Swift Network အဖွဲ့ဝင် ဖြစ်တဲ့ ဧရာဝတီဘဏ်

Tuesday, May 29, 2012



မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ပုဂ္ဂလိက ဘဏ် ၁၁ ခုကို ပြီးခဲ့တဲ့ လပိုင်းအတွင်း မြန်မာနိုင်ငံ ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ရောင်းဝယ်မှု လိုင်စင်များကို ခွင့်ပြုပေးခဲ့ပါတယ်။

ယခုလိုခွင့်ပြုပေးလိုက်တဲ့အတွက် နိုင်ငံခြားမှာရှိတဲ့ ဘဏ်များနဲ့လဲ ငွေလွဲမှု လုပ်ငန်းများကိုလဲ ချိတ်ဆက် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ယခု အချိန်မှာတော့ နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်ဖို့ အတွက် နိုင်ငံတကာ ငွေကြေး လွဲပြောင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Swift Network ထံသို့ဝင်ရောက်ရမှာလဲဖြစ်ပါတယ်။

လက်ရှိ ပုဂ္ဂလိက ဘဏ် ၁၁ ခုဟာလဲ ၀င်ရောက်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီထဲမှာမှ မက်စ်မြန်မာ ကုမ္မဏီပိုင်ဖြစ်တဲ့ ဧရာဝတီ ဘဏ်ကို Swift Network အဖွဲ့ဝင် အဖြစ် လက်ခံလိုက်ပြီး ဖြစ်ကြောင်းကို MRTV-4 မှာရေးသားထားပါတယ်။

Swift Network ဟာ နိုင်ငံတကာ ငွေကြေး လွှဲပြောင်းရာမှာ လုံခြုံ စိတ်ချရတဲ့ Network တစ်ခုဖြစ်တဲ့ အတွက် ပြည်ပဘဏ် တွေနဲ့ ချိတ်ဆက် ဆောင်ရွက် ခွင့်ရရှိတဲ့ ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်တွေဟာ အဆိုပါ Network သို့ မဖြစ်မနေ ၀င်ရောက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Swift Network သို့ဝင်ရောက်ပြီးပါက ပြည်တွင်းရှိဘဏ်များက ပြည်ပမှာရှိတဲ့ မိမိတိုနဲ့ ချိတ်ဆက်နိုင်မယ့် ဘဏ်များကို ရှာဖွေပြီး ငွေလွဲမှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာနဲ့ ချိတ်ဆက် ဆောင်ရွက် သွားနိုင်မှာဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ဧရာဝတီ ဘဏ်ကို Network အဖွဲ့ဝင် အဖြစ်လက်ခံလိုက်တဲ့အတွက် စမ်းသပ် ကာလ ၃လ အတွင်း လုပ်ငန်းများကို ဆောင်ရွက် သွားမှာဖြစ်တဲ့ အကြောင်းလဲဖော်ပြထားပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved