Sanction ကို သတိထားလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

Wednesday, May 16, 2012


အမေရိကန် ပြည်ထောင်စု ၊ ၀ါရှင်တန်ဒီစီမှာ မေလ ၁၅ ရက်နေ့က လုပ်တဲ့ သမ္မတဟောင်း ဂျော့ဘွတ်ရှ်ရဲ့ "Freedom Collection" အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က skype ကနေတဆင့် အမေရိကန်မှ ပိတ်ဆို့မှုများကို ခေတ္တရပ်ဆိုင်းဖို့လုပ်မယ်ဆိုရင် ထောက်ခံသော်လည်း မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေဟာ
နောက်ကြောင်း ပြန်မလှည့်ဘူးလို့ တရားသေ သတ်မှတ်လို့ မရတဲ့အတွက် ဒီကိစ္စကို သတိထား လုပ်ကိုင်သွားဖို့ ပြောကြားလိုက်ပါတယ်။

အမေရိကန်က နံမည်ကြီး လွှတ်တော်အမတ် ဂျွန်မက်ကိန်းကလည်း မြန်မာအပေါ် အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ထားတာကို၁ နှစ်ရပ်ဆိုင်းထားဖို့မကြာသေးခင်ရက်ပိုင်းအတွင်းက ပြောဆိုခဲ့ပါသေးတယ်။


ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ မြန်မာ့အပြောင်းအလဲကို တချို့ကအလွန်ကိုမှ အကောင်းဖက်ကို မြင်နေကြောင်း၊ မြန်မာအစိုးရက ဒီမိုကရေစီလမ်းကြောင်းဆီကို အမှန်တကယ် ပြောင်းနေတယ်ဆိုရင် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ
လုံးဝ မရှိသင့်ကြောင်း
ဝါရှင်တန်ပို့စ် သတင်းထောက်၏ အမေးကို ပြန်လည်ဖြေကြားသွား တာ ဖြစ်ပါတယ်။


13 comments :

  1. anti-dictator said... :

    အကောင်းမြင်လွန်းသမျှ ဒေါင်းဖင်ချွန်းစပြုပါပြီ။

  1. Anonymous said... :

    တကယ်ကို စိတ်ကုန်စရာပါလား ဒေါ်စုရယ်....တိုင်းပြည်စိးပွားရေးပြန်ပြိး အမြန်ထောင်နိုင်ဘို့အားပေးအားမြောက်တောင်လုပ်ရမဲ့ ဒိအချိန်မှာ မင်းသားမလုပ်ရလို့ ပတ်မကြိးဖောက်တဲ့ အရင်စိတ်ဓါတ်က အခုထိ မပျောက်သေးပါလား....vietnamတော့ မပြောနဲ့ Cambodia,Laos တို့ကိုယ်ထက် သာနေချိန်,,သူများနိုင်ငံတွေထက် ၅ ဆ ၁၀ဆ ပိုကြိုးစားအားထုတ်ရမဲ့ အချိန်...အချိန်တွေနုမျှောစရာကောင်းလှပါတယ်.....အရင်စစ်အစိုးရ အဆက်ဆက်ကြေင့်နှစ်ပေါင်းများစွာဆင်းရဲ ခဲ့ရတဲ့ လူထုကို ပြန်ငဲ့သင့်နေပါပြိ.,အမြန်ကယ်သင့်နေပါပြိ....ကိုယ့်မာန ကိုယ့်အတ မကျေနပ်တဲ့ ခံစားချက်တွေ ကို ဘေးဖယ်ပြိးပြည်သူတွေအတွက် ဥိးစားပေး ပေးပါ...နိုင်ငံတကာမှာ မျက်နှာငယ်လှတဲ့မြန်မာတွေ..လူငယ်မျိုးဆက်သစ်တွေအတွက် အချိန်မဖြုန်းဘဲ အမြန်ကယ်တင် သင့်နေပါပြိ....သေချာတာက တော့ NLD ကို၂၀၁၅ မှာ မဲ မပေးတော့ပါ ခင်ဗျာ.......

  1. KANEKA said... :

    ဒေါ်စု ပြောသလို Sanction ကို သတိထားပြီး မရုပ်သိမ်းသေးဘူး ဆိုပါတော့။ ဘာဖြစ်လာနိုင်မလဲ? ထုံးစံအတိုင်း အခြေခံလူတန်းစား ပြည်သူတွေပဲ နစ်နာတာပဲရှိမယ်။ စစ်အစိုးရအနေနဲ့ကတော့ အီးတောင် လှည့်ပေါက်မှာ မဟုတ်ဘူး။ ယခုလက်ရှိ အချိန်မှာ အကောင်းဘက်ကိုလှည့်စပြုနေတယ်ဆိုတာ အားလုံးသိပါတယ်။ အကောင်းမြင်လည်းတွေနဲ့ အကောင်းဆုံးလုပ်ကိုင်ကြပြီး ဖြည်းဖြည်းခြင်း ပြုပြင်ယူ လို့ ရပါတယ်။ စစ်အစိုးရအနေနဲ့ မှားခဲ့တာတွေရှိသလို၊ ပြုပြင်ပြောင်းလည်း နေတဲ့ ကာလ မှာ အကောင်းဘက်က မြင်ပြီး စဉ်းစားပေးပါလို့ ပြည်သူတစ်ယောက်အနေနဲ့ ပြောကြားလိုပါတယ်။ ဆင်းရဲဒုက္ခရောက်နေကြတဲ့ ပြည်သူလူထု တွေကို အဓိက ရှေ့ဆုံးနေရာကထားပြီး စဉ်းစားပေးကြပါ။

  1. KO NAING said... :

    အမေစုရဲ့အဖြေမှန်ကန်ပါသည်။ ဘာပဲပြောပြောအရင်အခြေအနေမျိုးပြန်မရောက်စေခြင်တော့ပါ။
    သေချာတာကတော့ကြံ့ဖွတ်ကို၂၀၁၅ကျရင်မဲမပေးတော့ပါခင်ဗျာ:) :) :)

  1. Anonymous said... :

    စိတ်ကုန်စရာပါလား ဒေါ်စုရယ်....တိုင်းပြည်စိးပွားရေးပြန်ပြိး အမြန်ထောင်နိုင်ဘို့အားပေးအားမြောက်တောင်လုပ်ရမဲ့ ဒိအချိန်မှာ မင်းသားမလုပ်ရလို့ ပတ်မကြိးဖောက်တဲ့ အရင်စိတ်ဓါတ်က အခုထိ မပျောက်သေးပါ......

    ........

    Lae Thay Lite
    Lae Thay Lite.

  1. Anonymous said... :

    အေးဗျာ
    ဆန်ရှင် ဆိုတာ လက်နက်လို မသုံးသင့်ပါ
    ဥပမာ ခရိုနီတွေကိုတော့ ပိတ်ချင်ပိတ်ပေါ့
    သာမန်လုပ်ငန်းရှင်တွေကိုတော့ ခွင့်ပြုသင့်တယ်
    တန်ရှင်ကြောင့် ရန်ကုန်မှာ ဘယ်နိုင်ငံမှ မသုံးတဲ့ကားဟောင်းမြင်နေရတယ်
    ဆန်ရှင်ကြောင် NLD လဲ အာဏာရမလာသလို သန်းရွှေကြီးလဲ အေးအေးလူလူ စာဖတ် ဂေါက်ရိုက်မပျက်ပါဘူး
    အန်တီစုကို ကျနော်တခုမကြိုက်တာက ခေတ်ပေါ်စကားအရပြောရရင် သူလဲ ခေါင်းမာ ဂိုဏ်းပဲထင်တယ်
    ဟိုတလောကလဲ ကျမ်းမကြိမ်ဘူးပြောပြီး ပြန်ကျိမ်ပြန်ရော
    မကျိမ်ရင်ရော စာသားပျင်အောင် ဘာလုပ်မလဲ ချလဲမပြဘူး
    နောက်ဆုံးကျိမ်ရတာပဲ
    ကျမ်းကျိမ်တော့ရော မြေမြိုသွားလား
    ၂၀၁၀ တုန်းကလဲ ရွေးကောက်ပွဲမဝင်ဘူး ကျနော်တို့ထောက်ခံတယ် နာလည်တယ် ဒေါ်စုကို ဖမ်းထားလို့ ။ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလဲ မဝင်ရင်လဲ လူထုထောက်ခံမှာပဲ။ ဝင်လဲထောက်ခံတာပဲ။
    လူထုက ဒေါ်စုရှိနေသမျှ ထောက်ခံမှာ ထောက်ခံသူတွေက နိုင်ငံရေးနားလည်လို့မဟုတ်ပဲ ကြံ့ဖွံ့ကို မကြိုက်လို့ ဒေါ်စုကို ချစ်လို့ပါ။
    ဆန်ရှင် မသိမ်းပဲနဲ့ ကျနော်တို့ နိုင်ငံ ပြသနာမပြီးနိုင်ဘူး။
    ဥပမာပြောမယ် နိုင်ငံ ချမ်းသာလာမှာ စစ်သားလဲ လစာကောင်းလာမယ် လစာကောင်းမှ စစ်တန်းယားပြန်မှာ တိုင်းရင်းသားတွေလဲ သူတိုဒေသဖွံ့ဖြိုးမှ ကျေနပ်မှာ။ ဆန်ရှင်ရှိနေသမျှလူတွေလဲ ဘွဲ့ရအလုပ်မရှိ။ ဂွင်ရှာ။ ဒါတွေပဲ မြင်နေရမှာ။
    NLD ရဲ့ တမတ်သား စစ်တပ်ကိုစာလှယ်ဖယ်ရှားရေးဟာ
    လတ်တလော မဖြစ်နိုင်ဘူး။
    ခုဆို ဒင်တို့တွေက ဂွင်တွေနဲလာပြီး လွှတ်တော်မှာမှမရှိရင် ဒင်တို့အုပ်စုလဲ ထောင်နန်းစံရတော့မှာ အရင်က လုပ်ခဲ့ရတာတွေကြောင့်။
    ပြီးတော့ မန်ဒဲလားလို ဒေါ်စု က သင်ပုန်းချေမယ်ပြောတာ မကြားဖူးပါဘူး။
    ပြီးတော့ ကျနော်တို့တိုင်းရင်းသားတွေမှာလဲ
    စစ်ဒဏ် ၊ စစ်သားဒဏ်၊ သူတို့လက်နက်ကို တွေဒဏ်ခံရတာနဲ့ တိုးတက်လမ်းမြင်ဘူး။
    ပြည်တွင်းစစ်ရပ်ပြီး ဆန်ရှင်လဲ တော်သင့်ပါပြီး။
    ဒေါ်စုလဲ လေလုံးထွားပြီး အကြီးကြီးတွေ အရင်မပြင်ပဲ မီးတနိုင်ငံလုံးလင်းဖို့၊ ပညာရေ ၊ ကျမ္မာရေး၊ စီးပွားရေးတွေ အရင်ပြင်စေချင်ပါတယ်
    လူတွေ စားဝသောက်ဝလာရင် ပညာရေးကို ဂရုစိုက်လာမယ် ပညာတတ်လာရင် ကျမ္မာရေးဂရုစိုက်လာမယ် ။အလုပ်ပိုလုပ်လာမယ် ။ အလုပ်ပိုလုပ်လာရင် ချမ်းသာလာမယ် ချမ်းသာရင် အောက်ချေ ဝမ်ထမ်းလတ်စားတော့မှာမဟုတ်ဘူး။

  1. Anonymous said... :

    လူထုသန်း၆၀အတွက် အလုပ်လုပ်နေရသူအနေနဲ့ ဝေဖန်အပြစ်တင်ခံရတာလည်း မဆန်းပါဘူး။
    ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတယ်ဆိုတာ ထည့်မပြောတော့ဘဲ လျစ်လျှူရှုလိုက်ရတော့မှာလား?
    အခုချိန်တိုင်အောင်လည်း ညှင်းပန်းနှိပ်စက်ပြီး အပြစ်မရှိဘဲ ဝန်ခံခိုင်း သေဒဏ်ချ ထောင်ချခံနေရဆဲဆိုတာ မသိချင်ယောင်ဆောင်နေရတော့မှာလား?

  1. Anonymous said... :

    လူတစ်ယောက်ကို လွန်လွန်ကဲကဲကြည်ညိုလေးစား အားကိုးလွန်ပြိးသူဘာပြောပြော ဘာလုပ်လုပ် အကုန်အမှန်ပဲ မှားသည်မှန်သည် ပိုင်းခြားဆုံးဖြတ်မဝေဖန်နိုင်တော့တာ အဲ့ဒိလူကို အာဏရှင်ဖြစ်မှန်းမသိ ဖြစ်အောင်တွန်းပို့နေတာဘဲ

  1. Anonymous said... :

    To ဒေါ်စု
    "တိုးတက်လိုသည့်အမြင်မရှိသည့် ရှေးရိုးစွဲများ
    ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ၏ မေလ ၁၁ ရက်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။"

  1. ratkhunswe said... :

    အမေဒေါ်စု တစ်ခုလောက်ပြောပါရစေဗျာ အခုချိန်မှာဖေးဖေးမမနဲ့ တစ်ယောက်နဲ့တစ်ယောက် စောင်းချိတ်ပြောဆိုခြင်းကို သည်းခံပြီး အပြုသဘောဆောင်တဲ့လုပ်တွေကို များများဖိလုပ်စေချင်ပါတယ်။ တစ်ဖက်သားက အင်အားကောင်းတုန်းဆိုတာ သတိထားပေးပါ။ ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ကျင့်သုံးစေလိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပေါင်းလက်ခဏာဆောင်တဲ့ လုပ်ရပ်တွေကို ဆက်တိုက်လုပ်ဆောင်ရင်း အစစအရာရာ တစ်ဖြည်းဖြည်းနဲ့ အဆင်ပြေလာပါလိမ့်မည်ဟု အထူးယုံကြည်ပါသည်။ NLD အနေနဲ့ အပြောကိုလျှော့ပြီး အလုပ်ကိုအပြုသဘောဆန်ဆန် ဆက်လုပ်သွားပေးပါရန် ပြည်သူတစ်ဦးအနေနဲ့ အထူးတိုက်တွန်းအပ်ပါကြောင်း လေးစားစွာပန်ကြားအပ်ပါသည်။

  1. Anonymous said... :

    သြော်. ငါးစာကိုမြင်ပြီးငါးများချိတ်ကိုမမြင်တဲ့ commentsတချို့လား|
    အမေစုလိုခေါ်ပြီးလုပ်ရပ်မကောင်းပြောပြီး ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာလားဆန်းစစ်ကြည့်ကြပါရန်။

  1. Anonymous said... :

    anti-dictator-ဒေါင်းဖင်ချွန်းတယ်လို့ ပြောရလောက်အောင် အရင်ကanti-dictatorဒီလိုပြောခွင့်ရလောက်အောင်ဖင်ချွန်းဖူးပါ့မလား ပြန်စဉ်စားပါဦး။အရင်လူတွေကို ဘယ်လိုနားလည်နိုင်လို့ ဒီလိုပြောတာလဲ anti-dictator ပြန်စဉ်းစားပါဦး ပြောရင်လဲ သေချာမှ ပြောလေ ကြိုတင်ကာကွယ်တယ်ဆိုတာကို နားလည်နိုင်လို့လား ပြန်စဉ်းစားပါဦးလေ။

  1. Anonymous said... :

    လူဆိုတာမှားတာ မှန်တာတော့ရှိမှာပေါ့။ ဗမာစာတောင်ဖြောင့်အောင်မရေးတတ်တဲ့အဆင့်အတန်းနဲ့လူတစ်ယောက်ကဒေါ်စုလိုလူမျိုးကိုဒီလိုဝေဖန်ရဲတာတော့ဆလံပါပဲ။နှစ်ပေါင်း ၂၀ လောက်ထောင်ထဲဝင်နေပါ။မသေခဲ့ရင်အာဏာ စည်းစိမ် ကြိုက်တာပြော။ကဲ ဘယ်လိုလဲ။ရင်းရဲကြပါရဲ့လားခင်ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved