![](http://1.bp.blogspot.com/-OePdPW0-HBM/T9TIWLlmvGI/AAAAAAAACjk/y4_gshF9l3I/s400/s3.jpg)
by Eain Dra
ရခိုင်ပြည်မှသွေးချင်းများအတွက် On Line Bloggerများ၊စင်ကာပူနိုင်ငံနှင့် ပြည်ပရောက်စေတနာရှင်များ၏ ပထမအကြိမ် ထောက်ပံ့ငွေလွှဲအပ်ခြင်း
အရေးကြီးရင် သွေးနီးကြတယ်ဆိုတဲ့ စကားရဲ့ လေးနက်သိပ်သည်းတဲ့ အနက်အဓိပ္ပ္ပာယ်ကို လက်တွေ့ သိရှိလိုက်ရသလိုပါပဲ။
ကျွန်မ (ရခိုင်ပြည်မှသွေးချင်းများကို ထောက်ပံ့နိုင်ရန်အတွက် တတ်အားသရွေ့ လှူဒါန်းကြပါစို့) ဆိုတဲ့ ပိုစ့် ကို တင်လိုက်ပြီးတဲ့ အချိန်ကနေစပြီး ကိုယ်ချင်းစာတရားတွေ မေတ္တာစိတ်တွေ အမျိုးသားရေး စိတ်ဓါတ်တွေကို အခြေခံထားတဲ့ အလှူငွေတွေ တဖွဲဖွဲရောက်ရှိလာပါတယ်။
ကျွန်မတို့ အမြဲတမ်း ချစ်ခင်ရင်းနှီးစွာ စကားလက်ဆုံကြနေကြဖြစ်တဲ့ AaB ( All about Blogger ) ကလည်း လူမှုရေးလုပ်ငန်းများဆို အမြဲတက်တက်ကြွကြွ သဒ္ဒါထက်သန်ရင်းစွဲရှိသူများမို့ ဒီလိုအရေးကိစ္စမျိုးမှာတော့ ချက်ချင်းဆိုသလို အားတက်သရော ၀ိုင်းဝန်းလှူဒါန်းကြပါတယ်။
![](http://3.bp.blogspot.com/-mzGP9opODY8/T9TIVuZyLcI/AAAAAAAACjM/FP0-DZluekA/s400/s1.jpg)
AaB က ညီအကိုမောင်နှမတွေနဲ့ ဒီညနေတစ်ဖြတ်လှူနိုင်ဖို့တိုင်ပင်ခဲ့ကြတဲ့ အတိုင်း ကျွန်မ ရခိုင်အသင်းကို ဆက်သွယ်ပြီး ဒီညနေ ကျွန်မတို့ ပထမအရစ်အနေနဲ့ လှုဒါန်းချင်ကြောင်း၊ ဒါပေမယ့် ကျွန်မတို့အနေနဲ့ အွန်လိုင်းကနေ ယုံကြည်မှုသက်သက် မေတ္တာ သက်သက်ဆက်နွယ်မှုနဲ့ လုပ်ကိုင်ရတာဖြစ်တဲ့ အတွက် တိတိကျကျ သတင်းထုတ်ပြန်ပေးဖို့လိုအပ်တဲ့ အကြောင်းတွေကို သူတို့နဲ့ တိုင်ပင်ပြောဆိုဖြစ်ပြီး ရခိုင်အသင်းက နာယက ဦးကျော်စိုးနိုင် နဲ့ ဥက္ကဌဦးသန်းထွန်းအေးတို့ အဖွဲ့ဟာ အိမ်တိုင်ရာရောက် အလှူငွေလက်ခံခဲ့ပါတယ်။
အခုအချိန်အထိ အမှန်တကယ်ကျွန်မတို့ ကောက်ခံရရှိထားငွေကတော့ စာရင်းမှာပါတဲ့အတိုင်း S$3300 တိတိဖြစ်ပါတယ်။ ဒါပေမယ့် ပထမအရစ်အနေနဲ့ကျွန်မတို့S$3,000 စင်ကာပူဒေါ်လာသုံးထောင် တိတိကို
ပေးအပ်လွှဲပြောင်းခဲ့ပါတယ်။
ဒုတိယအရစ်အနေနဲ့ နောက်တစ်ပတ် တနင်္ဂနွေနေ့မှာ လွှဲပြောင်းပေးအပ်နိုင်ကြပြီး မလှူဒါန်းရသေးတဲ့ မိတ်ဆွေ များ ဆက်လက် ပါဝင်လှူဒါန်းနိုင်ကြပါတယ်။
အလှူရှင်စာရင်း အလှူမှတ်တမ်းနဲ့ မှတ်တမ်းဓါတ်ပုံလေးတွေပါ ပူးတွဲဖေါ်ပြအပ်ပါတယ်။
![](http://2.bp.blogspot.com/-m8afVbxSxo4/T9TIV6_sS8I/AAAAAAAACjY/gG4mFu_jDiI/s400/s2.jpg)
အလှူရှင်များ စာရင်းမှာ AAB လို့ဖေါ်ပြထားတာတော့ ကျွန်မတို့ Blogger မောင်နှမများဖြစ်ပါတယ်။
![](http://2.bp.blogspot.com/-hRYYu6u-bzw/T9TJOilJNDI/AAAAAAAACjw/-TcbXFvRdxs/s400/eco.jpg)
ဇွန်လ ၁၀ ရက်နေ့ စင်္ကာပူ စံတော်ချိန် ညနေ ၈ နာရီအထိ ကောက်ခံရရှိထားသော အလှူငွေစာရင်း
++++
ကျွန်မကို Ph~9648 7667 ကိုဆက်သွယ်နိုင်ပြီး Account no ကတော့ POSB Saving 403 10505 8 ဖြစ် ပါတယ်။
Pay-pal နဲ့ ထည့်ဝင်ချင်သူများရှိရင်လည်း ကျွန်မဆီ အကြောင်းကြားပေးပါ။ စီစဉ်ပေးပါ့မယ်။
ဒီအချိန်မှာ သူတို့အတွက် အလိုအပ်ဆုံးနဲ့ ကျွန်မတို့ကူညီနိုင်တာက ဒါပဲရှိပါတယ်။
ကျွန်မတို့ ပိုက်ဆံတွေဟာ သူတို့လိုအပ်ချက်တွေအကုန်မပြည့်စုံနိုင်ပေမယ့် တစ်ထောင့် တစ်နေရာ အတွက်တော့ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။
ရခိုင်သူရခိုင်သားတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ အိပ်စက်နိုင်သူတွေဖြစ်ကြပါစေ။
မြန်မာပြည်ကြီး နေရာဒေသမရွေး အေးချမ်းသာယာနိုင်ပါစေ။
အိန္ဒြာ
0 comments :
Post a Comment