မြန်မာများနားမလည်တဲ့ မြန်မာစာ
Monday, June 18, 2012
မြန်မာလို ရေးသားထားသည့် မြန်မာများ နားမလည်စေသော စနစ်တမျိုး မြန်မာနိုင်ငံတွင် ကျင့်သုံးနေပါတယ်။
10 comments :
  1. Anonymous said... :
    ဒီပိုစ်က နဲနဲ တော့ ခေတ်လွန်တာလား ခေတ်ရှေ့ ပြေးတာလားတော့ မသိ
    ဖုံး၊ သွန်၊ လဲ ၊ စစ် ဆိုတာ အထူးအဆန်း မဟုတ်ဘူး။ ခြင်နှိမ်နင်းရေး နည်း ကို ရည်ညွှန်းတာ။ ကျွန်တော်တို့ သူငယ်တန်း ၁၉၇၅-၆ လောက်ကတည်းက ပညာ ပေးလှုပ်ရှားခဲ့ တဲ့ နည်းတွေ။
    ဖုံး= ရေတိုင်ကီ ရေကန် သုံးရေ သောက်ရေ ကိုအဖုံးဖုံးပါ။
    သွန်= မလိုအပ်ပဲ ရေ၀ပ်နေတာ တွေကို သွန်ပြစ်ပါ။ အချို့ သောက် ရေအိုးအောက်မှာ ခံတဲ့ ရေအင်တုံ ဘာညာ..
    လဲ= ပန်းအိုး၊ ညောင်ရေအိုးက ရေကို မှန်မှန်လဲပေးပါ
    စစ်= ရေကို စစ်ပါ။ (ဒါက သောက်သုံးရေနဲ့ လဲ ပတ်သက်ပါတယ်။)
    ခေတ် နှောင်းမြို့ ပြသားတွေ အတွက်တော့ အထူး အဆန်းဖြစ်ချင် ဖြစ်လိမ့်မယ်။
  1. dadaoo said... :
    နှစ်၃၀ခန့် သုံးခဲ့တဲ့ စကားလုံးပါ၊ နားမလည်သူ အလွန်ဖြစ်ပါလိမ့်မယ် ။ ဂုခေတ်အြေ့ပာများတဲ့ (အလန်းတို့)(ကိုယ်တွေက)တို့ သိသလိုကို သိနေသင့်ပါတယ် ။ အမျိုးသားကျန်းမာရေး မို့ ပိုအလေးထားရမှာပါ ။ စကားလုံးဆန်းတွေ(အလန်းတို့)(ကိုယ်တွေက)အရေးမကြီးလှပါဘူး ။
    နောက်လဲ ဒီစကားလုံးတွေ x
    ဖုံး= ရေတိုင်ကီ ရေကန် သုံးရေ သောက်ရေ ကိုအဖုံးဖုံးပါ။
    သွန်= မလိုအပ်ပဲ ရေ၀ပ်နေတာ တွေကို သွန်ပြစ်ပါ။ အချို့ သောက် ရေအိုးအောက်မှာ ခံတဲ့ ရေအင်တုံ ဘာညာ..
    လဲ= ပန်းအိုး၊ ညောင်ရေအိုးက ရေကို မှန်မှန်လဲပေးပါ
    စစ်= ရေကို စစ်ပါ။ (ဒါက သောက်သုံးရေနဲ့ လဲ ပတ်သက်ပါတယ်။) တွေ့နေအုံးမျာပါ ။ သူများတွေကိုလဲလက်တို့ပေးပါ လူငယ်ဂျာနယ်လစ် ကလေးရေ ။ လွှတ်တော်ပြင်ပ အမျိုးသားရေးဆောင်ရွက်ချက်လေး ပေါ့ ။
  1. Anonymous said... :
    ကျနော်ထင်တာကတော့ သတင်းတစ်ပုဒ်လုံးမှာ ပုဒ်ထီး၊ ပုဒ်မမခြားဘဲ ၀ါကျတစ်ကြောင်းတည်းနဲ့ ရေးသွားတာကို ဆိုလိုသလားလို့...။
  1. Anonymous said... :
    သတင်းတစ်ပုဒ်လုံးကို ၀ါကျတစ်ကြောင်းတည်းနဲ့ ရေးသွားတာကို ဆိုလိုတယ် ထင်ပါတယ်..။
  1. ဧရာဝတီရေ
    ကိုယ့်စာမျက်နှာမှာကိုယ်တင်တဲ့သတင်းတွေကိုသာ
    စာလုံးပေါင်းအမှားမပါစေဘဲ တင်နိုင်အောင်ကြိုးစား
    ပေးပါဗျာ။ ကျွန်တော်တော့ ဖတ်လိုက်တာနဲ့ဘာကိုဆို
    လိုလဲဆိုတာနားလည်တာပါပဲ။ နားမလည်တဲ့လူက
    အင်း.......နားမလည်လို့ပေါ့။
  1. Anonymous said... :
    ဖုံး၊ သွန်၊ လဲ ၊ စစ် ဆိုတာ မ သိရင်တောင်၊ စာပိုဒ် ကို ဖတ် လိုက် ရင် ဘာ ကို ပြော တာလဲ ဆို တာ အဓိပါယ် ပေါက်ပါတယ်။
  1. Anonymous said... :
    အပြစ်ကို ကြည့်သူသည် အပြစ်ကို မြင်ရ၏...
  1. ဟုတ်ပါတယ်.....မောင်ဥက္ကာပြောသလိုပါပဲ။
    ကိုယ့်စာမျက်နှာက စာတွေ၊စာလုံးပေါင်းတွေကို
    သေချာစစ်ဖို့ လိုပါတယ်...။ “အိပ်ရေးပျက်ပင်ပမ်းခေါင်းမူးလို့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ရပ်လိုက်ရ (ရုပ်/သံ)” ဆိုပြီး “သစ်ထူးလွင်”မှာ တင်ထားပါတယ်။
    ဘယ်တုန်းက “ပင်ပန်း” ကနေ “ပင်ပမ်း” ဖြစ်သွားပါလိမ့်.........။
  1. anawmar said... :
    ဖုံး၊ သွန်၊ လဲ စစ် ကို သူနားမလည်တာပါ။ တနားရယ်။
  1. ဘုန်းကျော် said... :
    သတင်းစာက ခေါင်းစဉ်ပေးထားတာ အဖြတ်အတောက် အကြီးအကျယ် မှားနေတယ်လို့ ယူဆပါတယ်။ အဖြတ်အတောက်ကြောင့် အဓိပာယ် တမျိုးဖြစ်နိုင်လို့ပါ။
    ကွန်ပြူတာ စာစီတာလည်း စာရေးသလိုပဲ - ပုဒ်တချောင်းရိုက်ပြီးရင် space bar တချက် နှိပ်ပေးရတယ်၊
    "လုပ်ငန်း" နဲ့ "ဆောင်ရွက်" ကိုလည်း တဆက်တည်း မရေးသင့်ဘူး။
    သတင်းထဲ ရေးထားတာကတော့ အားနည်းချက် အပြည့်ပါပဲနော်။ ၀ါကျ ၃ ကြောင်းလောက် ခွဲရေးသင့်ပါလျက်နဲ့ တစ်ကြောင်းတည်း ပြွတ်သိပ်ရေးထားတယ်။ ခြင်ကြောင့်ဖြစ်ပွားတတ်သည့်ကူးစက်ရောဂါများ ဆိုတာကို
    ဒီလိုပြောတဲ့အတွက် ဧရာဝတီဘက်က နာတယ်လို့ မထင်နဲ့နော်။ ဧရာဝတီကဆရာတွေ သတ်ပုံမှားတာတော့ နေ့ တိုင်းပါပဲနော်။ ဧရာဝတီအင်္ဂလိပ်ပိုင်းတော့ မပြောတတ်ပါဘူး။ အင်္ဂလိပ်လို မဖတ်တတ်လို့ မဖတ်ဖြစ်ပါဘူး။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved