက် ခွင့်ပြုတာထက် ရှေ့ ဆက်မတိုးရဲ နုတ်သီးမကောင်းရဲကြပါဘူး။ သတင်းသမားတွေကလည်း အခွင့်ထူး မယူဖို့  လိုအပ်သလို၊ လုံခြုံးရေးတာဝန်ယူသူတွေဘက်ကလည်း နုတ်အမူအရာ စောင့်ထိန်းဖို့  လိုအပ်ပါတယ်။ အမှန်တကယ် အသက်အန္တရယ် ကျရောက်နိုင်တယ်ဆိုရင်တော့ မည့်သူကိုမှ မငဲ့ကွက်ပဲ လုံခြုံရေး စည်းထဲကနေ မောင်းထုတ်သင့်ပါတယ်။ လူထုခေါင်းဆောင်တစ်ယောက်ရဲ့ အသက်အန္တရယ် ဟာ အချိန်နှင့်အမျှ အရေးကြီးပါတယ်။ လူတိုင်း လုပ်ရင်းနဲ့ မှားတက်ကြပါတယ်။ သတင်းသမားဖက်လည်း မှားနိုင်သလို လုံခြုံရေးယူသူတွေဘက်ကလည်း မောက်မာသလို ပြောမီနိုင်ပါတယ်။ မီဒီယာသမားကလည်း အခြေအနေကို နားလည်းပေးသင့်သလို လုံခြုံရေးယူသူတွေဘက်ကလည်း မီဒီယာသမားအတွက် နေရာပြင်ဆင်ပေးသင့်ပါတယ်။ ကျွန်တော်တို့  ဝိုင်းဝန်းသတိထားကြဖို့ က လူထုခေါင်းဆောင် အမျိုးသားခေါင်းဆောင်တစ်ယောက်ရဲ့ အသက်ဟာ အလွန် အရေးကြီးပါတယ်။ အဖွဲချူပ်နှင့် မီဒီယာ နိုင်ငံအကျိုး တိုင်းပြည်အကျိုး ပိုမိုသယ်ပိုးနိုင်ပါစေ။ အပြန်အလှန်နားလည်မှု့ ရကြပါတယ်။ စည်းကမ်း နည်းလမ်းသိတဲ့ မီဒီယာသမားများ၊ အဆင့်အတန်းရှိတဲ့ မီဒီယာသမားများ၊ လုံခြုံရေးတာဝန်ယူသူများ ဖြစ်လာကြပါစေလို့  ဆုတောင်းလိုက်ပါတယ်။

  1. Sate Phwar said... :

    အားလုံးဟာ ကိုယ့်ရှုထောင့်ကနေကြည့်ပြီး အလုပ်လုပ်နေကြတာပါ။
    အဲဒီအမြင်တွေ conflict ဖြစ်လာရင် ဘယ်တစ်ခုကို
    ဦးစားပေးမှာလဲဆိုတာက အရေးကြီးပါတယ်။
    ကျွန်တော်ကတော့ ဒီနေရာမှာ တစ်ဦးပေါ်တစ်ဦး နားလည်မှုလွဲတယ်လို့ထင်ပါတယ်။
    ဘယ်သူမှားတယ် မှန်တယ်ဆိုတာကိုတော့ အဖြစ်အပျက်မှန်ကို မသိလို့ မှတ်ချက်မပေးလိုပါဘူး။
    Media တွေကကော Ethic ကိုလိုက်နာကြပါသလား။
    တားဆီးသူ ဆိုတာကကော တစ်ကယ်ပဲကိုယ်ထိလက်ရောက်လုပ်ပါသလား။ အဲဒီလူက အိမ်သာထဲခေါ်သွားတာ ကို သတင်းထောက်တစ်ယောက်က လိုက်သွားရသလား။
    တစ်ကယ်ဟုတ်ရင် ကိုယ်ထိလက်ရောက်လုပ်မှုနဲ့ တရားစွဲလို့ရပါတယ်။
    ကျန်တဲ့သတင်းထောက်တွေက အဲဒီကိစ္စကို ဘာမှမသိကြဘူးလား၊ မီဒီယာသမားအားလုံးကိုပြောတာလို့ ဆိုထားတော့ ကျန်တဲ့မီဒီယာသမားတွေက ငြိမ်မနေသင့်ပါဘူး။ အမှန်ကို ပြောကြပါ။

  1. သတင်းထောက်တစ်ဦး said... :

    ဂျီလတ်သီချင်းလိုပါပဲ........ နှစ်ယောက်စလုံးမှားခဲ့တယ်......

    ဘာကြောင့်လဲဆိုတော့ နံပါတ်တစ်မှားသူကတော့ ဂျာနယ်လစ်ပါ...... လုံခြုံရေးဝန်ထမ်းမျက်နှာကို ဒထောင်နဲ့ တွက်သလို ဖြစ်သွားတယ်...

    နံပါတ်နှစ်မှားသူကတော့ NLD လုံခြုံရေးပါ။ ကိုယ့်ကို ဒထောင်နဲ့ အတွက်ခံရတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ ဒေါသကို မထိန်းနိုင်ပဲ အိမ်သာခေါ်သွားပြီး ဖြဲတာဟာ မှားတာပါပဲ....

    နံပါတ်သုံး အမှားကတော့ ဂျာနယ်လစ်ပါ ဖြစ်စဉ်အားလုံးကို မှန်မှန်ကန်ကန်ထည့်မရေးပဲ တစ်ချို့ဟာတွေကို ထိန်ချန်ပြီးရေးခဲ့တယ်....

    ဥပမာ ကျွန်တော်ဂျာနယ်လစ်ဗျ ရိုက်မှာပဲလို့ ပြောခဲ့တာကို စာထဲမှာထည့်ရေးတော့ ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ပါရစေဆိုပြီး တောင်းပန်တာတဲ့....

    အဲဒီတော့ အားလုံးကို ခြုံကြည့်လိုက်ရင် နှစ်ဖက်စလုံးကတော့ မမှားနဲ့ မကင်းပါဘူး။ ဂျာနယ်လစ် အမှားက ကျော်စိုးနိုင် အမှားဖြစ်သွားတယ် အိမ်သာထဲခေါ်သွားလို့...

    ကျော်စိုးနိုင် အမှားက ဂျာနယ်လစ်အမှား ထပ်ဖြစ်တယ် ရေးသားရာမှာ ထိန်ချန်ခဲ့လို့.......

    ထပ်ပြောလိုက်ဦးမယ် Express Times ဆိုတာ ဇေကမ္ဘာကုမဏီက ထုတ်တဲ့ ဂျာနယ်ပါ...

  1. Thet Nyo said... :

    ထင်တာကတော့ ဧရာဝတီလဲ ဘက်လိုက်တာပါပဲ ။ တကယ်ဆိုရင် နှစ်ဖက်စလုံး ရဲ့  အမြင်ကို တင်ပြသင့်တာပေါ့ ။ အခုတော့ တဖက်ရဲ့  ပြောတခုထဲ တင်ပြတာ သဘောမှန်၇ဲ့  လားလို့ မေးချင်တယ် ဧရာဝတီ

  1. anti-crony said... :

    ဇေကမ္ဘာကထုတ်တဲ့ ဂျာနယ်ဆိုတာ သိကြရင် ဒီလောက်အထိတောင် ကွန်မန့် တွေ တက်လာစရာ မရှိဘူး။

  1. Anonymous said... :

    Stupid dumass guy .these problem should report silencely .I want to ask to that journal ,u guys want to black mail NLD ?traitors .For the sake of good comminication between NLD and other midea we have to stop buying that journal and stop supporting them in every way .

  1. Anonymous said... :

    တိုင်းပြည်အတွက်၊နိုင်ငံအတွက်၊အလုပ် လုပ်နေတယ်လို.ခံယူချက်ထားပြီး သတင်းထောက်လုပ်နေတာဆိုရင်။ ဘာဖြစ်လို.ဒီလောက်တောင်အကျယ်ချဲ.နေတာလဲ ? ဒီလိုသတင်း်ထောက်မျိုးကို အရေးကြီးတဲ.သတင်းယူဖို.မလွတ်သင်.ပါဘူး၊
    Express Times ဂျာနယ်အယ်ဒီတာချုပ် ၊ ဒါရိုက်တာအဖွဲ.၀င်တွေနဲ.ပြန်သုံးသပ်သင်.
    ပါတယ်၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved