ဟီးသရိုးလေဆိပ်ရောက် မြန်မာဘီလူး ! ! !

Saturday, June 2, 2012


မြန်မာပြည်က လူရွှင်တော်ကြီးကိုတော့ လန်ဒန်က ပါဖွန်းမင့် မြန်မာဘီလူးကြီးက ဟီသရိုးလေဆိပ်မှာ ကြိုဆိုနေတာပါ။

လေဆိပ် လုံခြုံရေးတင်းကြပ်ထားပေမယ့် ဘယ်လိုမှ တားဆီးအရေးယူမူ မရှိပါဘူးတဲ့။ မြန်မာနိုင်ငံမှာတော့ ပါဖွန်းမင့် လုပ်တဲ့ ၇ ယောက်ကို တားမြစ်ဖမ်းဆီးမှု လုပ်ခဲ့တယ်။

ဒီလို လုံခြုံရေးကင်မရာတွေ ထောင့်ပေါင်းစုံက တင်းကြပ်ထားတဲ့ နိုင်ငံတကာလေဆိပ်ကြီးထဲမှာ ဘယ်ကလူမှန်း မသိ ခေါင်းစွပ်ကြီးစွပ်ပြီး ကြို တင်ခွင့်ပြုချက်မရှိပဲ ခုလို လူတယောက်ဝင်လာတာ၊ ဓါတ်ပုံတွေရိုက်နေတာကို ၊လူတွေက ၀ိုင်းကြည့်နေပါတယ်တဲ့။

ဒါပေမယ့် ဘယ်ပုလိပ်ကမှ လာမတားခဲ့သလို လေဆိပ်ထဲခုမှ ရောက်လာတဲ့ ဒီမြန်မာပြည်က လူရွင်တော်ကြီးကို ပြည်နှင်ဒဏ်လဲမပေးပါဘူး။ မြန်မာပြည်ရဲ့ ယဉ်ကျေးမှု အသဲနှလုံး မန္တလေးမြို့ရဲ့ အထင်ကရ ကျုံးဘေးမှာ မြင်မြင်ထင်ထင် မှာ ပါဖေါင်းမင့်အနုပညာလုပ်မိလို့ အတွေးအခေါ် ဆန်းသစ်မှုတွေရှိတဲ့ မြန်မာအနုပညာရှင် (၇)ဦး ကတော့ အမှုရင်ဆိုင် နေရပါသတဲ့။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved