ပေါက်တော ပစ်ခတ်မှု ၁၄ ဦး ဒဏ်ရာရ

Monday, June 11, 2012


ပေါက်တောမြို့ နောက်ဆုံးရသတင်းများ (ဇွန် ၁၁)

၁၆၃၀ နာရီချိန်တွင် ဘုံဝန်ချောင်းအနောက်ဝစုကျေးရွာမှ ဘင်္ဂါလီလူမျိုး (၁၈၀၀)ခန့်သည် ကပ်လျက် တည်ရှိသော ရပ်ကွက်(၄)မှ ရခိုင်တိုင်းရင်းသား (၂၀၀၀)ခန့်တို့နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။

ယင်းသို့ ထိပ်တိုက်ရင်ဆိုင်ချိန်တွင် ရပ်မိရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့သော်လည်း တား၍ မရခဲ့ပေ။ ၄င်းနောက် ၁၇၀၀ နာရီချိန်တွင် တပ်မတော်ကို အုပ်ချုပ်မှုအာဏာလွှဲပြောင်းပေးခဲ့ရာ ယင်းအုပ်စု (၂)စု အကြားတွင် တပ်မတော်မှ တံတိုင်းကာ၍ စည်းများ သတိပေးပြောကြားကာ တားမြစ်ခဲ့သည်။

သို့သော်လည်း နှစ်ဘက်စလုံးမှ နောက်မဆုတ်ဘဲ တစ်ဘက်နှင့်တစ်ဘက် မီးရှို့ထားသော ဓါတ်ဆီ ပုလင်းများ၊ ခဲများဖြင့် ပစ်ခတ်ကာ ဆက်တက်လာခဲ့သည်။ နှစ်ဘက်စလုံးအား တက်မလာဘဲ နောက်ဆုတ်ကြရန် ထပ်မဲ ပြောကြားခဲ့သော်လည်း လက်မခံဘဲ တက်လာကြသဖြင့် တပ်မတော်မှ ပစ်ခတ်ရှင်းလင်းခဲ့သည်။

ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင်း ဘင်္ဂါလီလူမျိုး ၁၀ ဦး(၁ ဦးစိုးရိမ်ရ၊ ၉ ဦး မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ရခိုင်တိုင်းရင်းသား (၄)ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။

ညွှန်း - သမ္မတရုံးအရာရှိတဦး၏ ဖေ့စ်ဘုတ် - http://www.facebook.com/hmuu.zaw

2 comments :

  1. Anonymous said... :

    ဘာမှ ပြန်မလုပ်တဲ့ ဘုန်းကြီးတွေကျတော့ သတ္တိတွေ ရှိပြပြီး ပစ်သတ်တဲ့ စစ်တပ်တွေရေ .. အရေးပေါ်အခြေအနေ ကြေငြာထားတာ ၅ယောက်ကျော်ရင် ပစ်မယ်ဆို .. ပစ်မယ်ဆိုတာ ကိုယ့်တိုင်းရင်းသားကိုယ် ပြန်ပစ်မယ် ပြောတာလားဗျာ

  1. Unknown said... :

    ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေက သေနတ်မရှိဘူးလေ
    ရိုဟင်ဂျာ ဘင်္ဂါလီတွေက သေနတ်တွေနဲ့လေ ပြီးတော့ နိုင်ငံခြားသားတွေလေ
    ဒါ့ကြောင့်ပါ ဟီး ဟီး ဟီး
    သားသား ကြောက် ကြောက်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved