ဘွဲ့လက်မှတ် အတုသုံးမှုကြောင့် Yahoo အမှုဆောင်ချုပ် နုတ်ထွက်

Monday, May 14, 2012



နံမည်ကြီး အင်တာနက် ကုမ္ပဏီကြီး တခုဖြစ်တဲ့ Yahoo ကုမ္ပဏီ အမှုဆောင်ချု့ပ် Scott Thompson ဟာ ကိုယ်ရေး အချက်အလက်မှာ ကွန်ပျူတာ သိပ္ပံဘွဲ့ရခဲ့တယ်ဆိုတဲ့ အချက်အလက် အလိမ်တင်ပြခဲ့ကြောင့် မကြာသေးခင်က စပြီး ရှုပ်ထွေးမှုတွေဖြစ်လာရာက အခု နောက်ဆုံး ရာထူးက နုတ်ထွက်လိုက်တယ်လို့ အေပီ သတင်းတပုဒ်မှာ ဒီကနေ့ ဆို ထားပါတယ်။

ဒီရှုပ်ထွေးမှုကြောင့်ပဲ အမှုဆောင် ဘုတ်အဖွဲ့ဝင်တဦးလည်း မကြာသေးခင်က နုတ်ထွက်သွားခဲ့ပါသေးတယ်။ အခုတော့ သူ့နေရာကို Ross Levinsohn လို့ခေါ်တဲ့ လက်ရှိ ကမ္ဘာ့မီဒီယာ အကြီးအကဲ တာဝန်ယူသူကို ခန့်ထားလိုက်တယ်လို့ ဆို ပါတယ်။





1 comments :

  1. Anonymous said... :

    ဟာ ဒီလူနှယ် ၊ Yahoo မှာ C.E.O လုပ်နေပြီးညံ့
    လိုက်ပလေ ၊ ဒါလောက်လေးအတွက်နဲ့ရာထူးကနှုတ်ထွက်ရတယ်လို့ ၊ ကျုပ်တို့မြန်မာပြည်မှာဆို ဒေါက်တာအတုကြီး လွှတ်တော်ထဲေ၇ာက်နေတာတောင် မနှုတ်ထွက်ဘူး ၊ ခပ်တည်တည်ပဲ ၊ တခုတော့ရှိတယ် ။ ခင်ဗျားကအရှက်အကြောက်တရားရှိပုံရတယ် ။ သူကတော့ ရှက်ရကြောက်ရမှန်းမသိဘူးဗျ ။ ခင်ဗျား မြန်မာပြည်လာပြီးလေ့လာမှုတွေလုပ်စေချင်တယ် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved